Saturday, November 21, 2009

စိမ်း


စိမ်းမူယာ စိမ်းဟန်ပြ
စိမ်းစကား သူဆို
စိမ်းရောင်ကို သူကြိုက်
စိမ်းလိုက်တဲ့ သူရယ်
စိမ်းတဲ့ လေသံနဲ့
စိမ်းဉာဏ်ကို သူဆင်လို့
စိမ်းပြတာပေါ့ ဟုတ်လား?

စိမ်းနိုင်ခွင့်ရှိသူရဲ့
စိမ်းသမျှ ခံမယ်
စိမ်းသံသရာ လည်စေတော့
စိမ်းလိုက်ပေါ့ လေ။

စိမ်းခေတ်မှာ မွေးသူထင့်
စိမ်းချစ်တဲ့ သူ
စိမ်းမူကို မြတ်နိုး
စိမ်းမျိုး အရာထောင်နဲ့
စိမ်းနိုင်ငံ ဖန်ဆင်းလို့
စိမ်းတပ်ကို ထူထောင်
စိမ်းသူတွေ လူစု
စိမ်းမှုနဲ့ အံတုကာ
စိမ်းပစ်မယ် တအား တဲ့။

စိမ်းကားတဲ့ ၀ါဒ
စိမ်းကာလ ရှည်ကြာ
စိမ်းဘာသာ မပြောင်း
စိမ်းကျောင်းမှာ စိမ်းဘွဲ့ကိုယူ
စိမ်းပါရဂူကျမ်းပြု စုဆောင်း။


စိမ်းသူကို ကြင်နာဆဲမို့
စိမ်းရင်မှာ စိမ်းအကြိုက်
စိမ်းလိုက်ပါလေ
စိမ်းခိုက်မှာတောင် ချစ်လို့
စိမ်းအဖြစ်နဲ့ ပျော်စေ
စိမ်းမေတွက် ဆုတောင်း
စိမ်းနိုင်စေကြောင်း ပေါ့။

စိမ်းတဲ့အခါ သတိပြု
စိမ်းအုပ်စု အခက်ဝင်
စိမ်းမြင်ရင် ပစ်မှတ်ထား
စိမ်းသမားဆို ဖမ်းသတဲ့
စိမ်းသိရဲ့နော်။

စိမ်းအပေါ် မြတ်နိုးလို့
စိမ်းတန်ခိုး ပျက်ပျယ်
စိမ်းနားမှာ လူတွေပိတ်
စိမ်းလက်ထိပ် မခတ်ရစေကွယ်
စိမ်းအတွက် တောင်းဆုပြုတယ်
စိမ်းတဲ့သူရယ်။

စိမ်းပွဲ အခါခါနိုင်လို့
စိမ်းပြိုင်သမျှ စိမ်းပဲနိုင်စေ
စိမ်းပဲ ပိုင်စေ
စိမ်းဆု အရာအထောင်ချီရယ်
စိမ်းလည်မှာ ချိတ်စမ်းဗျာ့လေး။

2 comments:

မြတ်လေးငုံ said...

စိမ်းကဗျာလေးကိုမစိမ်း မဟုတ်တဲ့ကျမ
မြတ်လေးငုံ လာပြီးခံစားပေးသွားပါတယ်ရှင်..။
စိမ်းဆိုမှ စိမ်းရေ..။

လေးစားလျှက်..။

သုခုမလေဒီ said...

မောင်လေးရေ စိမ်းထားလိုက်တာ ဘလော့တစ်ခုလုံး လည်း စိမ်းနေပါပြီ။ စိမ်းကဗျာကိုဖတ်ရင်း မျက်စိပါစိမ်း သွားလို့ အားလုံးကိုအစိမ်းပဲမြင်နေမိတော့တယ်။း))