Thursday, September 10, 2009

တစ်ခါက သူ့စကား


မမြင်အောင်ပြု လျှစ်လျူရှုရက်ပေမဲ့
ရင်မှာစု ချစ်တာသမုဒယအခဲတွေနဲ့
အသည်းမှာစွဲနေမိပြီမို့
အမြဲပဲချစ်နေချင်တယ် ကိုရယ်။

ကို့နှလုံးသား အထက်မှာ
အမုန်းတရားဖက်ကာ စွဲနေရော့သလား
အရှုံးသမားမေ့ကို လှည့်မကြည့်ပေမဲ့
အမျက်မရှိတဲ့ အသည်းမှာတော့
စွဲလာတဲ့ ဝေဒနာများရယ်ကြောင့်
အစဉ်လွမ်းလို့သာ ထင်ယောင်
မမြင်အောင် ကွယ်ဟန်ပြုပေမဲ့
မကြဉ်ပေါင် ဆယ်ပြန်မှုပါဘု
ခုလိုပဲ ချစ်နေမယ်။

အပြစ်တွေ ရှိနေသေးရင်လဲ
အချစ်မွေ ကတိတွေထားစဉ်က
နားဝင်တဲ့ အမှန်စကား
ပြန်ကြားပါ ကိုရယ်။

ခံစားတာ မေ့အတွက် အဆန်းပေမဲ့
အမှန်တရားကိုတော့ သစ္စာပြုချင်ရဲ့
မေတ္တာအတု မဟုတ်ပါ ကို။

သရုပ်ဆောင်အပြုံးတွေနဲ့
အမုန်းဝေတဲ့ ကို့အသည်းရယ်ကြောင့်
ငရဲသို့ မေ့ရင်မှာပူ
ကြင်နာသူ မသိရော့သလား။

သတိတော့ ထားပါ ကို
အသိလျှော့ ပေါ့မသွားလိုက်ပါနဲ့
မပြတ်သားတဲ့ သံယောဇဉ်ရယ်ကြောင့်
အမှန်ပဲ ပြောပါရစေနော်
“ကိုကိုသာ စိမ်းမာန်ချလေမှ
ဝေဒနာ ဖြေရာရလိမ့်မယ်
မာန်စွယ်အစိမ်း
ထိမ်းချုပ်ကာ
သိမ်းရုပ်ပါတော့”။


4 comments:

မြတ်လေးငုံ said...

ကိုမင်းထက် ကဗျာ လာဖတ်သွားတယ် ။
အသစ်တင်တိုင်းပြောနော်။

လေးစားလျှက်
မြတ်လေးငုံ

မသက်ဇင် said...

အလင်းတန်းရေ
အလုပ်များနေတာကြောင့်ဘလောဂ့်မရေးဖြစ်တာပါ။
စာဖတ်သူတွေကိုအားနာနေမိတယ်။
ကဗျာတွေလာဖတ်သွားတယ်နော်
ကဗျာတွေကောင်းတယ်
ခင်မင်စွာဖြင့်

မြတ်လေးငုံ said...

ကျမ ကဗျာလာဖတ်သွားပါတယ်။အားပေးမယ်နော်။

လေးစားစွာဖြင့်
မြတ်လေးငုံ

MDW said...

မောင်စိန်ဝင်း (ပုတီးကုန်း) ရဲ့ ကဗျာဖတ်နေရသလိုပဲ။
ကောင်းလိုက်တာ။
ကိုမင်းထက်တယောက် တခါကသူ့စကားလေးတွေကို လွမ်းနေတယ်ထင်ပါ့။
မိန်းကလေးက အဲလောက်ပြောနေတာတောင် ကိုမင်းထက်က မူခဲ့တာလား .... ဟင် ... :)