Tuesday, November 11, 2008

ဒီဇင်ဘာအလွမ်း


ဟိုအရင်နှစ်တွေက၊
နှင်းခရက်တွေ၊
ဆွတ်ဖြူဖြူ နှင်းမြူတော၊
ပြေးဆော့ခဲ့ပေ။

တို့တတွေ၊
ငယ်စဉ်က အချိန်လေး၊
ဆောင်းရာသီ ဒီဇင်လမှာ၊
ပျော်ခဲ့ကြသေး။

ဒီနှစ် ဒီအချိန်၊
ဒီရာသီ ရောက်လှမ်း၊
နှင်းဝေမယ် မျှော်မှန်းလို့၊
အပျင်းပြေမယ် ယော်ရမ်းလို့၊
ဒီဇင်ဘာ လာရာလမ်းကို၊
စိတ်ကူးနဲ့လွမ်း။

(ဒီဇင်ဘာအတွက် အမှတ်တရ)

No comments: