Tuesday, October 6, 2009

ဆုချည်း တောင်းမနေကြနဲ့


အာယာစနဟေတု ၀ါ ပတ္ထနာဟေတု ၀ါ
ပဋိလာဘော အဘ၀ိဿ၊
ကော ဣဓ ကေန ဟာယေထ။
(အံ၊ ၅၊ မုဏ္ဍရာဇ၀ဂ္ဂ၊ ဣဋ္ဌသုတ္တ)

“ပါးစပ်နဲ့ဆုတောင်းနေရုံ စိတ်ထဲက တောင်းတနေရုံနဲ့
ကိုယ်လိုသမျှ ပြည့်စုံသွားမယ်ဆိုရင်
ဒီလောကမှာ ဆင်းရဲတဲ့လူဆိုတာ ဘယ်မှာ ရှိတော့မလဲ”
(မြတ်ဗုဒ္ဓ)

4 comments:

မြတ်လေးငုံ said...

ဟုတ်ပရှင် ၊သိပ်မှန်တာပေါ့နော်၊ ဘယ်က
သွားရှာထားလဲသိပါဘူး။

kiki said...

တကယ်ဖြစ်ချင် တကယ်လုပ်
အဟုတ်ဖြစ်ရမည် ။ ။ ။

သဘောတရားခြင်း တူမှာပေါ့ နော် ..

(ဘိုးတော်တွေအားကိုး နဲ့  ချမ်းသာ နေသူများ အတွက် ရော ... ဘုရားဟောလေးများ တင်ပြပေးပါဦး သားသား မင်းထက် ရေ )

မေဓာဝီ said...

ဆုသာတောင်းပြီး ဘာမှမလုပ်ဘဲ ထိုင်နေတာတော့ မကောင်းဘူးပေါ့။
ဒါဆိုရင် ဆုမတောင်းရတော့ဘူးလား ...။

ဆုတောင်းတယ်ဆိုတာ ရည်ရွယ်ချက်
ပါရမီက လုပ်ဆောင်ချက် လို့ မှတ်သားခဲ့ဖူးပါတယ်။
ခဲလုံးတောင် ရမ်းပေါက်ရင် သူရောက်ချင်ရာ ရောက်မှာ၊ သေချာ ချိန်ပြီး၊ မှန်းဆပြီး ပေါက်မှ ကိုယ်ရောက်လိုတဲ့ နေရာကို ရောက်နိုင်မယ် မဟုတ်လား။
ဆုတောင်းတယ်ဆိုတာ ကိုယ်ရဲ့ ရည်မှန်းချက်၊ ရည်ရွယ်ချက်ကို နှုတ်က မြွက်ဟပြောဆိုခြင်းလို့ ထင်ပါတယ်။ အဲဒီ ရည်မှန်းချက်ကို ရောက်အောင် ဖြည့်ကျင့်လုပ်ဆောင်ဖို့တော့ လိုတာပေါ့။

ဒါကြောင့် ကျမကတော့ ကုသိုလ်ကောင်းမှု ပြုပြီးတိုင်း မဂ်ဖိုလ် နိဗ္ဗာန်ကို ရောက်ရာရောက်ကြောင်း အထောက်အပံ့ ဖြစ်ရပါလို၏လို့ ဆုတောင်းပါတယ်။
ဆုတောင်းခြင်းနဲ့ ပတ်သက်ပြီး လွန်ခဲ့တဲ့ ၂ နှစ်ကျော်လောက်က ရေးခဲ့ဖူးတာလေးပါ။
http://maydar-wii.blogspot.com/2007/07/blog-post_25.html
လွတ်လပ်စွာ သဘောထား ကွဲလွဲနိုင်ပါတယ်ရှင်။

Ko Min Htet said...

မေဓာဝီပြောတာမှန်တယ်။ အဲဒီအတွက်လဲ အထောက်အထားရှိတယ်၊ အချိန်ရရင် ရှာပေးမယ်နော်။ ကောင်းမှုပြုပြီးရင် ဆုတောင်းရတယ်ဆိုတဲ့ အထောက်အထားလေးပေါ့။ ဒီပို့စ်မှာပါတဲ့ဘုရားစကားကတော့ အလကားနေရင်း ဆုတောင်းနေတဲ့လူတွေကို ရည်ရွယ်ပါတယ်။ ဆုတောင်းနေရုံနဲ့ အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ကိုယ်စိတ်နှစ်ပါးချမ်းသာခြင်း၊ အခြွေအရံပေါ့များခြင်းနဲ့ သေပြီးနောက် နတ်ရွာလားခြင်းဆိုတဲ့ အကျိုးတွေကို မရနိုင်ဘူး။ အဲဒါတွေရချင်သပဆိုရင် ထိုက်တန်တဲ့ အကြောင်းကောင်းတွေကို လုပ်ရတယ်လို့ ဟောထားပါတယ်။ အဲဒါကို ရည်ရွယ်ပါတယ် ခင်ဗျား။