Wednesday, September 23, 2009

ငါနဲ့ အိပ်မပျော်သော ညများ




မတွေ့ မမြင်ရပေမဲ့
စိတ်အစဉ်က သူ့ဆီမှာ
အရိပ်လို ရစ်ဝဲ
ချစ်ပဲ ချစ်တတ်လွန်းတယ်ထင့်။

အပြစ်ပဲ ပြောလေမလား
အသစ်လဲ ထပ်မရှာလိုတော့
တစ်ချစ်ထဲပဲ ချစ်မယ်
ဒါပေမဲ့
တစ်ရစ်ထဲပတ်မယ့်နွယ်လို့တော့ မမှတ်ပါနဲ့
အစစ်အသည်းနဲ့ အတူ
အချစ်မြဲမယ့် သူရယ်ပါ။

မူကြွယ်ကာ ဟန်မလုပ်တတ်သူမို့
အပူသည် ငါတစ်ယောက်ကိုဖြင့်
တစ်ခါလောက်တော့ ကြည့်လှည့်ပါ
အသိခက်တာမှ ဟုတ်ပဲ။

အတိတ်ရဲ့ လွှမ်းမိုးမှုတွေကြောင့်
အအိပ်ပျက်ညများနဲ့ ငါ
မိတ်ဖွဲ့ရပေါင်းလဲ များခဲ့ပြီ။

မှားခဲ့သည်လား?
အသေချာ စဉ်းစားကြည့်တော့
မရေရာခြင်း တရားတွေနဲ့
အဖြေမှာ မသဲကွဲ
အလွဲလွဲ အချော်ချော်
ဒီတစ်ညလဲ အိပ်ပျော်မှာ မဟုတ်ပြန်ဘူး ချစ်သူရယ်။

3 comments:

ကိုရင်နော်ခင်လေးငယ် said...

ကဗျာချိုချိုလေးက လှလိုက်တာ..

ဒို့များလည်း အိပ်မပျော်ညတွေ များနေတယ်..

ခင်မင်လေးစားချစ်ခြင်းအားဖြင့်..

kiki said...

သားသားမင်းထက် တယောက်လည်း
အချစ်တွက်ကြောင့် အိပ်မပျော် ဖြစ်နေရရှာပါလား

ဒိုင်ယာဇီပန် တောင် မတိုးတော့ဘူးထင်ပါရဲ့ ...
5 mg ၊ တလုံး နဲ့မရရင် နှစ်လုံးတိုးသောက်ပါ ။
ဒါနဲ့ မှ မရသေးရင် ဇိုပီဒမ် ပါတွဲသောက်ပါ ။
ဒါမှ မဟုတ် ဆြာဝန် ပြပါ ။

စိမ်း... said...

ချစ်စရာလေး... ကဗျာလေးက