လွမ်းရအောင် သူဖန်၊
တစ်ယူသန် ဆုံးဖြတ်ချက်တွေနဲ့၊
အခက်ပွေအောင် အမှုဆင်တော့၊
အခုရင်မှာ နာကျင်၊
သခင် သိလေဘူ့။
အမုန်းမာန်တွေဆင်၊
ပြုံးဟန်ကို တမင်ရှောင်တော့၊
ပူလောင်တဲ့ အသဲမှာ၊
ငရဲပြာ ဖုံးသလို၊
တနုံးနုံး တခွေခွေနဲ့၊
တပေပေ အနေခက်ပါပေါ့။
သုဘဒ္ဒါ အမုန်းမာန်မျိုးတွေနဲ့၊
ငြှိုးရန်သူ ထင်လေရော့သလား၊
ချို့ယွင်းချက် အနည်းငယ်ကြောင့်၊
အသက်ကို ရန်ရှာရတဲ့ အထိ၊
ရက်စက်မယ် သူကြံ။
တစ်ယူသန် မုန်းမာန်တင်းပါလို့၊
အရှင့်ကို ရန်သူမှတ်လေပေါ့၊
သောနုတ္တရ် မစေပါနဲ့၊
မေ့အတွက်ဆို ကိုယ်တိုင်ချိုးပါလို့၊
စွယ်နှစ်ဆူ နှုတ်ယူပေးလိုက်မယ်၊
အသက်သေစေတော့။
အခက်တွေ ပြေလျော့စေဖို့၊
သခင်သာ ငြှိုးမာန် ချလေမှ၊
ဝေဒနာဖြေရာ ရလိမ့်မယ်၊
သခင်ရယ်----၊
မာန်စွယ်အစိမ်း၊
ထိမ်းချုပ်ကာ၊ သိမ်းရုတ်ပါတော့။
🏠 အိမ်ရှင်မဘဝ ၆ နှစ် Gap ကို Local Experience နဲ့ ဘယ်လို အစားထိုးမလဲ
-
၆ နှစ်လောက် အလုပ်နားထားတဲ့ Gap ရှိနေတော့ CV ထဲမှာ ဘာရေးရမလဲလို့ အားလုံး
သိချင်ကြမှာပါ။ ကျွန်မကတော့ စင်္ကာပူမှာ လုပ်ခဲ့တဲ့ အတွေ့အကြုံတွေထဲက
ကိုယ်လျှော...
1 month ago
No comments:
Post a Comment