သူငယ်ချင်းဆီ စာမရေးဖြစ်တာတောင် သုံးလေးရက်လောက်ရှိသွားပြီ။ နေရောကောင်းရဲ့လား ကိုယ့်လူ။ ကိုယ်လဲ အခုပဲ ကိုယ့်လူကို ပြောခဲ့ဖူးတဲ့ ရေးချိုးဇလားထဲ ဆင်းစိမ်ပြီးပြန်ထွက်လာခဲ့တာ။ ချမ်းတော့ချမ်းတယ်ဗျို့။ သိတယ်မို့လား အောက်တိုဘာလဆိုတာ ဒီလိုအေးတဲ့ အင်္ဂလန်လိုနိုင်ငံမျိုးမှာ မပြောနဲ့ ကိုယ်တို့မြန်မာပြည်မှာတောင် စောင်ခြုံပြီးကွေးလို့ကောင်းတဲ့ရာသီပေါ့။ ဒီမှာတော့ တစ်နှစ်မှာ လေးလလောက်ပဲ နေမြင်ရလောက်အောင်အေးရတဲ့အထဲ အောက်တိုဘာလထဲရောက်နေပြီဆိုတော့ အအေးဒီဂရီကို စဉ်းစားသာကြည့်ပေတော့။ ဒါပေမဲ့ တစ်ကိုယ်ရေ သန့်ရှင်းဖို့ကလဲ လိုသေးတယ်မို့လား။ ဒီတော့ ရေးမချိုးလို့်လဲ မဖြစ်ပြန်ဘူးလေ။
ရေချိုးပြီးတော့ အက်စ်ပရက်ဆိုတစ်ခွက်ပျစ်ပျစ်ဖျော်သောက်လိုက်တယ်ဗျာ။ ခါးတဲ့အရသာကတော့ အခုထိ လျှာဖျားမှာ စွဲနေတုန်းပဲ။ ဒန္တီမှာဆား ၀မ်းမှာခါး ဆိုကိုးဗျာ့၊ အခုတော့ ဒန္တီမှာဆား လျှာမှာခါးဖြစ်နေပြီ။ ခက်တာက အဲဒီခါးတဲ့အရသာကိုပဲ ကြိုက်တတ်နေပြီ။ ကောင်မချောချောလေးတွေလဲ အဲဒီအက်စ်ပရက်ဆိုလို ခါးရင်တော့ ကြိုက်မိမှာပဲ ထင်ပါရဲ့။ (အတွေ့အကြုံမရှိသေးတော့ သိချင်လိုက်တာ သူငယ်ချင်းရာ။)ဒီနေ့သူငယ်ချင်းကို ကိုယ်ပြောချင်တာတွေက ဒီအကြောင်းတွေ မဟုတ်ပါဘူး။ ကိုယ်အင်္ဂလန်ကို ကျောင်းတက်ဖို့ရောက်ခဲ့တာ ကိုယ့်လူသိတယ်နော်။ အဲဒီအကြောင်းကို စပြောမယ်ဗျာ။
ကိုယ်လန်ဒန်ရောက်တာ ၂၀၀၇၊ စက်တင်ဘာ၊ ၁၃ ရက်နေ့ နော်။ မှတ်မိတယ်မို့လား။ ကိုယ့်လူမှတ်မိဖို့တော့ မလိုပါဘူး။ ကိုယ့်အတွက်ပဲအရေးကြီးတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီမှာက ကျောင်းသားဗီဇာကိုင်ထားတဲ့လူပဲဖြစ်ဖြစ်၊ အလုပ်ဗီဇာကိုင်ထားတဲ့လူပဲဖြစ်ဖြစ် ဟိုဖေါင်ဒီဖေါင် ဆိုသလို မကြာခဏဖြည့်ရတယ်ဗျာ။ အဲဒီဖေါင်တိုင်းလိုလိုထဲမှာ ကိုယ်ရောက်တဲ့နေ့ကို ဖြည့်ရလေ့ရှိတယ်။ အဲဒီတော့ အဲဒီနေ့ဟာ ဒီမှာနေနေသမျှ မမေ့အပ်သောအရာများထဲမှာ ပါဝင်သပေါ့ဗျား။ ဒီလိုပဲ စရောက်ရောက်ချင်း အိမ်လွမ်းသလိုလို၊ ကျောင်းလွမ်းသလိုလို၊ ဘာလွမ်းသလိုလို၊ ညာလွမ်းသလိုလိုနဲ့ နေရခက်တာလဲ မပြောနဲ့။
ရောက်ပြီဆိုရင်ပဲ ရွှေမြန်မာပြည်မှာ ကျန်ရစ်တဲ့ မိဘဆွေမျိုး၊ သူငယ်ချင်းတွေဆီ ချောချောမောမောရောက်တဲ့အကြောင်း ဖုန်းဆက်ရတာလဲ မောရမှန်းမသိ။ ပိုက်ဆံကုန်တာလဲ ထည့်မတွက်နိုင်ဘူး။ ကိုယ့်လူဆီဆက်တာ ပိုများမယ်ထင်တယ်။ ဒီလိုဖြစ်တာကို တစ်ခါတစ်ခါတွေးကြည့်တယ်။ ဒါဟာ လူအတော်များများ ဖြစ်တတ်တဲ့သဘောပဲ။ လူတစ်ယောက်ဆီရဲ့(Psycho)ဆိုင်ကိုကြောင့်တော့ မဟုတ်နိုင်ဘူးလို့ပေါ့။ အများလဲ ဒီလိုဖြစ်နေတာဆိုတော့ ကိုယ့်ကိုယ်ကို အားပေးရတာပေါ့။ မင်းစိတ်တွေ ပုံမှန်အတိုင်းရှိနေပါသေးတယ် မောင်မင်းကြီးသား မင်းထက်ရယ် လို့လေ။
ပြောရဦးမယ်။ အဲလိုဖုန်းဆက်တော့ ကဒ်လေးတွေ ၀ယ်ပြီးဆက်ရတာကလား။ ကိုယ်တို့ရွှေတိုင်းပြည်မှာတော့ အဲဒီအဆင့်ရောက်ဖို့ နောက်ထပ်ဘယ်နှစ်နှစ်လောက်စောင့်ရဦးမသိဘူး။ နိုင်ငံအတော်များများမှာတော့ အဲဒီစနစ်ကို သုံးကြတယ်။ သိပ်ကောင်းတဲ့ စနစ်တစ်ခုလို့ လောလောဆယ် အသိအမှတ်ပြုထားလိုက်တယ်။ ကိုယ်တို့အင်ဒီယမှာနေတုန်းကတော့ အဲလိုသုံးခဲ့တာ မမှတ်မိဘူး။ မြန်မာပြည်ဆက်ချင်ရင် ဖုန်းဆိုင်သွားပြီး ခေါ်လိုက်တာပဲ။ ကြိုက်သလောက်ပြော၊ ကျသလောက်ပေး စနစ်ပေါ့။ ဒီမှာတော့ ဖုန်းကဒ်လေးတွေလုပ်ထားတယ်။ ကိုယ်သိသလောက်ပြောရရင် ကဒ်ဈေးနှုံးက သုံးလေးမျိုးလောက်ပဲရှိတယ်။ တစ်ပေါင်တန်၊ နှစ်ပေါင်ခွဲတန်၊ ငါးပေါင်တန်၊ တစ်ဆယ်တန်။
ကဒ်အမျိုးအစား ဘယ်လောက်ရှိတယ်တော့ ကိုယ့်အထင် ဘယ်သူမှ တိတိကျကျ မပြောနိုင်လောက်ဘူး။ ဘာလို့လဲဆိုတော့ အမျိုးအစားက များရတဲ့အထဲ တော်ကြာတစ်မျိုး တော်ကြာတစ်မျိုးနဲ့ အမျိုးမျိုးထွက်နေတာလေ။ ဘာပဲပြောပြော အဲလိုအပြိုင်အဆိုင်ကြဲနေကြလို့လဲ ၀ယ်ရခြမ်းရတာ အဆင်ပိုပြေသဗျား။ ကိုယ့်နိုင်ငံနဲ့သင့်တော်မယ်ထင်တဲ့ကဒ်ကို ၀ယ်ဆက်ရုံပဲ။ ရောက်စတုန်းကတော့ ဆက်ကောင်းကောင်းနဲ့ ဆက်လိုက်တာ တစ်လအတွင်း ကျပ်ငွေ တစ်သိန်းခွဲနှစ်သိန်းလောက်နီးပါး လျှောကနဲထွက်သွားတယ်။ အခုတော့ ပါးသွားပြီ။
(၁)မကြာမကြာဆက်ပေးရမယ့်လူတွေ၊
(၂)တစ်လတစ်ခါလောက်ဆက်ပေးရမယ့်လူတွေ၊
(၃)သတိရတဲ့အခါမှ ကောက်ဆက်ရမယ့်လူတွေ၊
(၄)အရေးပေါ်မှ ထဆက်ရမယ့်လူတွေ၊
(၅)လိုအပ်တဲ့အခါမှ ဆက်ရမယ့်လူတွေ၊ ဆိုပြီးတော့ အုပ်စု ငါးခုခွဲထားလိုက်တယ်။ ဖုန်းခသက်သာအောင်လို့ပါ ကိုယ့်လူရာ။
Josh Groban – You Raise Me Up (ပါဠိversion)
-
You Raise Me UpJosh Grobanပါဠိဘာသာပြန် – နတ္ထိ (Gold Edition) Song
Writer(s): Brendan Graham, Rolf U. Lovland .
2 days ago
1 comment:
hha a:P
ao crazy bro
no need lar
dont call them ok
save money and send money to me i am ur yanger sis lay
hahah:D
ok
Post a Comment