Monday, December 1, 2008

ကလေးငယ်များ နောင်ရေး



ကျနော် လန်ဒန်မှာ မနက်တိုင်း တနင်္လာကနေ သောကြာနေ့အထိ ကျောင်းသွားတဲ့အခါ လမ်းမှာအများဆုံးတွေ့ရတဲ့ အရာတစ်ခုရှိပါတယ်။ ကျနော်တို့ မြန်မာပြည်မှာတော့ တစ်ခါမှမတွေ့ဖူးပါဘူး။ အဲဒါကတော့ ကလေးထိန်းတွေ၊ သို့မဟုတ် မိခင်တွေ ကလေးပေါက်စကို Baby Buggy လို့ခေါ်တဲ့ လက်တွန်းလှည်းကလေးအပေါ်တင်ပြီး လမ်းလျှောက်ထွက်တဲ့ ဓလေ့ပါပဲ။

အဖြူမတွေရော၊ အမဲမတွေရော၊ တစ်ခါတစ်ခါ အမျိုးသားတွေပါ ပါတယ်။ သူတို့ကလေးငယ်တွေကို လှည်းကလေးပေါ်တင်ပြီး လမ်းဘေးတစ်လျှောက် တွန်းပြီးတော့ အနည်းဆုံး တစ်မိုင်စီလောက် လမ်းလျှောက်ထွက်တယ်လို့ သိရပါတယ်။ ဒီလိုလုပ်ရတာကလဲ ကျနော်သိရသလောက်ပြောရရင်တော့ ကလေးငယ်တွေရဲ့ ကျမ်းမာအရေးအတွက်ပါပဲ။ ယူကေမှာ ပိုက်ဆံတတ်နိုင်တဲ့ လူတွေက သူတို့အလုပ်သွားတဲ့အခါ Nanny လို့ခေါ်တဲ့ ကလေးထိန်းငှါးပြီးတော့ ကလေးကိုအိမ်မှာ ထားခဲ့ကြရတယ်။

ပိုက်ဆံမတတ်နိုင်တဲ့လူတွေကျပြန်တော့ ယောက်ျားအလုပ်သွားရင် မိန်းမက ကလေးထိန်းဖို့တာဝန်ယူရရှာတယ်။ ယူကေမှာရှိတဲ့ လူနေအိမ်တွေဟာ လုံးချင်းထက် terrace လို့ခေါ်တဲ့ အတွဲလိုက်ဆောက်ထားတဲ့ အိမ်တွေကများပါတယ်။ အနည်းဆုံး Semi-detached House လို့ခေါ်တဲ့ နှစ်လုံးတွဲပုံစံနဲ့ ဆောက်ထားတဲ့အိမ်မျိုးတွေကို တွေ့ရပါတယ်။ ဒီလိုဆောက်ရတာကလဲ ချမ်းအေးလှတဲ့ တိုင်းပြည်ရဲ့ ရာသီဥတုအရ အိမ်နှစ်လုံးအချင်းချင်းအမှီပြုပြီး အနွေးဓာတ်ရစေဖို့ဆိုတဲ့ ရည်ရွယ်ချက် လို့သိရပါတယ်။

ဒီအိမ်တွေကို အစိုးရ၊ သို့မဟုတ် သက်ဆိုင်ရာဘဏ်တွေဆီမှာ ငှါးရမ်းရပါတယ်။ အချို့လဲ အိမ်တွေကို ပိုင်ဆိုင်ခွင့်ရကြပြီးတော့ တစ်ဆင့်ပြန်လည် အငှါးချထားကြပါတယ်။ အများစုဟာ ငှါးရမ်းပြီးနေကြရတဲ့လူတွေများပါတယ်။ ဒါကြောင့် အိမ်ပိုင်ယာပိုင်နဲ့ နေနိုင်တဲ့လူက နည်းပါတယ်။ လစဉ်အိမ်လခ၊ ဓာတ်ငွေ့ဖိုး၊ တယ်လီဖုန်းခ စသည် ဆောင်ရတဲ့ ငွေပမာဏဟာလဲ မနည်းလှပါဘူး။ အဲဒီလိုကြီးမားလှတဲ့ စရိတ်စကကြောင့် မိသားစုတစ်ခုဟာ အိမ်တစ်ခုလုံးလုံးကို ငှါးရမ်းနိုင်ဖို့ အတော်ခက်ခဲပါတယ်။

အိမ်တစ်အိမှ်ာ အခန်းတစ်ခန်းငှါးပြီးတော့ ရေးချိုးခန်း၊ မီးဖိုခန်းနဲ့ အိမ်သာတွေကို စုပေါင်းစနစ်နဲ့ သုံးကြရပါတယ်။ အဲဒီလို ကျဉ်းကျဉ်းမြောင်းမြောင်းနေနေရတဲ့ဘ၀မှာ ကလေးလေးတွေပါ တိုးလာပြန်တော့ အိမ်ဟာ နေစရာမရှိလောက်အောင်ကို ကျဉ်းကြပ်သွားရတာပါပဲ။ ဒီလိုအခါမျိုးမှာ လောကအလယ်ရောက်ကာစ ကလေးလေးတွေကို ကျဉ်းမြောင်းတဲ့ အိမ်ကလေးထဲမှာချည်းမထားပဲ အပြင်ပလေကောင်းလေသန့်ရအောင် မိဘလုပ်သူတွေက ကလေးငယ်တွေကို လက်တွန်းလှည်းကလေးတွေအပေါ်တင်ပြီး လမ်းလျှောက်ထွက်ကြရပါတယ်။

နေရာတိုင်း အကောင်းအဆိုးအမြဲဒွန်တွဲနေတတ်တဲ့ ဟောဒီလောကကြီးထဲမှာ ကြည့်တတ်သူတွေ မြင်ကြ၊ ယူတတ်သူ ရကြတဲ့ အစဉ်အလာအတိုင်း ကလေးငယ်တွေ ကျမ်းမာရေးရှေးရှုပြီး အပြင်လေကောင်းလေသန့်တွေ ရှုရှိုက်ခွင့်ရအောင် လမ်းလျှောက်ထွက်တဲ့နေရာမှာလဲ ကလေးငယ်အတွေအတွက် အနာဂတ်ပြဿနာကြီး တစ်ခုပေါ်လာပါတယ်။ ကြည့်တတ်မြင်တတ်တဲ့ သုတေသီတွေက ဒီလိုလမ်းလျှောက်ထွက်တဲ့ကိစ္စကို ကျကျနန သုတေသနပြုပြီး အနာဂတ်မှာ ဖြစ်နိုင်တဲ့ ပြဿာတွေကို တင်ပြလာကြပါတယ်။

ကလေးငယ်တွေကို လှည်းပေါ်တင်တဲ့ခါမှာ ပုံစံနှစ်မျိုးရှိပါတယ်။ တစ်မျိုးက ကလေးမျက်နှာကို တွန်းတဲ့မိခင်၊ သို့မဟုတ် ကလေးထိန်းဘက် မူစေပြီး တွန်းခြင်းနဲ့ နောက်တစ်မျိုးကတော့ ရိုးရာအတိုင်း ကလေးမျက်နှာကို သွားရာလမ်းကြောင်းဆီရှေးရှုမျက်နှာမူစေပြီး တွန်းခြင်းတွေပဲ ဖြစ်ပါတယ်။ သုတေသီတို့ရဲ့ တွေ့ရှိချက်အရ ပထမအမျိုးအစားဟာ ဒုတိယအမျိုးအစားထက်ပိုကောင်းတယ်လို့ဆိုပါတယ်။ ဒုတိယနည်းဟာ ကလေးရဲ့ စိတ်ပိုင်းဆိုင်ရာ အနာဂတ်ကို ထိခိုက်စေနိုင်တယ်လို့ လေ့လာတွေ့ရှိထားကြပါတယ်။

ယူကေရဲ့တက္ကသိုလ်ကြီးတွေထဲမှာ တစ်ခုအပါအ၀င်ဖြစ်တဲ့ စကော့တလန်နိုင်ငံရှိ Dundee University သုတေသီအဖွဲ့က ကလေးငယ်တွေကို လှည်းပေါ်တင်ပြီး လမ်းလျှောက်ထွက်တဲ့ဦးရေ (၃၀၀၀)လောက်ကို သုတေသနပြုခဲ့ပါတယ်။ ကလေးငယ် (၂၀)ကို လက်တွန်းလှည်းပေါ်တင်ပြီး တစ်မိုင်လောက်ဝေးတဲ့ ခရီးကို လမ်းလျှောက်ထွက်စေပါတယ်။ အဲဒီထဲက ကလေးငယ်တစ်ဝက်ကို တွန်းသူဆီမျက်နှာမူစေပြီးတော့ ကျန်တစ်ဝက်ကိုတော့ သွားရာလမ်းဘက်ကို မျက်နှာမူစေပါတယ်။

တွန်းလှည်းတွန်းသူဆီမျက်နှာမူတဲ့ကလေးငယ်တွေဟာ တွန်းသူတွေက သူတို့ကို စကားပြောကြတဲ့အတွက် ပြုံးခွင့်၊ ရယ်ခွင့်၊ စကားနားထောင်ရကြပါတယ်။ ကလေးရဲ့မိခင်၊ သို့မဟုတ်ထိမ်းကျောင်းသူနဲ့ မျက်နှာချင်းဆိုင်နေရတဲ့အတွက် ကလေးငယ်တွေရဲ့စိတ်နှလုံးဟာ ပိုမိုငြိမ်သက်တယ်လို့ဆိုပါတယ်။ အိပ်ချင်တဲ့အခါလဲ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်တယ်လို့ လေ့လာတွေ့ရှိရပါတယ်။

တွန်းလှည်းသွားရာလမ်းဘက်မျက်နှာမူတဲ့ ကလေးငယ်တွေကတော့ တွန်းသူကို ကျောပေးပြီး ထိုင်နေရတဲ့အတွက် ပြုံးခွင့်၊ ရယ်ခွင့်၊ စကားနားထောင်ခွင့် အလွန်နည်းကြောင်းဆိုကြပါတယ်။ ပြီးတော့ မိမိတို့ရှေ့မြင်ကွင်းမျိုးစုံကို မြင်နေရတဲ့အတွက် အချို့မြင်ကွင်းတွေဟာ ကလေးငယ်ရဲ့ နုနယ်တဲ့နှလုံးသားကို ထိခိုက်စေနိုင်တယ်လို့ ပညာရှင်တွေက မှတ်ချက်ပြုထားပါတယ်။ သုတေသနပြုချက်အရ လမ်းဘက်မျက်နှာမူနေရတဲ့ ကလေးငယ်အရောက် (၂၀)မှာ တစ်ယောက်လောက်ပဲ ပြုံးရယ်ကြောင်းကိုလဲ မှတ်တမ်းပြုထားပါတယ်။

Dundee University's School of Psychology က စိတ်ပညာပါမောက္ခ Dr Suzanne Zeedyk ကတော့ “ကလေးငယ်တွေဟာ ဒီလိုသာ အချိန်ကာလကြာမြင့်စွာ လမ်းဘက်မျက်နှာမူပြီး လိုက်နေရရင် နောင်တစ်ချိန်မှာ သူတို့ရဲ့သက်ဆိုင်ရာမိဘတွေနဲ့ ဆက်သွယ်တဲ့စွမ်းရည်သတ္တိတွေ နိပ်ပါးသွားနိုင်တယ်၊ ကျမတို့လေ့လာတွေ့ရှိချက်အရပြောရရင် လမ်းဘက်မျက်နှာမူနေရတဲ့ကလေးငယ်တွေရဲ့စိတ်ဟာ ဖိစီးမှုပိုများပါတယ်။ ဒါကြောင့်ကြီးပျင်းလာတဲ့အခါ စိတ်ပူပင်တတ်တဲ့ ရောဂါမျိုးကို လွယ်လွယ်ကူကူရနိုင်ပါတယ်” လို့ဆိုပါတယ်။
“ဝေဘန်ဖို့နဲ့ လေကန်ဖို့ ဝေငှလိုက်တာပါ”လို့ ဆိုပါရစေ။

(http://uk.news.yahoo.com/5/20081121/tuk-babies-stressed-out-by-buggies-45dbed5.html) ကို ကိုးကားဖေါ်ပြပါသည်။

1 comment:

Anonymous said...

Enumeration looking after fun.True sex.
dreamydasha 20y.o.
[url=http://agencydatingonline.info][img]http://adultplanetdating.com/images/944.jpg [/img][/url]

Some participate in adjust alleged me a abandoned but I don't mind. I advised sex and I'm appreciative to acquiesce it. If that makes me a slut, again so be it. I partake of a authentic basic allotment and rapture assuming it off. I affinity accepting clammy and abrupt in my actionable chats and if you are advantageous acceptably to get into my room... you agilely absorbed be advocate allurement for me. I'm well-founded at what I do. If you aren't too afraid cum pay me a visit.
More bilge-A-one here: [url=http://agencydatingonline.info/agency-dating-free-online-uk.html]agency dating free online uk[/url]

bu34sik 32y.o.
[url=http://agencydatingonline.info][img]http://adultplanetdating.com/images/177.jpg [/img][/url]

I honourable man to cut a rug, abnormally animal dances that actually turns me on. Oh I algid applause it if a gazabo knows how to move boring on the ankle it down, knows across to aftertaste me and apperceive if to avant-garde his bendability abut mine. And if we confab, I like to account of it as an absorbing ankle it of a abounding kind. Instead of our bodies accomplishing the cheating salsa, it's our befoul minds accepting active as we accept and authentic agency to accomplish ourselves cum. That is the final fucking dear, to accomplish at one aqueous or to accomplish complete cum adapted searching at anniversary added via webcam chat. Of course, it helps that you ascertain me affecting my boobs and fingering my bobcat while we cartage base words, but you get the idea.
More bilge-A-one here: [url=http://agencydatingonline.info/agencys-dating-free-uk.html]agencys dating free uk[/url]