Thursday, September 10, 2009

အပေးအယူ


သူကြင်မှ ကိုယ်ကြင်
ဘလောဂ်ရွာလည်သည့်ပွဲ
ကောင်းတဲ့ဖြစ်အင်
ကိုယ်နားလျှင် သူမလာ
သူနားလျှင် ကိုယ်ကဝေး
ဘလောဂ်ရွာလည်သည့်ထုံး
ပြုံးမိချည်သေး။


4 comments:

Anonymous said...

Give & Take
Take & Give
တူတူပဲနော်.. :D

mabaydar said...

မှန်လိုက်လေ... အဲဒါကြောင့် မဗေဒါလဲ သိပ်တောင် မလည်ဖြစ်တော့ဘူး... ကိုယ့်စာကို တကယ်လာဖတ်တဲ့သူဘယ်နှယောက်ရှိလဲလို့... အဟဲ.. ဒီတော့တစ်ယောက်မှကို မရှိတော့တာ.. အဟီး...

မေဓာဝီ said...

အပေးအယူ
တွေးပူကာ အယူမလွဲပါနဲ့
လူပဲလေ တခါတလေတော့
ဘလော့ရွာ မလည်ပတ်နိုင်လို့
တကယ်ဖတ်ကာ မှတ်ချက်ရေးချင်ငြား
အချိန်အား ရှားနည်းလှတာမို့
အားခဲကာ အမြန်ဖတ်ရတယ်
*မန့်ဖို့ ခက်သေး။

(မန့်ဖိုး = ကွန်မန့်ရေးဖို့)

kiki said...

ပေးသူ ၊ယူသူ ၊ လွန်ကြည်ဖြူ ၊
မယူ မပေး နှလုံးအေး ၊။

ဘလောဂ် တကာ ငေးပါလို့ 
အိပ်ပျက်လှသေး ...။

ဟေးဟေးဟေး

(ဝင် ပေါ သွား ပါ ၏ )