Friday, July 3, 2009

ဆေးလိပ်ပြာသက်သေ


မင်းအကြောင်းတွေး
တစ်ရေးရေးနဲ့
ဆေးလိပ်တွေ ပြာဖြစ်
သိပ်စိတ်ညစ်တယ်
ဘာဖြစ်လို့များ ချစ်ခဲ့မိပါလိမ့်?

တွေးမရခိုက်
တစိုက်စိုက် ရှိုက်ဖွာ
အရေအတွက်တိုးပွါး
ဆေးလိပ်ပြာတွေပဲ များများလာတယ်။

ရင်မှာ အဖြေမရှိသလို
အပြင်မှာ နေမထိတာကြောင့်
နောက်တစ်လိပ် ဆက်ဖွာ
ခွက်ထဲမှာ ပြာပြည့်
စဉ်းစားကြည့်တော့
အဲဒါ အချစ်သက်သေပေါ့။

2 comments:

မသက်ဇင် said...

ရင်မှာ အဖြေမရှိသလို
အပြင်မှာ နေမထိတာကြောင့်
နောက်တစ်လိပ် ဆက်ဖွာ
ခွက်ထဲမှာ ပြာပြည့်
စဉ်းစားကြည့်တော့
အဲဒါ အချစ်သက်သေပေါ့။

ကဗျာလေးက နူးညံ့ပြီးအတွေးတွေရစေတယ်
ခင်မင်လျက်

kiki said...

ဪ ကိုမင်းထက်ရယ် ..
လန်ဒန် ရာသီဥတု နဲ့  အပြင်မှာ နေထိရဖို့ 
အတော်လေး ခက်လိမ့်မယ် ထင်ရဲ့ ။

ဆေးလိပ်တွေ သိပ်မသောက်နဲ့  လူလေးရေ ။
အဆုပ် ရောဂါ ရနေမယ် ။
ဆေးလိပ်ဖိုးလည်း အတော်ကုန်လို့
ဘတ်ဂျက် ထိခိုက်မယ် ကွဲ့  ။
ကျန်းမာရေး ရော စီးပွားရေးပါ ထိခိုက်မယ်လေ ။

(အဟက် ကဗျာ အရသာလေး ပျက်စီး သွားပြီ ။)
ခင်လို့ စ တာ ပါ ကဗျာဆရာရေ ။
အားပေးလျှက်ပါ ။။

ဖွားကိ ။
(တခု တောင်းဆို ပါရစေ ..အဲဒီ word verification
ကြီး ဖြုတ်ပေးပါလား ။ အချိန်ကုန် အလုပ်ရှူပ်လို့ပါ )