Saturday, July 25, 2009

ကျောင်းသားဘဝ

မနက်ခင်း မိုးလင်းလို့
အိပ်ယာထဲ (ဆက်)မလှဲနိုင်
မျက်နှာသစ် အိမ်သာတက်
သွက်သွက် လုပ်ကိုင်။

အပြီးတိုင်
မနက်စာ အမြန်စား
လွယ်အိပ်အမြန်ပြင်လို့
မြို့လန်ဒန်ယူနီဘက်ကို
ဦးတည်လို့သွား။

အဆိုင်းမတ် ရေးစရာအပြင်
အိမ်စာက အများ
ဖတ်စရာ စာအစုံပေးပါလို့
အချိန်မှာတဲ့ မလောက်ချင်
ဘလော့တွင် ရေးချင်လှပေမဲ့
ကျောင်းစာနဲ့ မအားတဲ့ဖြစ်အင်။

စနေနဲ့ တနင်္ဂနွေတောင်
နားပေမဲ့ မအားတာကြောင့်
ကျောင်းရက်မှာ အမှီတင်ဖို့ရာ
မပီလျှင် ပြန်ပြင်ရမှာမို့
အချိန်ညီ စာစီကုံးရတယ်
မောပေါ့ တအား။

1 comment:

မေဓာဝီ said...

ကိုမင်းထက်ရေ ..
ကျမဆီမှာ ရေးသွားတဲ့ ကွန်မန့်လင့်ခ်ကနေ လိုက်လာတာပါ။
မန်လည်ဆရာတော်နဲ့ လယ်တီဆရာတော်တို့ရဲ့ လက်ဖက်ရည် တေးထပ်က ကျမဆီမှာ လောလောဆယ် မရှိဘူးရှင့်။ ရှာတော့ ရှာကြည့်ပေးပါမယ်။
လယ်တီဆရာတော်ရဲ့ ဆုံးမစာတချို့တော့ ကျမဘလော့မှာ တင်ခဲ့ဖူးပါတယ်။ ဖတ်ချင်ရင် http://maydar-wii.blogspot.com/2007/08/blog-post_19.html အဲဒီလင့်ခ်မှာ ဖတ်နိုင်ပါတယ်။

ကိုမင်းထက်ရဲ့ ကျောင်းသားဘ၀ကဗျာလေးကို ဖတ်ပြီး ကျမတောင် စိတ်မောသွားတယ်။ ကျမကတော့ လောလောဆယ် ကျောင်းပိတ်ထားလို့ အားနေတာကြောင့် စာရေးနိုင်နေတာ။ ကျောင်းဖွင့်ရင် မရေးနိုင်တော့ဘူး။

ကျမဘလော့လာလည်တာလဲ ကျေးဇူးပါနော် ...