Thursday, February 5, 2009

IT ရဲ့ဘေးထွက်ဆိုးကျိုး


သိပံ္ပပညာရဲ့ ပြယုဂ်တစ်ခုဖြစ်တဲ့IT (Information Technology) ရဲ့ကျေးဇူးကြောင့် ကျနော်တို့ရဲ့ ယနေ့ကမ္ဘာဟာ ကမ္ဘာကြီးအဖြစ်ကနေ ကမ္ဘာလေးအဖြစ်သို့ တစ်ခဏချင်းပြောင်းလဲသွားတာ အားလုံးသိပြီးသားဖြစ်ပါတယ်။ ဒါကိုပဲ Global Village, ကမ္ဘာ့ရွာဆိုပြီး တင်စားခေါ်ဝေါ်နေကြပါပြီ။ တစ်နေရာကနေပြီး အခြားတစ်နေရာအကြောင်းကို သိချင်တယ်ဆိုရင် ဟိုးရှေးရှေးတုန်းကလို လှည်းတစ်တန်၊ မြင်းတစ်တန်သွားပြီး ရက်လရှည်ကြာ စုံစမ်းနေဖို့လဲ မလိုတော့ဘူး။ ခလုပ်ပေါ်လက်တင်လိုက်တာနဲ့ ဘယ်နားဘာဖြစ်နေတယ်ဆိုတာ အကုန်သိနိုင်လောက်အောင်ကို အဆင်ပြေချောမွေ့ပြီး သက်တောင့်သက်သာဖြစ်နေပါပြီ။

ဒီလိုဖြစ်လာရလို့လဲ IT ရဲ့ကျေးဇူးတရားတွေကို ကမ္ဘာက စုတ်တသတ်သတ်၊ လက်ဖျားတခါခါနဲ့ ထောမနာပြုနေရတာပေါ့။ ဒါပေမဲ့ အရာရာတိုင်းမှာ Advantage and disadvantage လို့ခေါ်တဲ့ ကောင်းကွက်၊ ဆိုးကွက်ဆိုတာတွေကတော့ သူ့သဘာဝအတိုင်း ဒွန်တွဲတည်ရှိနေမြဲပါပဲ။ Medical Science, ဆေးသိပံ္ပရဲ့ တိုးတက်မှုကြောင့် ရောဂါအမျိုးမျိုးကို ကုသပေးနိုင်တဲ့ အစွမ်းထက်ဆေးတွေမှာတောင် Side effect လို့ခေါ်တဲ့ ဘေးထွက်ဆိုးကျိုးတွေ အမျိုးမျိုးရှိနေတာ သိကြပြီးသားပါ။ ငှက်ဖျားရောဂါပျောက်ဆေးကို စားရင် ငှက်ဖျားတော့ ပျောက်ပါရဲ့၊ ပြီးရင် သောက်တဲ့လူမှာ ဆံပင်ကျွတ်တာတွေ၊ နားအူတာတွေ အမျိုးမျိုးဖြစ်ပြီး ကျန်ရစ်တတ်တယ်။ ဒါကိုတော့ ဆေးသိပံ္ပရဲ့ ဆက်လက်လေ့လာသုတေသနပြုရမည့်အချက်လို့ပဲ နားလည်နိုင်ပါတယ်။

IT ကိုအသုံးပြုမှုနဲ့ ပတ်သက်ရင်တော့ ဘေးထွက်ဆိုးကျိုးဆိုတာ ဘာကိုပြောမှာလဲမေးရင် အဲဒီ IT ကိုအသုံးပြုတဲ့ လူကိုယ်ပါပဲ လို့ကျနော်ဆိုချင်ပါတယ်။ IT ဟာ ပညာရပ်တစ်ခုကို ခပ်မြန်မြန်နားလည်ရေး၊ တစ်နေရာမှ တစ်နေရာ တပင်တပန်းမသွားရပဲ လွယ်ကူချောမော့ရေးတွေကအစ နေရာအတော်များများမှာ အသုံးဝင်တဲ့ နည်းပညာဖြစ်တာကြောင့် အကောင်းဘက်ကို ဦးတည်ပြီးအသုံးပြုတဲ့သူများအတွက် ကောင်းကျိုးဖြစ်စေနိုင်သလို၊ မဟုတ်တယုတ် လုပ်ချင်တဲ့လူတွေအတွက်လဲ အတော့်ကို အသုံးဝင်တဲ့ နည်းစနစ်ကြီးတစ်ခုဖြစ်နေပြန်ပါတယ်။ ဒါကြောင့် ကျနော့်အနေနဲ့ကတော့ IT ရဲ့ ဘေးထွက်ဆိုးကျိုးဆိုတာ အသုံးပြုတဲ့လူကိုယ်တိုင်သာဖြစ်ကြောင်း ပြောခဲ့တာပါ။

ဒီမနက် ကွန်ပျူတာဖွင့်ပြီး ၀င်လာတဲ့ E-mail တွေကို လိုက်စစ်ရင်း ကျနော့်အသိတစ်ယောက်ဆီက Forward လုပ်လိုက်တဲ့ Mail တစ်ခုတွေ့လို့ ဘာပါလိမ့်ဆိုပြီး ဖွင့်ကြည့်လိုက်မိတယ်။ ဒီမေးလ်ဟာ ကျနော့်ဆီတိုက်ရိုက်ပို့တဲ့မေးလ်တော့မဟုတ်ပါဘူး။ အများသိအောင် အသိပေးတဲ့ တိုင်စာလေးတစ်ခုပါ။ အတော်များများဖတ်ပြီးတဲ့ စာလေးတစ်စောင်ဖြစ်ပါတယ်။ ခေါင်းစဉ်က “Shopping ထွက်တဲ့ အမတွေ၊ ညီမတွေ သတိထားကြပါ” တဲ့။ အဲဒီစာဖတ်ပြီး ကျနော့်စိတ်ထဲ အတော်လေး ခံစားလိုက်ရတယ်လို့ ပြောချင်ပါတယ်။ ငါ့ညီမလေးတွေများဖြစ်နေရင် ခက်ရချည့်ရဲ့ဆိုပြီးတော့လဲ ပူလိုက်မိသေးတယ်။ ကျနော့်အမ၊ ညီမတွေမဟုတ်ပေမဲ့ ကျနော်တို့မြန်မာအမျိုးကောင်းသမီးလေးတွေအတွက် အတော်စိတ်မကောင်းဖြစ်သွားရပါတယ်။

စာရဲ့အဓိကဆိုလိုချက်ကတော့ မိန်းကလေးတွေ ဆိုင်မှာအ၀တ်ရွေးပြီး အ၀တ်လဲခန်းထဲဝင်၊ ကိုယ်ရွေးထားတဲ့အ၀တ် ကိုယ်နဲ့တော်/မတော်အစမ်းဝတ်ကြည့်တာတွေကို ဓာတ်ပုံခိုးရိုက်ပြီး အွန်လိုင်းပေါ်တင်၊ Blue tooth သုံးပြီး အချင်းချင်းပြန် Share လုပ်တဲ့ကိစ္စကို ရေးပြထားပါတယ်။ သူရေးတဲ့အတိုင်း ဘယ်အထိဖြစ်နေသလဲဆိုတာတော့ ကျနော်မသိပါ။ ဒါပေမဲ့ ဒီကိစ္စဟာဖြစ်နိုင်တဲ့ ကိစ္စတစ်ခုဖြစ်လို့ တကယ်လို့များ မဟုတ်သေးဘူးဆိုရင်တောင် ဒီလိုကိစ္စမျိုးမဖြစ်ပေါ်အောင် သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ Supermarket ပိုင်ရှင်တွေက သတိထားဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ လုပ်တဲ့လူဟာ အသိတရားခေါင်းပါးပြီး နှမချင်း၊ အမချင်း ကိုယ်ချင်းစာနိုင်လောက်တဲ့ ဦးဏှောက်မရှိတဲ့အတွက် ဒီလိုလုပ်ရတာပါလို့ ဖျောက်ချက်ပေးရင်တော့ အမှန်ကိုဝန်ခံတဲ့အနေတဲ့ အပြစ်လျှော့ပေးရမလိုပါပဲ။

CCTV (Closed-Circuit Television) လို့ခေါ်တဲ့ အနီးကပ်စောင့်ကြည့်ရေး ကင်မရာတွေကို နိုင်ငံတိုင်းလောက်မှာ သုံးနေပါပြီ။ ဖွံ့ဖြိုးပြီး၊ ဖွံ့ဖြိုးဆဲ နိုင်ငံတွေအားလုံးမှာ သက်ဆိုင်ရာအစိုးရက လုံခြုံရေးအတွက် မဖြစ်မနေသုံးနေကြပါပြီ။ ဒီလိုသုံးလိုက်တဲ့အတွက် Minor Crime လို့ခေါ်တဲ့ အသေးစားပြစ်မှုတွေဟာ အတော်အတန်လျှော့ပါးသွားကြောင်း လေ့လာစောင့်ကြည့်သူတွေက ဆိုပါတယ်။ ဒါပေမဲ့ Social Perspective လို့ခေါ်တဲ့ လူမှုရေးရှုထောင့်က ကြည့်ပြန်တော့ ဒီ CCTV Camera တွေဟာ Privacy (ကိုယ်ရေးကိုယ်တာ) ကို ထိခိုက်တယ်ဆိုပြီး လူမှုဝန်ထမ်းတွေက ဆိုကြပြန်ပါတယ်။ ဒါကြောင့် လုံခြုံရေးအတွက်လဲ အသုံးဝင်၊ လူမှုရေးကိုလဲ မထိခိုက်အောင် အဲဒီကင်မရာတွေကို အ၀တ်လဲခန်းတွေ၊ အိပ်ခန်းတွေနဲ့ အိမ်သာလိုနေရာမျိုးတွေမှာ တပ်ထားခွင့် လုံးဝမရှိပါဘူး။

ကျနော်တို့ဟာ လူသားတွေဖြစ်တဲ့အတွက် Mutual Respect လို့ခေါ်တဲ့ အချင်းချင်းလေးစားမှု ရှိဖို့ သိပ်အရေးကြီးလှပါတယ်။ အချင်းချင်းလေးစားခြင်းဟာ လူသားတွေရဲ့ Unique Value, သီးခြားတန်ဖိုးတစ်ခုပါပဲ။ ဒီတန်ဖိုး ကိုယ့်မှာ မရှိတော့တဲ့နေ့ဟာ ကိုယ့်ကိုယ်ကို လူသားအဖြစ်က ရုပ်သိမ်းလိုက်တာနဲ့ အတူတူပါပဲ။ ဒါကြောင့် ကျနော့်ထက် ငယ်သော၊ ကြီးသော ညီအကိုတွေကို ကျနော့်ဘလော့ကနေ တောင်းဆိုတင်ပြလိုက်ပါရစေ။ လူ့ယဉ်ကျေးအများစုနေထိုင်တဲ့ ကျနော်တို့မြန်မာဗုဒ္ဓဘာသာနိုင်ငံမှာ ဒီလို ကိစ္စမျိုးတွေ လက်ရှိဖြစ်နေခဲ့ရင်လဲ တားဆီးပေးကြဖို့၊ တကယ်လို့မဖြစ်သေးဘူးဆိုရင်လဲ ဖြစ်ပေါ်မလာအောင် ကာကွယ်ပေးကြဖို့ အနူးအညွတ်တလေးတစား တင်ပြလိုက်ရပါကြောင်း။

1 comment:

xnxx giant cock stories said...

Kitty Kat felt a shiver of lust her shallow breathing deepens whenever shes made to show herself like this. Iimagined I was being fierce, but in my delirious state, who knows howthe kid received it.
nifty erotixc stories
my wife my femdom free stories
sex stories interracial
erotic dog sex stories
bdsm dripping pussy stories
Kitty Kat felt a shiver of lust her shallow breathing deepens whenever shes made to show herself like this. Iimagined I was being fierce, but in my delirious state, who knows howthe kid received it.