
ဒီမနက်မှာ
နေရောင်ချည်မြင်ရပြီ
ရွက်နုမဝေရဲသေးတဲ့
ဆောင်းကြောက်ပင်တွေရဲ့
အရိုးတံကျဲကျဲပုံတွေ ပိုထင်ရှားနေတယ်
အနွေးရောင်သန်းနေပေမဲ့
လန်ဒန်ရဲ့ ဆောင်းကတော့
အေးလို့ကောင်းတုန်းပဲ
အတွေးသမုဒ္ဒရာထဲမှာ
ငါ့ဦးဏှောက်ပုဇွန်ဆိတ်တစ်ကောင်လဲ
ကွေးလို့ ကောင်းတုန်းပဲ
နေရောင်ချည်မြင်ရပြီ
ရွက်နုမဝေရဲသေးတဲ့
ဆောင်းကြောက်ပင်တွေရဲ့
အရိုးတံကျဲကျဲပုံတွေ ပိုထင်ရှားနေတယ်
အနွေးရောင်သန်းနေပေမဲ့
လန်ဒန်ရဲ့ ဆောင်းကတော့
အေးလို့ကောင်းတုန်းပဲ
အတွေးသမုဒ္ဒရာထဲမှာ
ငါ့ဦးဏှောက်ပုဇွန်ဆိတ်တစ်ကောင်လဲ
ကွေးလို့ ကောင်းတုန်းပဲ
1 comment:
ပုစွန်ဆိတ် ငယ်ငယ်လေးက မခုန် ၊ ပဲ ဘယ့်နှယ် ..ကွေးလို့ ကောင်း နေရတာ လဲ ....
Post a Comment