
မွေးရပ်မြေခွါ
ဝေးရပ်ရွာ အခြေတည်
တစ်ပြည်ဆီ ကွယ်ကာခြားတော့
ချစ်တဲ့သူ မြင်ယောင်မှန်း
လွမ်းရတာပေါ့
ဖုန်းဆက်တဲ့အခါ
အနားမှာ သူကမရှိ
နေမထိ ထိုင်မသာနဲ့
ဒီရင်မှာ ပူပုံဆန်း
ပန်းရတာပေါ့
အလွမ်းတွေလည်း အစုစု
အပန်းတွေလည်း အထုထုမို့
ဝေးရပ်မှာ နေမထိချင်
ပြန်တွေ့ရင် ဒီမေတော့
အိုကွယ်---
နမ်းရမှာပေါ့
ဝေးရပ်ရွာ အခြေတည်
တစ်ပြည်ဆီ ကွယ်ကာခြားတော့
ချစ်တဲ့သူ မြင်ယောင်မှန်း
လွမ်းရတာပေါ့
ဖုန်းဆက်တဲ့အခါ
အနားမှာ သူကမရှိ
နေမထိ ထိုင်မသာနဲ့
ဒီရင်မှာ ပူပုံဆန်း
ပန်းရတာပေါ့
အလွမ်းတွေလည်း အစုစု
အပန်းတွေလည်း အထုထုမို့
ဝေးရပ်မှာ နေမထိချင်
ပြန်တွေ့ရင် ဒီမေတော့
အိုကွယ်---
နမ်းရမှာပေါ့
No comments:
Post a Comment