Wednesday, October 21, 2009

ဆုတောင်း


ရင်မှာ ဖြစ်တည်သောအချစ်
အကြင်နာ နှစ်ရှည်သောအဖြစ်နဲ့
အချစ်ကမ္ဘာ ရှည်စေသော်။

အပြစ်ဆို ကွယ်ကာပြု
အချစ်ကို တွယ်တာမှုနဲ့အတူ
မေတ္တာကမ္ဘာ တည်စေသော်။

တစ်ယောက်ဆို တစ်ယောက်ထဲ
နှစ်ယောက်ကို မဖေါက်လွဲတဲ့အဖြစ်နဲ့
သစ္စာကမ္ဘာ တည်စေသော်။

အချစ်ကမ္ဘာမှာ
မေတ္တာမိုးတွေ ရွာလို့
သစ္စာပန်းတို့ လန်းစေသော်။

No comments: