Thursday, April 30, 2009

Swine Flu ကူးစက်ပုံအဆင့်ဆင့်

ယနေ့ခေတ်စားနေတဲ့ Swine Flu ခေါ်ရောဂါဆန်းတစ်မျိုးအကြောင်းကို တစ်ကမ္ဘာလုံးသဲသဲလှုပ်ကြေညာ အသိပေးနှိုးဆော်နေတာကြောင့် အများသူငါ သိပြီးကြားပြီးကြပါပြီ။ ဘယ်ကဘယ်လို စဖြစ်လာသလဲဆိုတာ အခုထက်ထိ ဂဂနန မသိရသေးကြောင်း သတင်းများက ဆိုပါတယ်။ မက်ခ်စီကိုမှာ ဒီရောဂါစတွေ့ရတယ် လို့ယူဆရတဲ့ကလေးငယ်တစ်ယောက်ကတော့ အခုထက်ထိ အသက်ရှင်နေဆဲဖြစ်ပြီး တခြားလူတွေသာ သေကြောင်းကျေကြောင်း ကြားသိနေရပါတယ်။

ဒီရောဂါကူးစက်ပုံကို Phase ခေါ်အဆင့်ခြောက်ဆင့်နဲ့ WHO ကမ္ဘာ့ကျမ်းမာရေးအဖွဲ့ကြီးက သတ်မှတ်ပါတယ်။ ကျနော်တို့မြန်မာစာဖတ်ပရိတ်သတ်များအတွက် ဗဟုဿုတပွါးနိုင်အောင် အဲဒီအဆင့်ခြောက်ဆင့်ကို ရုပ်ပုံများနှင့်တကွ ရှာဖွေတင်ပြပေးလိုက်ပါတယ်။

(၁) Phase One;
A virus circulates among animals but has not infected humans.

ဒီအဆင့်မှာ ရောဂါပိုးဟာ တိရစ္ဆာန်အချင်းချင်းပဲ ကူးစက်ပျံ့နှံ့နေပါသေးတယ်။ လူတွေဆီမရောက်သေးပါဘူး။

(၂) Phase Two;
Animal flu virus has known to have infected humans and is considered a potential pandemic threat.

ဒီဒုတိယအဆင့်မှာတော့ တိရစ္ဆာန်တွေမှာကူးစက်နေတဲ့ ရောဂါပိုးဟာ လူတွေဆီ စတင်ကူးစက်လာနေပါပြီ။ ဒါကြောင့် ကူးစက်ရောဂါအဖြစ်ချိန်းချောက်နိုင်တဲ့အလားအလာရှိကြောင်း ယူဆလို့ရတဲ့ အနေအထားမှာရှိပါတယ်။



(3) Phase Three;
A small outbreak of an animal or human-animal virus in humans. The level of human-to-human transmission is not sufficient enough to sustain community-level outbreaks.

တိရစ္ဆာန်အချင်းချင်းကူးစက်ရောဂါပိုး၊ သို့မဟုတ် တိရစ္ဆာန်မှလူဆီကူးစက်ရောဂါပိုးဟာ လူတွေအကြား အတန်ငယ်ဖြစ်ပွါးနေတဲ့ အဆင့်ပါ။ ဒီလူအချင်းချင်းကူးစက်နေပုံဟာ အားချိနေသေးတဲ့အတွက် လူထုကြီးတစ်ရပ်လုံးမှာဖြစ်ပွါးတဲ့အဆင့်အနေနဲ့ မသတ်မှတ်နိုင်သေးပါဘူး။


(4) Phase Four;
A significant increase in the risk of a pandemic. Affected countries should impose trade and travel restrictions and consider deploying a vaccines although one is not available in this case. This case still offers the possibility of isolating affected areas.

ကူးစက်ရောဂါအန္တရယ်အတော်ကြီးထွားလာတဲ့ အခြေအနေပါ။ ရောဂါဖြစ်ပွါးနေပြီဖြစ်တဲ့နိုင်ငံတွေဟာ ကုန်သွယ်နဲ့သွားလာရေးကိစ္စတွေကို ထိမ်းချုပ်ပြီး သက်ဆိုင်ရာကုသရေးဆေးဝါးတွေကို အဆင်သင်ပြင်ဆင်ထားဖို့လိုအပ်နေပါပြီ။ ဒီအဆင့်မှာတော့ လူအများစုမနေတဲ့ဒေသတွေမှာ အုပ်စုတစ်ခုအတွင်း ရောဂါဖြစ်ပွါးနေမှုကို ဆိုလိုပါတယ်။


(5) Phase Five;
Pandemic is "imminent". Affected countries are required to advise people with respiratory illnesses should prepare to suspend classes or meetings.

မကြာမီကူးစက်ရောဂါအကြီးအကျယ်ဖြစ်တော့မည့် အနေအထားဖြစ်ပါတယ်။ ရောဂါဖြစ်ပွါးနေတဲ့နိုင်ငံတွေဟာ အသက်ရှူမှုနဲ့ပတ်သက်တဲ့ဝေဒနာရှိသူတွေကို အတန်းတွေ၊ အစည်းအဝေးတွေမတက်ဖို့ရာ အကြံပေးကြဖို့ လိုအပ်နေပါပြီ။


(6) Phase Six;
Sustained transmission of a virus between humans in several countries. Contingency plans for health systems at all levels should be implemented.

နိုင်ငံအတော်များများမှာ လူထုအတွင်းရောဂါကူးစက်ပျံ့နေပါပြီ။ ကျမ်းမာရေးဆိုင်ရာနည်းစနစ်တွေအတွက် ဖြစ်နိုင်သမျှအစီအမံတွေကို ရနိုင်သမျှချမှတ် အကောင်အထည်ဖေါ်ရတော့မှာဖြစ်ပါတယ်။


အခုလက်ရှိအခြေအနေမှာတော့ မနေ့ကကျင်းပတဲ့ ဂျီနီဗာအစည်းအဝေးမှာ WHO အဖွဲ့ကြီးမှ အကြီးအကဲဖြစ်သူ ညွှန်ကြားရေးမှုးချုပ် ဒေါက်တာမာဂရက်ချမ်းက အထက်ပါ အဆင့်ခြောက်ဆင့်အနက် အဆင့် (၅)ကို ကမ္ဘာသို့ သတ်မှတ်ကြေညာလိုက်ပါပြီ။ ဒေါက်တာမာရရက်ချမ်းရဲ့ အောက်ပါ ကျေညာချက်ကို နားဆင်ကြည့်ပါ။



အဲဒီတော့ အချိန်မီမကာကွယ်နိုင်ဘူးဆိုရင် မကြာမီသောကာလမှာ နောက်ဆုံးအဆင့်ဖြစ်တဲ့ အဆင့် (၆)သို့ ရောက်လာမှာ ဧကန်ပါပဲ။ မိမိဆီတိုက်ရိုက်ရောက်မလာခင် လုပ်သင့်လုပ်ထိုက်တဲ့ ကြိုတင်ကာကွယ်မှုတွေ ပြုလုပ်ထားကြပါရန် ထပ်မံ အထူးတိုက်တွန်း နှိုးဆော်လိုက်ရပါသည်။
အရောဂါ ဟောန္တု=ရောဂါခပ်သိမ်း ကင်းဝေးကြပါစေကုန်သောဝ်။

2 comments:

kiki said...

ကိုမင်းထက်ရေ ။ရောဂါ ပြန်ပွားပုံနဲ့ အဆင့် အလိုက်ခွဲခြားထားပုံတွေ ကို အားလုံးနားလည်အောင် ရှင်းလင်းတင်ပြပေးထားတာ အလွန်ကောင်းပါတယ်။ အမတောင် ဒီလို Preventive & Social Medicine နဲ့ ပတ်သက်ပြီး သေချာရှင်းမပြတတ်သေးဘူးလေ ။ ဟိုဟိုဒီဒီလည်း ရှာဖွေဖို့ ဟာက အချိန်သိပ်မပေးနိုင်တာရော ။ အပျင်းထူ နေတာတွေရော ..ဟိုရော ဒီရော အကြောင်းတွေနဲ့ မို့ လေ ။ ဒီလို ဗဟုသုတ တွေပေးတဲ့ ဆိုဒ်လေးတွေ ဖတ်ရ တာ အကျိုးရှိတယ်။
ရွှင်လန်းချမ်းမြေ့ ပါစေနော် ။

မြစ်ကျိုးအင်း said...

လုပ်နိင်စွမ်းရှိသလောက် ဖော်ပြပေးထားတာ အင်မတန် ကောင်းမွန်ပါတယ်..
စေတနာကိုလည်းမြင်နိင်ပါတယ်..
တန်ဘိုးရှိတဲ့ ပို့စ်လေးပါ..
...ခင်မင်သောအားဖြင့်...