Sunday, January 17, 2010

Reincarnation (2)


I mockingly call him an 'egg' as his head is egg-shaped. No reaction from him comes to me, though, and he is a very quiet man. When I first met him, my age was just at 14. He is two years younger than me and I am one of his senior students at the school. We are in different classes but I happen to hear of his popularity over his unique intelligence and brilliance. The whole school acknowledge his brightness and wonderful memory. One glance is enough for him to memorise something he is learning. Such marvelous guy he is. His name is Mr Aung Htun.

Aung Htun has one diary where he usually notes down something whenever he gets extra time. I am curious about his behaviour. I cannot help myself to know what he writes in that booklet. But his book is always safely kept in his school bag. I don't really want to make myself dishonest but my curiosity doesn't allow me to be such a honest person in this case. I have to make up my mind to find out what that guy secretly composes. I am waiting for an appropriate time which may give me a chance to fulfill my thirsty wonder.

A day I have been waiting for directly comes to me. Mr Egg get out of the class leaving his school bag on a table. I feel pleased with this situation, go to the table, and hurriedly take out his secret diary. When I am reading it, I am really astonished. It says that he is a reincarnation. He has written about his previous life. But I fell laughed at, to be honest. It says he was a woman in his past life.

Her name in the past life was 'Daw Nge' a mother of three daughters and living in the central part of Myanmar. Her town is 'Pyaw Bwae' where Mr Aung Htun was born again. Mrs Nge was very often went to a nearby monastery where she invested much of her time to meditation. Though her family was in poverty, her mind was always calm and peaceful with meditation. She was very much delight in her situation under the shade of the Three Gems: Buddha, Dhamma and Samgha. Meditation changed her chaotic family disaster into utterly peacefulness.

Life, however, does not go always evenly but it is occasionally fluctuated. One day when she was walking to the monastery for her punctual meditation, she came cross on the way a wild dog which angrily bit her. There was no one who could help her there. She could not go to the monastery any more but had to return home with a bloody body. Though she was severely bit by the dog, she had not lost her mind in meditation. Furthermore, she even reckoned that the dog might test her resilience and resistance. Patience provided her mind calmer down.

She could not overcome this hill and soon she had to take a usual path of all beings; death. Due to her punctual meditation at the monastery, she was reborn in the same town but in a different family. However, in this life, Daw Nge was reborn as a man who remembers whole story of his life in the past. She becomes He. A woman becomes a man.

When I am stealthily reading his book, Mr Egg is standing behind me waiting for the time till I finished. I do not notice him. But fortunately he does not say anything. He smiles me and asks whether I am interested in his story. I reply in positive. I return to my table and sit on a bench pondering Mr Egg's story which depicts his life of reincarnation. If his story is really true, what about mine? Am I also a reincarnation? Then, where did I come from? Why don't I remember anything about my past life? May be there is something mysterious which my understanding could not reach.




Saturday, January 16, 2010

ဟိုလိုမရရင် ဒီလိုလုပ်တယ်


ဆိုနီလက်ပ်တော့ပ်အဟောင်းကလေးတစ်လုံးနဲ့ Windows XP Professional ကို ဆယ်စုနှစ်ချီပြီး ခုတ်လာတဲ့ ကျနော့်ခမျာ သူများနည်းတူ ခေတ်နဲ့အညီလိုက်ချင်ပေသမို့ လက်ပ်တော့ပ်အသစ်တစ်လုံး ၀ယ်ဖို့ စဉ်းစားနေတာ အတော်ကြာပြီ။ ဒါပေမဲ့ လက်ရှိကွန်ပျူတာလေးကလဲ အဟောင်းသာပြောတယ်၊ အလုပ်ကတော့ သွက်တုန်းလက်တုန်း။ ထည့်သမျှ ဆော့ဖ်ဝဲတွေလဲ သဘောကောင်းကောင်းနဲ့ အကုန်ကြိုဆိုတာပဲ။ အသစ်ဝယ်မယ် စဉ်းစားတိုင်း အဟောင်းလေးကို သံယောဇဉ်ငြိနေတဲ့ ကျနော့်မှာ အတော်ကြီးကို စိတ်ပိုင်းဖြတ်လိုက်ရတယ်။ ၀ယ်မယ်ကွာ ဆိုပြီးတော့။

ဒါပေမဲ့ ကိုယ်က ကွန်ပျူတာ သုံးတတ်ရုံအဆင့်ပဲရှိတာဆိုတော့ ကွန်ပျူတာအကြောင်း အတော်အတန်နားလည်တဲ့ သူငယ်ချင်းကိုပဲ အကူအညီတောင်းရတယ်။ ဒီလိုနဲ့ အနီးအနားက PC World ဆိုတဲ့ ကွန်ပျူတာအရောင်းဆိုင်ကြီးထဲ ရောက်သွားရော ဆိုပါတော့။ ဘယ်အမျိုးအစားဝယ်မလဲ ဆိုပြီး တိတိကျကျ မဆုံးဖြတ်ခဲ့မိလို့ အရောင်းခန်းမထဲ ရောက်ကာမှ တွေ့သမျှ လက်ပ်တော့ပ်တွေ အကုန်ကို လိုချင်တော့တာပဲဗျို့။ ဆိုနီတွေလဲ လှမှလှ။ ပန်းသီးတွေလဲ ချိုမှချို (ဈေးမဟုတ်ဘူးနော်)။ ကျန်တဲ့ HP, Compaq, Hitachi, Dell စတာတွေလဲ သူ့ဟာနဲ့သူ အပြင်အဆင်တွေ ကောင်းမှကောင်းပဲ။

ဟိုအလုံးယူရနိုးနိုး ဒီအလုံးယူရနိုးနိုးနဲ့ နိုးနိုးကမ္ဘာမှာ ချာချာလည်နေတဲ့အချိန် လိုက်ပို့တဲ့ သူငယ်ချင်းက ကိုယ့်လူ ပန်းသီးကတော့ အတော်မိုက်တယ်နော်။ ချိုမချို သိရအောင် တစ်လုံးလောက်တော့ ကိုက်လိုက်တဲ့။ ကိုယ့်မှာလဲ အရွေးရခက်နေတာဆိုတော့ ကဲမထူးပါဘူးဆိုပြီး ပန်းသီးတစ်လုံးဆွဲလိုက်တယ်။ လှပမှု၊ သေသပ်မှုတွေမှာတော့ အခြားကွန်ပျူတာ အားလုံးထက် သာတယ်လို့တောင်ဆိုချင်သဗျား။ ပါးပါးလေးပဲ။ ကောင်တာမှာ ပိုက်ဆံသွားရှင်းတော့ အသက်ရှူတောင် တစ်ဝက်လောက် ရပ်သွားသလား မှတ်တယ်။ စတာလင်ပေါင် တစ်ထောင်ကျော် ဘဏ်ထဲက နှုတ်သွားတယ်။ တတ်နိုင်ဘူး။ ကိုယ်က လိုချင်တာကိုး။

ကိုယ့်ကိုယ်ကို ၀မ်းသာသလား၊ ဘာလားတောင် သတိမထားမိဘူး။ ပန်းသီးကြီးပိုက်ပြီးတော့ အရောင်းခန်းမထဲက ခန့်တည်တည်နဲ့ထွက်လာခဲ့ကြတယ်။ အခန်းပြန်ရောက်ရောက်ချင်း ရေတောင်မသောက်အားဘူး။ ပန်းသီးကို ကိုက်ချင်လွန်းလို့။ အခွံတွေဘာတွေ အကုန်နွှာပြီး ဆွဲတော့တာပဲ။ တစ်ခါမှ မစားဖူးတဲ့ ပန်းသီး၊ ကျနော် ဘယ်ဖက်လှည့် ကိုက်ရမှန်းတောင် မသိဘူး။ ပါလာတဲ့ ဆော့ဖ်ဝဲတွေ သွင်း။ အင်တာနက်မှာ လိုက်ဒေါင်း။ သို့သော် သို့သော် အော်---သို့သော် လို့သာ ဟစ်လိုက်ချင်တော့တယ်။ Mac ရဲ့ Function တွေက PC Function တွေနဲ့ တစ်မျိုးစီကလား။ တစ်လျှောက်လုံး ပီစီပေါ်ထိုင်လာတဲ့ သုံးနေကျ ဆော့ဖ်ဝဲတွေ တစ်ခုမှ အသုံးမ၀င်တော့ဘူးဗျို့။ အဲလိုပြောရတာ ရှက်တောင် မိသေးတော့။ ပန်းသီးဆရာတွေကြားရင် တော်တော်တုန်းတဲ့လူလို့ အားပေးကြမှာ သေချာတယ်။

ကိုယ်ကလဲ ပန်းသီးလေးနဲ့ ပီစီမှာလုပ်နေကျ အလုပ်လေးတွေ ဆက်လုပ်မယ် ဆိုပြီး အိမ်မက်မက်ထားခဲ့တာ။ သုံးနေကျ G-talk လဲ လွယ်လွယ်မရ၊ ပြောနေကျ Voipdiscount လဲ အဆင်မပြေ။ ဘလော့ဂ်ရေးဖို့ရာ Zawgyi လဲ ခဲရာခက်ဆစ်။ အဆိုးဆုံးကတော့ ကျနော့် Project မှာသုံးတဲ့ ဆော့ဖ်ဝဲတစ်ခုကို လုံးဝကို install လုပ်လို့မရတာပဲ။ အဲဒီဆော့ဖ်ဝဲမှ ထည့်မရလို့ကတော့ ကျနော့်အလုပ်တွေ ဘာမှ လုပ်လို့မဖြစ်တော့ဘူး။ ဒီလိုဒီလိုနဲ့ သူကတစ်မျိုးဆိုတော့ ကိုယ်ကလဲ တစ်မျိုးစဉ်းစားရပြန်တာပေါ့။ ဘယ်ရမလဲ ၀ယ်ပြီးသားပစ္စည်းပြန်လဲလို့အင်မတန်အဆင်ပြေတဲ့ တိုင်းပြည်မှာ နေတာကပဲ။ နောက်နှစ်ရက်လောက်လဲ ကျရော သူငယ်ချင်းတစ်ယောက်နဲ့အတူသွားပြီး ပန်းသီးကို ဆိုနီနဲ့ အားရပါးရ လဲပစ်လိုက်တယ်။ ဒါတောင် Register လုပ်လိုက်လို့ ဆိုပြီး 3% ရာခိုင်နှုံးဖြတ်လိုက်သေးတယ်။

နဂိုသုံးနေကျ ဆိုနီစက်လေးက Memory 1 GB (ဒါတောင်ထပ်ထည့်ထားလို့) နဲ့ Hard Disk Capacity က 80 GB ( ဒါလဲ ထပ်ဖြည့်ထားရတာပဲ) ပဲရှိတယ်။ Window ကတော့ မူရင်း ဘယ်ဟာမှန်းတောင် မမှတ်မိတော့ဘူး။ ဖြုတ်လိုက်တပ်လိုက်၊ ဖြုတ်လိုက် တပ်လိုက်နဲ့ သံသရာကို လည်နေတာပဲ။ နောက်ဆုံးသုံးနေတာတော့ XP Professional (32 bits) ပေါ့။ အခု ပန်းသီးနဲ့ အသစ်လဲလိုက်တဲ့ ဆိုနီကတော့ အဲဒီကောင်နဲ့ တခြားစီပဲဗျို့။ 4-GB Memory, 500 GB HD နဲ့ Window ကလဲ နောက်ဆုံးပေါ် 7 (64 bits)။ ဒါပေမဲ့ ခေတ်နောက်ကျလွန်းတဲ့ ကျနော့်အတွက် (64 Bits) က ဒုက္ခပေးနေပြန်ပြီဗျား။ ဇော်ဂျီကီးဘုတ်ကို အချိုးတကျသွင်းလို့မရတဲ့ အပြင် Project သုံး Software ကိုလဲ လုံးဝသွင်းလို့မရပြန်ဘူး။ မရဆို အဲဒီ Software က 16/32 Bits သုံးစက်တွေအတွက်ပေကိုး။ ဘယ်နှယ်လုပ်ရပါ့။

ဒါနဲ့ ထုံးစံအတိုင်း မိတ်ဆွေကြီး ကိုနှင်းမောင် အဲလေ သူငယ်ချင်းစီ လှမ်းမေးရတယ်။ သူက Window ပြောင်းဖို့ အကြံပေးတယ်။ မဆိုးဘူး။ ဒီနေ့မနက်တော့ Window CD သုံးပြားနဲ့အတူ ပေါက်ချလာတယ်။ Windows 7 Ultimate, Vista Ultimate နဲ့ XP Professional Black Edition တွေ။ လက်ရှိစက်မှာက Window 7 (64 bits) Home Premium တင်ထားတာဆိုတော့ ကျနော့်ခမျာ Vista ကိုလဲ မသွင်းချင်ဘူး။ XP ဆီလဲ ပြန်မသွားချင်တော့ဘူး။ ဒါနဲ့ စမ်းကြည့်လိုက်တယ်။ Utimate 7 ကို Run လိုက်တယ်။ ပြီးတော့မှ သူငယ်ချင်းအကြံပေးတဲ့အတိုင်း (32 bits) ကိုရွေးပြီး တင်လိုက်တယ်။ ပြီးပြီးချင်း ပထမဆုံး စမ်းကြည့်လိုက်တဲ့ Software ကတော့ ခေတ်နောက်ကျတဲ့ ကျနော့် Project သုံး အဟောင်းစားလေး။

ဖွဟဲ့--ဖွဟဲ့--ဘုရားသိကြားမလို့ ရပါစေဗျား---။ Software လေးကတော့ လျှောလျှောလျှူလျှူ Installed လုပ်သွားပြီး။ ဒါဆိုရင်တော့ နီးစပ်ပြီပေါ့။ ဒါနဲ့ အပြီးစောင့်ပြီး ဖွင့်ကြည့်တယ်။ “ဒေါင်” ကနဲ့ အသံမြည်ပြီး Warning ကြီးတစ်ခုပေါ်လာတယ်။ ဒုက္ခပါလားနော်။ ဒီတောင်ကို ဘယ်လို ကျော်ရပါ့။ အမေရေ့ ကယ်ပါဦး ဆိုပြီး သွားလေသူ ချစ်မေမေကြီးကို တမ်းတပြီး ဆက်လက်အကြံထုတ်နေမိတယ်။ ဟိုနှိုက်ဒီနိုက်လုပ်ကြည့်တယ်။ မထူးဘူး။ ဒါနဲ့ Start ထဲ ၀င်ပြီး Icon အပေါ်မှာ Right Click ကြည့်တော့ "Run as Administrator" ဆိုတဲ့ ညွှန်းစာလေး သွားတွေ့တယ်။ ကဲ ရလိုရငြား စမ်းကြည့်တာပေါ့ ဆိုပြီး အဲဒီစာညွှန်းလေးကို ကလစ်လိုက်တော့မှ ဘသားချောကြီးက သေနတ်ပြောင်းဝက ထွက်သွားတဲ့ ကျည်ဆံလိုအဟုန်မျိုးနဲ့ ရွှီးကနဲ့အော်ပြီး ပွင့်သွားပါလေရော့လား။ ၀မ်းသာလိုက်တာဗျာ။ ဒါဆိုရင်တော့ ဟောဒီစက်အသစ်ကြီးနဲ့ စခန်းသွားလို့ ရတာ သေချာသွားပြီ။

နောက်တစ်ခု ကျန်သေးတယ်။ Window 7 (64 bits) မှာ ပြဿနာတက်နေတဲ့ ဇော်ဂျီကီးဘုတ်။ ဇော်ဂျီစပေါ်ပေါ်ချင်း အွန်လိုင်းပေါ်က ဒေါင်းထားတဲ့ ကီးဘုတ်အဟောင်းလေးတစ်ခုရှိတယ်။ အဲဒါလေးက ကျနော့်အတွက် သုံးရတာပိုအဆင်ပြေလို့ အဲဒါပဲ ဆက်သုံးနေတယ်။ နောက်ထွက်တာတွေ တစ်ခုမှ လိုက်မသုံးဖြစ်ဘူး။ ကောင်းတယ်လို့တော့ပြောတာပဲ။ ဒါပေမဲ့ ရှိတာနဲ့ အဆင်နေတဲ့အချိန် အသစ်ရကာမှ ပြဿနာတက်မှာကြောက်ပြီး မသုံးရဲတာ။ အဲဒီ ခေတ်နောက်ကျနေတဲ့ ကီးဘုတ်လေးကို Run ပြီး ဖွင့်ကြည့်လိုက်တယ်။ အားပါးပါး၊ ဘာမှတောင် မလုပ်လိုက်ရဘူး။ ရွှီးဆိုပြီး မြန်မာစာတမ်းရိုက်လို့ ရသွားတယ်။ ကျနော် ဒီပို့စ်ကို Windows 7 (32 bits) ပေါ်မှာ ဇော်ဂျီရိုက်လို့ ရရချင်း ရေးလိုက်တာပဲဗျို့။ ၀မ်းသာလို့ပါဗျား။

Mac ပန်းသီးအတွက်ရော၊ Windows 7 (64 bits) အတွက်ရော အွန်လိုင်းမှာ ပေးထားတဲ့ ဇော်ဂျီဆိုဒ်တွေတော့ တွေ့ပါရဲ့။ ဒါပေမဲ့ ညွှန်းထားသလို လိုက်လုပ်ကြည့်တော့ ပြောသလောက် အဆင်မပြေတာ တွေ့ရတယ်။ ဒါနဲ့ ကျနော်လဲ ရှာရဖွေရတဲ့ ဒုက္ခကို မခံချင်တဲ့လူပီပီ ရှိတဲ့ Software နဲ့ Bits ပြောင်းလိုက်တော့မှ အားလုံး အိုကေ သွားတော့တာပဲ။ သူငယ်ချင်းကို ကျေးဇူးတင်ပါတယ်ဗျား။ ပြဿနာရှိနေရင် ဖြေရှင်းတဲ့ နည်းလဲ ရှိနေမှာပဲလေ။ ရှာတတ်ဖို့ပဲ အရေးကြီးတယ် မဟုတ်လား။

Friday, January 15, 2010

Hallucination




What is gazed at is not seen,

What is seen is not gazed at, though.

Being obsessed by an unseen object,

A fool cannot escape from it.


(ancient admonition)



Theory of Reincarnation

Do you believe in reincarnations? You may or you may not. But there is many a evidence which reflects an individual's previous life. Reincarnation is a critical issue in many religions including Buddhism which opines a life consists of the three moments; past, present and future. Of many world religions, the two faiths; Hinduism and Buddhism which were originated at the same land, accept all moments of a life. The most salient feature between the two religions is the theory of Self and Non-self. The former theory is firmly held by Hindus. On the contrary, the second one is decisively accepted by those who regard themselves as Buddhists.

Soul or Self theory is an hypothesis  which proposes the two selves; common and ultimate. They are in technical terms expressed as Jiva-atta and Parama-atta respectively. It is hypothesized, according to Hinduism, that all individual souls come from the Supreme Brahma and they all finally go back to the Origin and  are combined with it. The hypothetical propose provides a further exegesis which explains that as long as an individual soul or self is not combined with its Origin, it has not liberated from the circle of life. According to this theory, the individual soul continuously goes and comes into existence life after life. It applies that the same person without changing its form of self ever exists till the final deliverance,which is a combination with the Brahma, is obtained.

The theory of reincarnation, according to this hypothetical exegesis, resembles to a ring which is made of gold. Although the ring is transformed into a circle shape by having changed its original form, it still is gold. As a result, it it called a 'gold ring'. Due to having firmly held this theory, Hinduism asserts a reincarnation is a form of an individual whose soul endlessly goes and comes life after life. Hinduism subsequently firmly holds the theory of soul/self which distinguishes it from that of Buddhism.

Buddhism, however, contrasts this theory with another by claiming that there is no such a soul which could continuously go around in the endless life-circle. The theory which differs Buddhism from Hinduism is called a 'Non-self'. In accordance with this notion of non-self, a person, whoever it may be, cannot be the same one as in the past life. Similarly, the present individual cannot be the same one in its future life. This opposite idea to that of Hinduism might be considerably complicated to those who have no sufficient Abhidhamic knowledge or meditational experience. Nevertheless, an analogous explanation on the issue may support them with a fair comprehension.

Let's take one example. Suppose it is a loaf of bread which is mainly made from the flour. Although it is true that bread is made from the flour, when it was adequately baked, it cannot be called flour anymore. On the contrary, it purely is a loaf of bread. It is not even expressed as flour bread just as a gold ring. It could be understood  in this case that bread cannot be made without flour, though. It applies that to be a loaf of bread, flour is an inevitable ingredient. Flour is a main cause whereas bread is its effect. It could be, however, denoted that many causes have no more the term of cause when they have become effects. They are relatively depending on each other but they are belonged to respective conditions. Complicated? May be. But just try to understand.

Reincarnation, according to Buddhism, suits this analogy. Buddhism does not deny there are past, present and future lives. It even professes that a life of an individual is related to all three moments. In contrast, however, it rejects only a person's continuous existence all the time. Continuity of something is denied in Buddhism which contrarily asserts a momentariness of existence. Therefore, the salient differentiation between the two faiths in this complicated issue could be assumed that reincarnation is ultimately held in Hinduism while it is, according to Buddhism, a mere conventional silhouette.  


Monday, January 11, 2010

To my Readers


Sorry, my friends. I am using now a new PC with Windows 7 in which Zawgyi family so far has not operated yet and there are some technical problems too with my machine. As long as Zawgyi operator has not worked, many of my posts will be hauled in English. I, nevertheless, reckon you all understand very well my simple language which is not in academic beauty.

For some of my younger brothers and sisters who are still busy with their educational atmosphere, I believe the posts distributed here might somewhat persuade their enthusiastic spirit of study. From now onward, the posts may be mostly found in English if I have enough time to compose them. Don't worry, my dears but just try to learn what is shared here. The time will support an appropriate comprehension to a regular pursuer. Most significant thing is a reader's curiousity for general knowledge. A proper attampt will be made here and an eager spirit to pursue is a factor. Enjoy it! Coming soon!

Saturday, January 9, 2010

Issues on an Abortion


The following questions and answers on the issue of the aspect of Buddhism in an abortion are here distributed. One of junior students from the Department of Arts and Humanities at SOAS college, the University of London raised the questions to which the answers are provided from a Buddhist perspective. This issue on the aborting a conceptus is really critical. The answers supported here are not expected to be academic but they might render further consideration on this problem to those who are interested in. A reader can provide different views on the issue if s/he disagrees with what mentioned here. One question on such equivocal aspect might be rendered many an answer. So, a reader has a right to conflict with the answers provided in this post.


(Q) I interviewed you about your views on abortion in December. Thank you very much for taking the time to talk to me. As well as being helpful for my buddhism course, it was very interesting to talk to you too. I have been thinking about and reading more on buddhism and abortion over the holidays, and I wondered if you wouldn't mind answering a couple more questions on it if you have time?

(A) I don’t have much time actually. But I am really interested in the questions you’ve put.

(Q) I have read in a few books that buddhism considers a foetus to be a full human being from the moment of conception because it is in posession of the five aggregates. This would suggest then that aborting a foetus at an earlier stage is no less wrong than doing it at a later stage. Do you agree with these statements?

(A) It is true that Buddhism recognizes a human being from the beginning; that is from the first moment of conception. It, however, does not mean that both aborting a foetus at an earlier stage and killing an already developed human being are in the same quantity of bad karma because a tender embryo is destined to be easier destroyed than an adult body. According to Buddhism, by karma is precisely meant volition or intention. That is bad intention is bad karma and good intention is good karma.

(Q) If the foetus is a complete human being, then does that make killing it just as immoral as killing an adult human?

(A) Negative. The answer is already given above.

(Q) If it were a choice between the two (for example if continuing with a pregnancy would kill the mother), would it then be ok to abort the foetus?

(A) This question is raised by many people as far as I know. The answer, however, given to it is somewhat arbitrary. I checked last night the canonical and paracanonical accounts recorded in the Theravada Pali texts. So far as I have discovered, there is no exception for this issue. However, Buddhism is not such a dogmatic religion but a really flexible and logical. It provides a due respect to the society concerned though a monk under any circumstances is not allowed to do so. I mean a monk must not give even a suggestion to a woman who requests for some contraceptives from him. Nevertheless, lay individuals have a choice. In aborting a foetus, to the question whether it leads to bad karma or not, the most critical factor is a mother’s own intention. If she does abortion with a bad purpose; that is just to destroy it for her own advantages, she cannot escape from the corresponding consequence. In contrast, if a woman has to choose either life, I assume that she is right to do abortion because her life pragmatically is more valuable than that of an unseen and unborn conceptus. You may find some stories in which the Buddha himself seems cruel. For example, the Blessed One, in the story of Magandiya (Dhammapada), who foresees that both the Brahmins; wife and husband are destined to realize the enlightenment and their daughter is to be badly ruined. The Lord prioritises the parents and ignores the daughter. Let alone an unseen embryo, when you happen to kill a person who tries to definitely take your life, what does the British Law mention? You have a right to defends and protect your own life and so does the Buddhist Law, my dear. The most significant phenomenon as I aforementioned is ‘intention’. If a woman aborts her conceptus with a bad intention, the result will come out depending on the weak or strong purpose. On the other hand, if she is in critical situation for her life, she is right to prioritise hers. Life is in deal or no deal, my friend.

(Q) Are there no circumstances at all under which it is ok to have an abortion, and not receive bad kamma for it (such as the example above, or a case where the child would live a very short life of extreme suffering)?

(A) Definitely yes, there is a circumstance. In this case, it is necessary to understand how karmas are functioning. There are 12 types of karmas which are explicitly expressed in Abhidhamma treatises, and are not elaborated herein. Of them, however, one of karmas is discussible. It is called ‘Ahosi-karma’ meaning a ‘barren action’. For instance, a person has committed some evil deeds; physical, verbal or mental which may be following his/her like a silhouette under the light in this very life and in the hereafter as well. This karma, if weak, is, however, automatically erased when another stronger karma whatever good or bad is performed. When a student applied for the university admission, it is not necessary to describe that s/he attended a primary school when s/he was young but s/he is eligible if s/he has an official certificate access to a course. Similarly, all karmas are playing. When a strong karma results in a corresponding effect, a weak one fades away. One thing, nonetheless, should be noted is that whatever karma which is performed with an intention cannot be deleted, says the Buddha, and in the endless circle of life, it awaits to bear a due fruit until a person gains the final liberation. A woman, who aborts, under unavoidable circumstances such as to save her life or to stop an extremely miserable condition of her child, with a reluctant intention or without having any bad purpose, is plausible. One thing should be denoted is that Buddhism never conflict with what a society fairly follows.

(Q) Is there such a thing as a good-intentioned abortion? Even though the act itself may be wrong, if the people who performed it genuinely believed it were for the best, then would they still receive punishment and bad kamma for it?

(A) The answer to this question does not deviate from the above mentioned one. But some details might make you happier. You have put a very good question. I don’t think some women who do abortion have a good intention. If they are, nevertheless, asked why they did so, zillions of excuses will come out of their beautiful lips. Yes, you are right saying that there are some who are genuine in their actions. But how many such people have you ever seen in your life? And in aborting a foetus, who knows they made it with a good intention? Many people give excuses to themselves for what they have done so that they dare not to recall. Despite such dishonest abortion done by many without genuine intention, if a woman who happens to unwillingly do such a thing for the sake of her life or her child’s incurable suffering, she is to be said doing what should be done. By doing so, I logically assume that she might not receive any punishment the Hereafter if she can lead the rest of her life to be better and better, that is if she well conducts some benevolent services for her society. It is pragmatic to comprehend that although the Buddhist religious texts mention different types of realms such as heavens and hells, the Buddha himself emphasises on the present condition in this very life. Rules and regulations laid down for monks and nuns must not be applied to the laities. In contrast, many monastic rules such as killing, stealing, etc., were laid down somewhat adopting the then-laws of Magadha State. Some academics, reading the monastic codes for the particular religious virtuosos and wearing such dark-glasses, might take a look at the lay society and assume that Buddhism is negative, dogmatic and non-flexible religion. Yes, they are right to say Buddhism is negative. But this “Negativeness” is precisely compared to a negative result in a blood test. Dogmatic it is because it regards that there is only one single way, to the final liberation, which is the ‘Eightfold Noble Path”. It is not flexible with intentionally committing any vicious deeds. So it is called ‘Buddhism’, my dear Bruce.

So far, Bruce, I have provided your questions with some relevant answers. You may, however, have some further quests. They are also welcome, my dear. I am pleased with your questions.

Thursday, January 7, 2010

သမိုင်းကောင်းဖို့ ကြိုးပန်းစို့

“ရှေ့လူတွေက မစားပဲနဲ့ စွန့်သွားကြလို့၊ နောက်လူတွေက မစွန့်ပဲ စားနေကြရတာပေါ့ဗျာ့” ဆိုတဲ့ ဆရာကြီးဦးအောင်သင်းရဲ့ ဟောပြောခွေတစ်ခုထဲက စာသားလေး နားထဲမှာ ကြားယောင်နေမိတယ်။ စဉ်းစားကြည့်တော့လည်း ဟုတ်နေတာပဲ။ ဒါပေမဲ့ ပြည်သူတွေအများစုကတော့ ငတ်လျှက် ပြတ်လျှက်ပါပဲဗျာ။ ဘယ်သူတွေ စားနေကြလဲ ဆိုတာတော့ အားလုံးအသိပါ။ ရှေးက မစားပဲ စွန့်သွားကြတဲ့ အာဇာနီခေါင်းဆောင်ကြီးတွေကို စားနေရတဲ့ နောက်လူတွေက သတိမရတဲ့အပြင် သတိရတဲ့လူတွေကိုတောင် ဒုက္ခပေးနေတဲ့ အခုလို ခေတ်ဆိုးကြီးထဲမှာ သတိရယုံတင်မက ရဲရဲဝံ့ဝံ့ ဂုဏ်ပြု၊ အသိအမှတ်ပြုတတ်တဲ့ လူတွေလည်း အများအပြားရှိနေပါသေးတယ်။ အဲဒီအထဲ တစ်ဦးသော ပုဂ္ဂိုလ်ကတော့ စံပြလို့ ဆိုလောက်ပါတယ်။ သူက အခြားမဟုတ်ပါဘူး။ ကျေးဇူးတော်ရှင် သီတဂူဆရာတော်ဘုရားကြီးပါ။

ကျနော် ဆရာတော်ဘုရားကြီးကို ချီးကျူးပြီးရေးမှာ မဟုတ်ပါဘူး။ ကျနော့်လို အညတြတစ်ယောက်မှာလည်း ဆရာတော်ဘုရားကြီးရဲ့ ဂုဏ်တွေကို ချီးကျူးရလောက်အောင် အရည်အချင်းမရှိသေးပါဘူး။ ကျနော့်စာကြောင့် “လူမိုက်ချီးမွမ်း၊ ဂုဏ်နာနွမ်း၏” အဖြစ်မျိုးရောက်မှာလည်း စိုးလှပါတယ်။ ဒါပေမဲ့ ဒီစာကို ရေးခြင်းဟာ ရေးချင်လို့ကိုရေးတာပါ။ ရေးချင်တာကတော့ ရေးသင့်တယ်ထင်လို့ဆိုပါတော့။ ဘာ့ကြောင့်ထင်သလဲ ဆိုပြန်တော့ ကျနော်တို့လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဆက်စပ်မှုရှိနေလို့။ ဒါကြောင့် သိသလောက် ရေးဖြစ်တာပါ။ လေထွားထွားနဲ့ ပြောရရင်တော့ သမိုင်းကြီးတဲ့လူတစ်ယောက်ကို သမိုင်းကြီးမည့် လူတစ်ယောက်က ဂုဏ်ပြုတဲ့ပွဲကို သမိုင်းရေးတဲ့လူတစ်ယောက်က သမိုင်းကျန်အောင် မှတ်တမ်းတင်တဲ့ သဘောပဲဆိုပါတော့ဗျာ။


ဗိုလ်ချုပ်အောင်ဆန်းမွေးဖွါးခဲ့သော နတ်မောက်အိမ်ကြီး

မြန်မာ့လွတ်လပ်ရေးကို အရယူပေးခဲ့တဲ့ အာဇာနီခေါင်းဆောင်ကြီးတွေဟာ မြန်မာ့သမိုင်းမှာရော ကမ္ဘာ့သမိုင်းမှာပါ ထာဝရရှင်သန်နေကြပြီးဖြစ်ပါတယ်။ သမိုင်းဆိုတာ ဖျက်လေ ထင်ရှားလေပါပဲ။ သမိုင်းကို ဖျက်ဖို့ကျိုးစားတဲ့ လူတွေရဲ့ သမိုင်းတွေသာ မျက်နှာငယ်စွာနဲ့ နောက်တမ်းကျန်ရစ်ကြမှာပါ။ အများအကျိုး စွန့်စွန့်စားစား သည်ပိုးဆောင်ရွက်သွားကြတဲ့ လူတွေရဲ့ သမိုင်းကတော့ လူ့သမိုင်းရှင်သန်နေသမျှ ရှင်သန်နေဦးမှာပါပဲ။ “နာမဂေါတံ္တ န ဇီရတိ” တဲ့။ အမည်အမျိုးအနွယ်ဆိုတာ သေသွားရိုးမှ မရှိလေပဲ။ အထူးသဖြင့် ဗိုလ်ချုပ်တို့လို နာမည်မလိုချင်ပဲ အလုပ်လုပ်တဲ့ လူတွေရဲ့ အမည်တွေဆိုတာ ပိုပြီးတော့တောင်မှ သေရိုးမရှိသေး။ ဘာဖြစ်လို့လဲ? လူတွေစိတ်ထဲမှာ သူ့နာမည်က သူ့ကိုလေးစားမှုနဲ့ အတူတွဲပြီး ရှိနေနှင့်ပြီဖြစ်လို့ပါပဲ။

ပြီးခဲ့တဲ့ ဇန္န၀ါရီလ (၄)ရက်နေ့မှာ ကျရောက်တဲ့ မြန်မာ့လွတ်လပ်ရေးနေ့မှာ ဗိုလ်ချုပ်အပါအ၀င် အာဇာနီခေါင်းဆောင်ကြီးများကို ရည်စူးပြီး သီတဂူဆရာတော်ကြီးနဲ့ သက်ဆိုင်ရာ ဒကာဒကာမများက ကောင်းမှုတစ်ခုပြုခဲ့ကြပါတယ်။ အဲဒီကောင်းမှုကတော့ ဗိုလ်ချုပ်မွေးရပ်မြေဖြစ်တဲ့ နတ်မောက်မြို့မှာ “သီတဂူဒီပင်္ကရာစက္ခုဒါနဆေးရုံတော်” အမည်နဲ့ မျက်စိအထူးကု ဆေးရုံကြီးတစ်ရုံဆောက်လုပ်လှူဒါန်းကြပါတယ်။ ဆေးရုံတော်ကို ဒီပင်္ကရာအမည်ရှိ ဘုန်းကြီးကျောင်းထဲမှာ ဆောက်လုပ်ထားတယ်လို့ သိရပါတယ်။ အဲဒီ ဘုန်းကြီးဟာလည်း ဗိုလ်ချုပ်နဲ့ တိုက်ရိုက်ဆက်စပ်မှုရှိတဲ့ ကျောင်းတစ်ကျောင်းပါ။ ဗိုလ်ချုပ်ကလေးဘ၀တုန်းက လေးတန်းအထိ တက်ခဲ့တဲ့ အစိုးရစာသင်ကျောင်းတစ်ကျောင်းဖြစ်ခဲ့ဖူးပြီး ဗိုလ်ချုပ်ကို မွေးတဲ့ အိမ်နဲ့ မနီးမဝေးမှာ တည်ရှိပါတယ်။

သီတဂူဆရာတော်ဘုရားဟာ ထေရ၀ါဒဗုဒ္ဓသာသနာမှာ အတော်အတန်လင့်လပ်လျှက်ရှိတဲ့ အများအကျိုးပြုလုပ်ငန်းကြီးတွေကို လုပ်တဲ့ နေရာမှာတော့ အများသူငါ စံထားအထိုက်ဆုံးပုဂ္ဂိုလ်ကြီးတစ်ပါးဖြစ်ကြောင်း သံသယရှိစရာမလိုပါဘူး။ ဆရာတော်ကြီးဟာ သူနေထိုင်သီတင်းသုံးတော်မူရာဖြစ်တဲ့ စစ်ကိုင်းတောင်မှာ ရေအလှူတော်၊ ဆေးအလှူတော်နဲ့ ပညာအလှူတော်ကြီးတွေကို ပေးခဲ့တာ ဆယ်စုနှစ်တွေ ချီခဲ့ပါပြီး။ အဲဒီကာလတွေအတွင်း အခြားအခြားသော မြို့များမှာလဲ မျက်စိအထူးကုဆေးရုံကြီးတွေကို တစ်ခုပြီးတစ်ခု ဆောက်လုပ်လှူဒါန်းတော်မူခဲ့ပါတယ်။


ဆေးရုံဖွင့်ပွဲအလှူတော်မင်္ဂလာ တရားဟောကြားတော်မူစဉ်

မြန်မာပြည်ရဲ့ နောက်ဆုံးဘုရင်ဖြစ်တဲ့ သီပေါမြို့စားအမှတ်တရအဖြစ် သီပေါမြို့မှာလည်း ဆေးရုံကြီးတစ်ရုံဆောက်လုပ်လှူဒါန်းတော်ခဲ့ပါတယ်။ ဒီဆေးရုံကိုတော့ သီပေါမင်းကို လေးစားလို့မဟုတ်သော်လည်း မြန်မာ့မင်းဆက်သမိုင်းကို အသိအမှတ်ပြုတော်မူလို့ လှူဒါန်းခဲ့တာလို့ ယူဆရပါတယ်။ နောက်ပြီး ကုလသမဂ္ဂအတွင်းရေးမှူးချုပ်တာဝန်ကြီးကို ၁၉၆၁-ကနေ ၁၉၇၁-အထိ ဆယ်စုနှစ်တစ်ခုကြာအောင် ထမ်းဆောင်ခဲ့တဲ့ မြန်မာ့သားကောင်းရတနာ ဦးသန့် မွေးဖွါးရာ ပန်းတနော်မြို့မှာလည်း မျက်စိအထူးကု ဆေးရုံတော်တစ်ခု ဆောက်လုပ်လှူဒါန်းခဲ့ပါတယ်။ ဒီလှူဒါန်းမှုတွေကို သုံးသပ်လိုက်မယ်ဆိုရင် ဆရာတော်ဘုရားကြီးဟာ အများကောင်းကျိုးကို ဘယ်လောက်ထိ လိုလားတော်မူသလဲဆိုတာ သိနိုင်တဲ့အပြင်၊ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးကို ဘယ်လောက်ချစ်တဲ့ မျိုးချစ်ပုဂ္ဂိုလ်ကြီးဖြစ်တယ်ဆိုတာလဲ ခန့်မှန်းနိုင်ပါတယ်။ ဒါ့အပြင် သမိုင်းကို ဖျောက်ချင်သူတွေကို အံတုပြီး လုပ်ရတဲ့အတွက် ရဲဝံ့စွန့်စားသော လုပ်ရပ်တစ်ခုလို့တောင် ယူဆနိုင်ပါတယ်။

အဲဒီဆေးရုံတွေအပြင် ကလေးမြို့စတဲ့ မြို့များစွာမှာလည်း ဆေးရုံတွေဆောက်လုပ်လှူဒါန်းတော်မူခဲ့ကြောင်း သိရှိ ကြည်ညိုရပြန်ပါတယ်။ အထူးအဖြင့် နာဂစ်ကာလမှာ ဆရာတော်ဘုရားကြီးဟာ ဧရာဝတီနဲ့တစ်သားတည်းကျအောင် နေပြတော်မူခဲ့ပါတယ်။ လေဒဏ်မိုးဒဏ်ကြောင့် ပျက်စီးပြိုကျသွာခဲ့ရရှာတဲ့ စာသင်ကျောင်းပေါင်းများစွာ၊ ဆေးရုံပေါင်းများစွာ၊ ဘုန်းကြီးကျောင်းပေါင်းများစွာနဲ့ ဘုရားစေတီအဆူဆူတို့ကို အသစ်ပြန်လည်မွန်းမံတည်ထားပေးရုံမက ဒုက္ခသည်ပေါင်း ရာထောင်ချီတို့ကိုလည်း တတ်စွမ်းသမျှ ကယ်ဆယ်မတည်ပေးခဲ့ကြောင်း သိရှိရပါတယ်။


သီတဂူဒီပင်္ကရာစက္ခုဒါနဆေးရုံတော်

ဆရာတော်ဘုရားကြီးရဲ့ ကောင်းမှုမှတ်တမ်းတွေဟာ တကယ်တော့ သူ့ရဲ့ သမိုင်းမှတ်တမ်းကြီးတွေပါပဲ။ ဟစ်တလာတို့လို လောကကို အဆိုးပြုဖို့ မွေးလာသူတွေ ရှိသလို ထောမတ်အယ်ဒီဆင်တို့လို လောကကို အကျိုးပြုဖို့အတွက် မွေးဖွါးလာတဲ့သူတွေလည်း အများအပြားပါပဲ။ ကျနော်တို့ တိုင်းပြည်နဲ့ ကျနော်တို့ဘာသာအတွက်တော့ သီတဂူဆရာတော်ဘုရားကြီးဟာ လောကကို အကျိုးပြုဖို့မွေးဖွါးလာသူဖြစ်ကြောင်း အလွန်ထင်ရှားပါတယ်။ သူဟောတဲ့ တရားတွေကို နာဖူးသူတိုင်း ကြားဖူးတဲ့ စကားတစ်ခွန်းရှိပါတယ်။ “လောကတ္ထစရိယ” တဲ့။ လောကအကျိုးကို ဆောင်ရွက်ခြင်း လို့အဓိပ္ပါယ်ရပါတယ်။ အဲဒီစကားလုံးဟာ ဘုရားအလောင်းတော်ကြီးတွေရဲ့ ကျင့်စဉ်သုံးမျိုးထဲ တစ်မျိုးအပါအ၀င်ဖြစ်ပါတယ်။

ဘုရားအလောင်းတော်တွေဟာ အများကောင်းကျိုးကို ပထမဦးစားပေး စဉ်းစားကြလေ့ရှိပါတယ်။ ဒါကို “လောကတ္ထစရိယ” လို့ ပြောပါတယ်။ အဲဒီနောက် အမျိုးကောင်းကျိုးကို ဒုတိယစဉ်းစားပါတယ်။ ဒါကိုတော့ “ဉာတတ္တစရိယ” လို ဆိုပါတယ်။ နောက်ဆုံးမှ မိမိအတွက် စဉ်းစားပါတယ်။ အဲဒါကိုတော့ “ဗုဒ္ဓတ္ထစရိယ” လို့ ခေါ်ပါတယ်။ သီတဂူဆရာတော်ဘုရားရဲ့ လုပ်ရပ်တွေကို သုံးသပ်လိုက်မယ်ဆိုရင် ဒီကျင့်စဉ်တွေနဲ့ ကိုက်ညီနေတာ တွေ့နိုင်ပါတယ်။ ဒါပေမဲ့ ဆရာတော်ဘုရားက သူ့ကိုယ်သူဘုရားလောင်းဖြစ်ကြောင်း ဘယ်သောအခါမှ အမိန့်မရှိခဲ့ဖူးဘူးလို့ အနည်းကပ်ကိုးကွယ်ဖွင့် ရသူတွေဆီက ကြားဖူးပါတယ်။

မြန်မာ့လွတ်လပ်ရေးနေ့ဖြစ်တဲ့ ဇန္န၀ါရီလ (၄)ရက်တွင် ဗိုလ်ချုပ်အောင်ဆန်းအမှူးပြုသော အာဇာနီခေါင်းဆောင်ကြီးများအား ရည်စူးဂုဏ်ပြုလျှက် လှူဒါန်းခဲ့သော မျက်စိဆေးရုံတော်အလှူအပါအ၀င် လောကသားတို့၏ အကျိုးစီးပွါးကို လောကတ္ထစရိယစိတ်ထားဖြင့် ဆောင်ရွက်ပြီး ဆောင်ရွက်ဆဲ ဆောင်ရွက်လတံ့ဖြစ်သော ဆရာတော်ဘုရားကြီး၏ ကောင်းမှုအ၀၀ကို ဤနေရာမှ သာဓုခေါ်ပါသည်။ ဆရာတော်ဘုရားကြီးနှင့်တကွ အားလုံးသော မျိုးချစ်ကောင်းမှုရှင်များအား ထပ်မံ၍ လေးစားစွာ မှတ်တမ်းပြုအပ်ပါကြောင်း။

မှတ်ချက်။ နတ်မောက်ဆေးရုံဖွင့်ပွဲသို့ ဆရာတော်ဘုရားနှင့်အတူလိုက်ပါပြီး မှတ်တမ်းဓာတ်ပုံများ ရိုက်ယူပေးပို့ခဲ့တဲ့ အမအား အထူးကျေးဇူးတင်ရှိပါသည်။

Wednesday, January 6, 2010

သေခြင်းထက် နေခြင်းခက်


ဗုဒ္ဓဘာသာဝင်တို့ နာယူမှတ်သားဖူးတဲ့တရားတွေထဲက အများဆုံးကြားဖူးနေကြတဲ့တရား တစ်ပုဒ်ကတော့ ဓမ္မစကြာတရားတော်ဖြစ်မယ်ထင်ပါရဲ့။ မြတ်ဗုဒ္ဓကိုယ်တော်ရှင် ဘုရားအဖြစ်သို့ ရောက်ပြီးမကြာမီ ပဉ္စ၀ဂ္ဂီလို့ခေါ်တဲ့ ရဟန်းတော်ငါးပါးနဲ့ စကြာဝဠာတစ်သောင်းက လာရောက်နာယူကြတဲ့ နတ်ဗြဟ္မာတွေကို အဦးဆုံးဟောကြားခဲ့တယ်ဆိုတာလဲ အများသိပြီးသားပါ။ ဓမ္မစကြာတရားတော်ရဲ့ အနှစ်ချုပ်ကတော့
(၁) မဇ္ဈိမပဋိပဒါလို့ ထင်ရှားကျော်ကြားလှတဲ့ အစွန်းနှစ်ဘက်လွတ် အလယ်အလတ်ကျင့်စဉ်
(၂) ဗုဒ္ဓဘာသာရဲ့ အနှစ်ချုပ်ဖြစ်တဲ့ မဂ္ဂင်းရှစ်ပါး အကျင့်တရား
(၃) ဆင်းရဲခြင်းနဲ့ ၎င်းရဲ့အကြောင်းတရား၊ လွတ်မြောက်ခြင်းနဲ့ ၎င်းရဲ့အကြောင်းတရား လို့ခေါ်တဲ့သစ္စာလေးပါး တို့ဖြစ်ကြောင်း မှတ်သားခဲ့ရဖူးပါတယ်။

အဲဒီတရားဟောစဉ်တွေအနက် သစ္စားလေးပါးထဲပါတဲ့ ဆင်းရဲခြင်းကို ဟောတဲ့အခါ “ယံပိစ္ဆံ န လဗ္ဘတိ၊ တမ္ပိ ဒုကံ္ခ=လိုတာမရခြင်းဟာလဲ ဆင်းရဲခြင်းပဲ” ဆိုတဲ့ အပိုဒ်လေးကို ကြားမိတိုင်း ကိုယ့်ကိုယ်ကို ပြန်ပြန်သုံးသပ်မိပါရဲ့။ အလိုမကျမှုတွေနဲ့ ပြည့်စုံနေတဲ့ဘ၀၊ မပြည့်စုံမှုတွေကြောင့် အလိုမကျဖြစ်ရတဲ့ဘ၀မှာ ဒုက္ခဆိုတာ ချိုနဲ့လားလို့ မေးရအောင် ကိုယ့်ကိုလာမှန်တဲ့ ဒုက္ခတုံးအခဲတွေကို ရင်ဆိုင်နိုင်ဖို့ အင်းအားတစ်ခုတော့ လိုကြမှာပါ။ လူဆိုတာ တစ်ယောက်တည်းနေတဲ့အခါ အလိုမကျ ဖြစ်ရသလို အများနဲ့ နေတဲ့အခါ မျိုမကျဖြစ်ရပြန်တာ ဓမ္မတာပါ။ တစ်ခါတစ်ခါမှာတော့ အလိုမကျမှုတွေရော မျိုမကျမှုတွေပါ ရောထွေးပါလာတတ်တာတွေလဲ ရှိတတ်လေသေးရဲ့။

ပတ်ဝန်းကျင်နဲ့ မကင်းနိုင်တဲ့ လူ့ဘ၀တစ်ခုရဲ့ တိုတောင်းလှတဲ့ သက်တမ်းအတွင်း အလိုမကျမှုတွေ ဘယ်လောက်တောင် ဖြစ်မလဲ? အလိုမကျမှု တစ်ခုဖြစ်တိုင်း ဒုက္ခတစ်ခုလို့ ရေတွက်ပြီး စုထားမယ်ဆိုရင် ဒုက္ခအတုံးအခဲတွေရဲ့ အစုအပုံကို မြင့်မိုရ်တောင်ထိပ်ပေါ်က တက်ကြည့်ရင်တောင် ဒုက္ခပုံရဲ့ အစအနလောက်ပဲ တွေ့မြင်ရမှာပါ။ ဒါတောင် လူတစ်ယောက်ရဲ့ ဒုက္ခပဲ ရှိပါသေးတယ်။ ဒါပေမဲ့ ဟောဒီလောကကြီးထဲ ဒုက္ခကို တစ်ကယ်တွေ့တဲ့လူကို လိုက်ရှာကြည့်မယ်ဆိုရင် ရှာတဲ့လူလည်း သက်တမ်းစေ့ပြီး သေသွားရုံပဲရှိမှာပါ။ ဒီလောက်များပြားလှတဲ့ ဒုက္ခတောထဲမှာ ဒုက္ခကိုတွေ့တဲ့လူဆိုတာလဲ ကြာလေ ရှားလေပါပဲလေ။ အဲလို ရှားလှတာနဲ့အမျှ ဒုက္ခရဲ့အရသာဆိုတာလဲ ခါးသီးရမည့်အစား ပျားရည်စက်ပမာ ချိုမြတဲ့ အသွင်ဆောင်လာပါတော့တယ်။

ဒါပေမဲ့ လူဆိုတာ ဒုက္ခပျားရည်အိုးထဲ ရုန်းမရ၊ ကူးမနိုင်ဖြစ်ပြီး နစ်နေတဲ့ သနားစရာသတ္တ၀ါတစ်မျိုးဖြစ်ကြောင်း ဘယ်တော့မှ ကိုယ့်ကိုယ်ကို ခံယူလေ့မရှိပါဘူး။ အဲဒီလို မခံယူတတ်လို့လဲ နစ်ပြီးရင်း နစ်ရင်းနဲ့ နောက်ဆုံးထွက်သက်က နှုတ်ဆက်တော့မယ်ဆိုမှ အသိတရားဝင်လာပြီး “ဟာ---ငါ အသိနောက်ကျလေခြင်း” လို့ အတွေးပေါက်လာတတ်ပါတယ်။ ဒါပေမဲ့ “နောက်ကျခြင်းအားလုံးထဲမှာ အသိနောက်ကျခြင်းဟာ အဆိုးဝါးဆုံးသော နောက်ကျခြင်းတစ်ခုဖြစ်တယ်” ဆိုတဲ့ အသိမျိုး မရလိုက်ခင်မှာပဲ ထွက်သက်က သူ့ကို အပြီးအပိုင် နှုတ်ဆက်သွားပါပြီ။

ဆရာသမား တစ်ယောက်ပြောခဲ့ဖူးတဲ့ စကားတစ်ခွန်းကို အမှတ်ရမိပါသေးတယ်။ “လူဆိုတာ သေဖို့လွယ်တယ်ကွာ့၊ ဒါပေမဲ့ နေဖို့တော့ ခက်တယ်” တဲ့။ အဲဒီတုန်းက သူ့စကားကို နားမလည်ခဲ့ရိုးအမှန်ပါ။ လူတိုင်းသေရမှာကြောက်နေတာ သိရက်သားနဲ့ ဘာဖြစ်လို့ ဒီစကားပြောရလဲလို့တောင် တွေးမိလိုက်ပါသေးတယ်။ အဲဒီတုန်းကပါ။ အခုတဖြေးဖြေးခြင်း တွေးကြည့်တော့မှ ဆရာ့စကားရဲ့ အဓိပ္ပါယ်လေးနက်မှုရှိပုံကို တရေးရေးမြင်ယောင်လာမိတော့တယ်။ သေတာ ဘာမှမဆန်းဘူး ဆိုတာ လူတိုင်းသိတယ်။ အဲဒီလို ဘာမှမဆန်းဘူးလို့မှတ်ယူထားလို့လဲ အချို့ဆို သေခြင်းအပေါ် ဒုက္ခလို့တောင် မမြင်ကြတော့ဘူး။ သစ်ပင်ပေါ်က သစ်ရွက်တစ်ရွက် ကြွေကျသလောက်ပဲ အောင့်မေ့လာတတ်ကြတယ်။ တကယ်တော့ သေတဲ့ကိစ္စကို ဆန်းတယ်လို့ မြင်တာ၊ သို့မဟုတ် တကယ့်ဒုက္ခလို့မြင်တာ တစ်ယောက်ပဲ သမိုင်းမှာပေါ်ဖူးတာပါ။ သိဒ္ဓတ္ထ။ ဒါကြောင့်လဲ ကျနော်တို့လို နောက်လူတွေမှတ်သားနာယူလို့ မကုန်ခမ်းနိုင်လောက်အောင်ကို သူ့တရားတွေက များပြားနေရတာပေါ့။

သိဒ္ဓတ္ထကတော့ သေတာဆန်းတယ်လို့ တွေးမိတဲ့အတွက် မသေရာလမ်းစဉ်ကို သူကိုယ်တိုင် တွေ့အောင်ရှာပြီး သူများကိုလည်း ညွှန်ပြခဲ့တယ်။ ကျနော့်ဆရာသမားကတော့ “သေဖို့လွယ်တယ်၊ နေဖို့ခက်တယ်” လို့တွေးမိပြီး နေဖို့လမ်းစဉ်တစ်ခုကို သင်ပြပေးခဲ့တယ်။ အဲဒီလမ်းစဉ်ကတော့ “နေတတ်ရင် ကျေနပ်စရာဖြစ်တယ်” တဲ့။ ဟုတ်တယ်။ မကျေမနပ်နဲ့ ငြီးတွားနေတဲ့ လူတွေကို ကြည့်လိုက်ရင် မနေတတ်လို့ ဖြစ်နေတာ ရာခိုင်နှုံးအတော်များများ တွေ့နိုင်တယ်။ ဒါပေမဲ့ အဲလိုငြီးတွားနေတဲ့ လူတွေ အတော်များများဟာ “ဒီလိုဖြစ်ရတာ ကိုယ်ကိုယ်တိုင်ကြောင့်ပါလားရယ်” လို့ တွေးမိတဲ့လူ အတော်နည်းပါးလှပါတယ်။ ဖြစ်ပေါ်လာတဲ့ မကျေနပ်မှုအတွက် တရားခံကို ရှာတဲ့အခါ ကိုယ့်ကိုယ်ကို ချန်ထားမိတတ်ကြတယ်။ ကျနော့်ဆရာသမားပေးတဲ့ “ကျေနပ်အောင် နေနည်း” ကတော့ “ဖြစ်လာတဲ့ ပြဿနာအတွက် အရင်ဆုံး ကိုယ့်ကိုယ်ကိုပဲ တရားခံရှာပါ” တဲ့။

အဲဒီနည်းဟာ ကျင့်သုံးကြည့်လေလေ ထိရောက်မှုရှိလေလေ ဆိုတာကို တွေ့ရတယ်။ အကြောင်းအားလျော်စွာ ဖြစ်လာရတဲ့ပြဿနာတစ်ခုအတွက် အကြောင်းဆိုတာ သူများမဟုတ်ဘူး၊ ကိုယ်ကိုယ်တိုင်ပဲလို့ သိလိုက်တဲ့အခါ ပြဿနာရဲ့ ဘောင်ဟာ တော်တော့်ကို ကျဉ်းမြောင်းသွားတာ သိရတယ်။ အဲဒီလို သိလိုက်တာနဲ့ ကိုယ့်အနားက လူတွေအပေါ်မှာရော၊ ကိုယ့်ပတ်ဝန်းကျင်က လူတွေအပေါ်မှာပါ ထိုးချင်တင်တင်ဖြစ်နေတဲ့ လက်ညှိုးဟာ ကိုယ့်ဆီပဲ နောက်ဆုံးပြန်ရောက်လာပြီး ပြဿနာဟာလည်း ပြေလည်သွားတတ်တယ်။ တကယ်တော့ ပြဿနာဖြစ်တယ်၊ ပြဿနာဖြစ်တယ် ဆိုတာ အဲဒီပြဿနာကို သူများဆီလွှဲချလို့ ဖြစ်ရတာက ခပ်များများကလား။

ဖြစ်ပေါ်လာတဲ့ ပြဿနာအတွက် ကိုယ့်ကိုယ်ကို ပြန်ပြီး လက်ညှိုးထိုး သုံးသပ်လိုက်တဲ့အခါ---
(၁) ကိုယ့်ပတ်ဝန်းကျင်အပေါ် အမြင်စောင်းခြင်းလည်း နည်းပါးသွားမယ်၊
(၂) ကိုယ့်ချို့ယွင်းချက်ကို မြင်ပြီး နောက်တစ်ခါ မဖြစ်မိအောင် သတိထား လုပ်ဆောင်တတ်သွားမယ်၊
(၃) အလိုမကျမှုတွေကြောင့် ဖြစ်ပေါ်ရလာတဲ့ ဒုက္ခပုံကြီးလဲ တဖြေးဖြေး လျော့ပါးသွားမယ်။
စသဖြင့် စသဖြင့် ကောင်းကျိုးတွေ အများကြီးထွက်လာမှာပါ။ “နေတတ်ရင် ကျေနပ်မယ်” ဆိုတဲ့ စကားအပြင် ဆရာသမားက ဆက်ပြောသေးတယ် “သေတတ်ရင် နတ်ဖြစ်မယ်” တဲ့။ ဒီနောက်စကားရဲ့ အဓိပ္ပါယ်ဟာလဲ ဖွင့်ဆိုချင်သလို ဖွင့်ဆို ပြည့်ဝနေမှာပါ။ ဒါပေမဲ့ ဒီဘ၀မှာ နေတတ်အောင် နေနေတဲ့ လူတစ်ယောက်ဟာ သေတတ်အောင် ကျင့်ကြံနေတာနဲ့ အတူတူပဲလို့ ကျနော်ကတော့ ယူဆတယ်။ အဲဒီတော့ နေတတ်အောင် နေရင် ဒီဘ၀မှာလဲ ကျေနပ်မယ်၊ နောင်ဘ၀ဆိုတာရှိနေရင်လည်း အဲဒီနောင်ဘ၀မှာ လူကောင်းနတ်ကောင်းဖြစ်မှာ မလွဲဘူးဆိုတာ ယုံကြည်ပါတယ်။ အရေးကြီးဆုံးကတော့ “နေတတ်ရင် ကျေနပ်စရာပါပဲ”။





Tuesday, January 5, 2010

နှင်းတွေဝေသော ညတစ်ည


ညဥ့်နက်နက် သန်းခေါင်ယံ
ပြူတင်းပေါက် အပြင်ဘက်
မြင်ရတဲ့ မြင်ကွင်းတစ်ခု
နှင်းခွဲမီးတွေကြားက ဖွေးလွတဲ့ နှင်းစက်များ
ဇန္န၀ါရီကေသာရဲ့ နှင်းဆီဖြူ
၂၀၁၀ပါးပြင်ပေါ်က မိတ်ကပ်လှလှ
မျက်လုံးတစ်စုံက ဓာတ်ပုံရိုက်ယူလိုက်တဲ့အခါ
ရင်ထဲကို သူအပြေးရောက်လာခဲ့

မြင်ခွင့်မရတဲ့ အဝေးရောက် ချစ်သူနဲ့
ကြင်ခွင့်မရတဲ့ အတွေးကြောင့် ပူမိတဲ့အခါ
မျက်လုံးတွေက နှင်းစက်ကို ကြည့်နေပေမဲ့
မြင်နေရတဲ့မြင်ကွင်းက သူ
အော် ဝေးနေရဆဲပါပဲလား

နှင်းလွှာတွေဆီမှ အကြည့်ကို ရှောင်
သဉ္ဇာညောင်ရှိရာ အခန်းထဲပြန်ဝင်လာပေမဲ့
နှင်းစက်များနဲ့ အတူပါလာတဲ့ သူ့မျက်နှာ
အပြင်မှာ ချမ်းတယ် ကိုရယ်
ကို့ရင်ခွင်ထဲပဲ ခိုနေပါရစေနော် တဲ့
အော် တွေးနေရဆဲပါပဲလား

တွေးစတွေကို မေ့ဖျောက်
ဝေးရတာကို အတိတ်ကြောင့်လို့ မှတ်ယူ
အရပ်ကူလို့မရတဲ့ ငါ့ဘဝ
လုပ်စရာရှိတာ ဆက်လုပ်ဖို့အတွက်
လက်ပ်တော့ပ်ရှေ့မှာ ထိုင်လိုက်တော့
မပြီးသေးတဲ့ အက်ဆေးတစ်ပုဒ်
တစ်ဝက်တစ်ပျက်နဲ့ စောင့်ကြို
အော် ရေးနေရဆဲပါပဲလား


Thursday, December 31, 2009

သက်ရင့်အိမ်မက်များနှင့် အတူ


အဟောင်းတန်းမှာ ဈေးကွက်ကောင်းနေတဲ့
နှစ်ချို့ အိပ်မက်တွေရဲ့ သက်တမ်းကတော့
ရင့်ပြီးရင်း ရင့်ရင်းပါပဲ။

မက်ပြီးသား အိပ်မက်တွေကို
ထပ်ပြန်တလဲလဲ မက်ခွင့်ရဖို့
နောက်တစ်နှစ် ရောက်လာပြန်ပါပြီ။

ကလင်ဒါအဟောင်းနေရာမှာ
အစားဝင်လာတဲ့ ရက်စွဲတွေကတော့
အရင်နှစ်နဲ့ သိပ်မခြားနားလှပါဘူး။

မပြောင်းလဲတဲ့ ရက်တွေ လတွေပါပဲ
အဲ---ပြောင်းသွားတာကတော့ နှစ်
သူ့ကြောင့် အိမ်မက်တွေ သက်တန်းရင့်ကုန်တာပေါ့။

ဘယ်လိုလဲ
သက်ရင့်အိပ်မက်တွေကို ကျောပိုးရင်း ဆက်လျှောက်မလား
ဒါမှ မဟုတ်??????

မင်္ဂလာ နှစ်သစ်ပါ


အဟောင်းကြွေ အသစ်ဝေရိုးပါတဲ့
ဖြစ်ထွေတဲ့ သည်ထုံးစံ
အမျိုးမှန် အဖိုးတန်တဲ့ ဟန်နဲ့
ရောက်လာပြန်ကပဲ
နှစ်ဟောင်းငယ် ကုန်လို့
နှစ်သစ်ကြို မင်္ဂလာယူ
မြင်သူတကာ ကြည်ရွှင်နူးစေဖို့
ထူးပေငဲ့ အသံ
အပြုံး တရွှင်ရွှင်နဲ့
နှုတ်ခွန်းဆို ချိုချိုညွှန်းကာ
နှစ်သစ်ကြို ရာသီပွဲကို
ပြုံးပျော်လို့ နွှဲ။





Tuesday, December 22, 2009

မှန်လှပါ ဘုန်းတော်ကြောင့်


တစ်နေ့သ၌ ဘိုးတော်ဘုရင်မင်းတြားကြီးသည် တောင်သမန်အင်းစောင်းကို နန်းတော်ပေါ်မှ ငေးကြည့်ရင်း အနားရှိ ငယ်ကျွန်တော် ပညာရှိအမတ်မင်း ပေါ်ဦးကို အောက်ပါအတိုင်း အမိန့်ရှိလိုက်လေ၏။
“ဟဲ့ ငပေါ်ဦး၊ ဒီနှစ်ကျင်းပမည့် လှေလှော်ပြိုင်ပွဲမှာ ငါကိုယ်တော်မြတ်လည်း ပါဝင်ယှဉ်ပြိုင်ချင်သကွဲ့၊ အဲဒါမောင်မင်း ဖြစ်မြောက်အောင် စီစဉ်စေဗျား၊ ငါကိုယ်တော်ပြိုင်ပွဲဝင် လှော်ခတ်မည့်လှေကို အပေါ့ပါးဆုံးနဲ့ အမြန်ဆုံးပြေးနိုင်အောင် စီစဉ်ပေတော့၊ ငါကိုယ်တော်မြတ် အနိုင်ရမှ ဖြစ်မယ်နော် မောင်မင်း”

အမတ်ကြီးလည်း မင်းတြားကြီးအမိန့်ကို ကြားရသည်တွင် ပြုံးချင်ချင်စိတ်ကို ချိုးနှိမ်ကာ “မှန်လှပါ ဘုန်းတော်ကြောင့် မင်းတြားအလိုကျ အကောင်းဆုံးပြိုင်လှေတော်ကြီးကို ကျွန်တော်မျိုးငပေါ် စီစဉ်မည်ဖြစ်ကြောင်းပါဘုရား” ဟု လျှောက်ထားလိုက်လေ၏။ ယင်းသို့လျှောက်ထားပြီးသကာလ အမတ်ကြီးသည် “ဤဘုရင်သည် လှေမပြောလေနှင့်၊ ပေါက်ပေါက်တောင် မည်သို့လှော်ရမည်ကို မသိလေဘဲ လှေပြိုင်ပွဲဝင်ပြီး အနိုင်ရလိုချေသေး၏၊ သို့သော်လည်း ငါသည် မင်းတြားအိမ်နိပ်စံဘ၀ကပင် အတူပါ ငယ်ကျွန်ကြီးဖြစ်သည့်အလျောက် မင်းတြား၏ အကျိုးစီးပွါးကို ကောင်းစွာဆောင်ရွက်ခဲ့ပေပြီ၊ အခုလည်း ဤပြိုင်ပွဲတွင် မည်သည့်နည်းနှင့်မဆို မင်းတြား အနိုင်ရအောင် ကြံဆောင်အံ့” ဟု တွေးမိလေ၏။

ယင်းသို့တွေးမိပြီး ဘုရင်မင်းတြားနှင့် အမတ်ကြီးတို့နှစ်ဦး ကောင်းစွာထိုင်နိုင်လောက်သော ထူးဆန်းသောပြိုင်လှေတစ်စီးကို ပြိုင်ပွဲကာလအမီ တည်ဆောက်ပေးရန် လှေလုပ်သမားများထံ ညွှန်ကြားချက်များနှင့်အတူ အခကြေးငွေပေးကာ အပ်နှံလိုက်လေ၏။ ၎င်းလှေမှာ စကောဝိုင်းပုံသဏ္ဌာန်ရှိပြီး လှော်ခတ်မည့် တက်များမှာလည်း တက်ပြားမဟုတ်ပဲ ၀ါးလုံးနှစ်လုံးသာ ဖြစ်လေ၏။ သို့ဖြင့် ပြိုင်ပွဲကာလသည်လည်း ရောက်လာလေတော့၏။

တောင်သမန်အင်းစောင်းတွင်ကား ထူးထူးခြားခြား မင်းတြားကိုယ်တိုင်လှေလှော်ပြီး ပြိုင်ပွဲဝင်မည်ဆိုသောကြောင့် ပွဲကြည့်ပရိသတ်မှာ ကြက်ပျံမကျ လွန်စွာစည်းကားလျက်ရှိချေ၏။ ရှေးဦးစွာ ပြိုင်ပွဲဝင်မည့်လှေများကို တာအထွက်တွင် စီကာစဉ်ကာထားသည်ဖြစ်ရာ မင်းတြားနှင့် အမတ်ကြီးတို့ လှော်ခတ်မည့်လှေတော်ကို အစွန်ဆုံးတွင်ထားရန် မတ်ကြီးက မှာကြားထားလေ၏။ အစစအရာရာ စီစဉ်ပြီးသောအခါ အမတ်ကြီးက ပြိုင်ပွဲစတင်တော့မည်ဖြစ်ကြောင်း မင်းတရားအား သွားရောက်လျောက်ထားလေ၏။

မင်းတြားက “အမတ်မင်းငပေါ်ရဲ့၊ ငါကိုယ်တော်လှော်မည့်လှေကို ကောင်းစွာပြင်ဆင်ထားရဲ့လားကွဲ့” ဟု အမိန့်တော်ရှိလေရာ “မှန်လှပါ ဘုန်းတော်ကြောင့် ကောင်းစွာပြင်ဆင်ထားကြောင်းပါ၊ ထို့ပြင် မင်းတြားလှော်မည့် လှေတော်မှာ မလှော်ခင်ကပင် ပြေးချင်ချင်ဖြစ်နေပါသောကြောင့် ကမ်းစပ်တွင် ကြိုးခိုင်ခိုင်ဖြင့် တုတ်နှောင်ထားရကြောင်းပါဘုရား” ဟု လျောက်ထားလိုက်သည်။ မင်းတြားလည်း ခေါင်းတညိပ်ညိပ်လုပ်ကာ ပြုံးတော်မူပြီး “အိမ်း ကောင်းသကွဲ့၊ ဒီအတိုင်းဆို ငါကိုယ်တော် အနိုင်ရဖို့ အသေအချာပေါ့ အမတ်မင်းရဲ့” ဟု အမိန့်ရှိလိုက်ရာ အမတ်ကြီးကလည်း “မှန်လှပါ ဘုန်းတော်ကြောင့် မင်းတြားပင် အနိုင်ရမည်ဖြစ်ကြောင်းပါဘုရား” ဟု လျောက်ထားလိုက်လေ၏။

မင်းတြားကြွလာပြီး ပြိုင်ပွဲဝင်လှေများကို လိုက်လံကြည့်ရှုလေရာ အစွန်ဆုံးတွင် ကြိုးများဖြင့်တုတ်နှောင်ထားသော စကောဝိုင်းကြီးတစ်ခုကို မြင်တော်မူပြီး အံ့သြစွာဖြင့် “ဟဲ့ ငပေါ်ရဲ့၊ ဒီစကောဝိုင်းကြီးက ဘဇာကြောင့်များ ပြိုင်လှေတွေနဲ့အတူ ဒီနေရာမှာ ရှိနေရတာလဲကွဲ့” ဟုမေးရာ အမတ်မင်းက “မှန်လှပါ ဘုန်းတော်ကြောင့် မင်းတြားလှေတော်ကြီးဖြစ်ကြောင်းပါဘုရား” လျောက်ထားလေရာ မင်းတြားက “ဒီစကောဝိုင်းကြီးနဲ့ ငါကိုယ်တော်မြတ် အနိုင်ရအောင် ဘယ်လှော်ခတ်နိုင်မလဲ ငပေါ်ရဲ့” ဟု ခပ်ငေါက်ငေါက် မိန့်တော်မူလေ၏။ အမတ်ကြီးကလည်း “မှန်လှပါ ဘုန်းတော်ကြောင့် မင်းတြားပင် ဧကန်မုချ အနိုင်ရမည်ဖြစ်ကြောင်းပါဘုရား” လျောက်ထားလိုက်သည်။ “မောင်မင်း ငါကိုယ်တော် အရှက်ကွဲအောင်တော့ မလုပ်နဲ့နော်” မိန့်တော်မူရာ ပေါ်ဦးက “မှန်လှပါ ဘုန်းတော်ကြောင့် အနိုင်ရမှာ သေချာကြောင်းပါဘုရား” ဟု ထပ်မံ၍ အာမခံလိုက်လေ၏။

မင်းတြားနှင့် အမတ်ကြီးတို့ စကောဝိုင်းပုံသဏ္ဌာန်ရှိ လှေဝိုင်းကြီးအပေါ်သို့ တက်ရောက်နေရာယူပြီးသောအခါ ပြိုင်ပွဲတာဝန်ရှိ အမတ်တစ်ယောက်က စတင်တာထွက်ရန်အချက်ပြလိုက်ရာ ပြိုင်ပွဲဝင်လှေအသီးသီးတို့ လျင်မြန်စွာ တရွှီးရွှီးအသံမည်သည့်တိုင် ရေပေါ်တွင် ပြေးသွားကြလေ၏။ သို့သော်လည်း မင်းတြားတို့လှေတော်မှာမူ အ၀ိုင်းဖြစ်သည့်အပြင် လှော်သည့်တက်များမှာလည်း ၀ါးလုံးများသာဖြစ်လေရာ ရှေ့အနည်းငယ်သာတိုး၍ ရေပေါ်တွင် ချာချာလည်လျှက်ရှိချေတော့သည်။ တခြားပြိုင်လှေများ ဟိုဘက်ကမ်းစပ်ရှိ ပန်းတိုင်သို့ အသီးသီးဝင်ရောက်သွားသည့်တိုင် ဘုရင့်ပြိုင်လှေတော်ကြီးမှာ ရေလယ်ခေါင်မျှသာရောက်နေသေးရာ မင်းတြားက “ဟဲ့ ငပေါ်ဦးရဲ့၊ မင်းလုပ်တာနဲ့ ဒီတစ်ခါတော့ ငါကိုယ်တော် တကယ်အရှက်ကွဲရပြီ၊ နေနှင့်ဦး ကမ်းပေါ်ရောက်မှ မောင်မင်းကို ငါကိုယ်တော် ထောင်းဦးမယ်ကွဲ့” ဟု ကြိမ်းလိုက်ရာ ပေါ်ဦးက “မှန်လှပါ ဘုန်းတော်ကြောင့် ကျွန်တော်မျိုးတို့လှေတော်ကြီး မုချဧကန် အနိုင်ရမည်ဖြစ်ကြောင်းပါဘုရား” ဟု လျောက်ထားလိုက်ပြန်၏။

သို့နှင့် တရွေ့ရွေ့လှော်ခတ်ခဲ့ရာ အချိန်အတော်ကြမှ ဟိုဘက်ကမ်းစပ်သို့ ရောက်သွားလေ၏။ ကမ်းစပ်သို့ရောက်ရောက်ချင်း အမတ်ကြီးက “မင်းတြားကြီး နိုင်ပြီ” ဟု အားရပါးရ အော်လိုက်ရာ ကြည့်ရှုအားပေးနေသော ပရိသတ်ကြီးမှာ များစွာ အံ့သြသွားပြီး မင်းတြားနှင့်ဦးပေါ်ဦးကို ပြုံးစိစိဖြင့် ကြည့်ရှုကြလေ၏။ မင်းတြားလည်း “ဟဲ့ ငပေါ်ရဲ့၊ နောက်ဆုံးမှ ငါတို့က ဒီဘက်ကမ်းရောက်လာနိုင်ခဲ့တာ အများလည်းသိလျှက်သားနဲ့ ဘဇာကြောင့် ငါနိုင်တယ်လို့ အော်ရသတုံး၊ မောင်မင်း ရူးများနေသလား” ကြိမ်းလိုက်ရာ “မှန်လှပါ ဘုန်းတော်ကြောင့် ကျွန်တော်မျိုးတို့ ပက်ပက်စက်စက်ကြီးကို အနိုင်ရရှိကြောင်းပါဘုရား” ဟုပြန်လည်လျှောက်ထားလေ၏။ ယင်းသို့လျှောက်ထားပြီး ပေါ်ဦးက မင်းတြားကို အောက်ပါ မေးခွန်းတစ်ခုကို သေသေချာချာ စဉ်းစားဖြေရန် မေးလိုက်လေ၏။

“အရှင်မင်းတြား စဉ်းစဉ်းစားစား တွေးတွေးဆဆ ဖြေတော်မူပါ၊ နွားနှစ်ကောင် ဦးချိုဖြင့် ထိုးဝှေ့ခတ်ကြတဲ့အခါ ရှေ့ကပြေးသောနွားသည် အနိုင်ရပါသလော၊ နောက်မှ လိုက်သော နွားသည် အနိုင်ရပါသလော?”

မင်းတြားလည်း ခေတ္တတွေးတောပြီး ပြုံးစိစိလုပ်ကာ “ငါကိုယ်တော် နိုင်တယ် ငပေါ်ဦးရဲ့” ဟု အမိန့်ရှိကာ ရှက်ရှက်ဖြင့် နန်းတော်သို့ ပြန်ကြွသွားလေတော့သတည်း။

ကျနော်တို့တိုင်းပြည်ရှိ လူကြီးမင်းများသည် ဤသို့ဤနှယ်ပင် နောက်မှ နေရပါလျှက် ကမ္ဘာ့နိုင်ငံကြီးများနှင့် ယှဉ်၍ ယှဉ်၍---------------------။

တွေးတောကြပါကုန်။

Thursday, December 17, 2009

သမိုင်းကျန်အောင်


ခပ်သိမ်းသူငါ၊ သတ္တ၀ါတို့၊
သင်္ခါရနယ်၊ မြှုံးပင်လယ်တွင်၊
ငုတ်ကွယ်ပျောက်လိုက်၊ ပေါ်လာလိုက်နှင့်၊
ပျော်လိုက်ပါးလိုက်၊ ငိုရှိုက်လိုက်နှင့်၊
အကြိုက်ဆန္ဒ၊ ဟူသမျှလည်း၊
ကိုယ်ကလိုတိုင်း၊ မရခိုင်းဘူး။

သမိုင်းတွင်ကျယ်၊ ကမ္ဘာ့နယ်တွင်၊
လူ့ဝယ်ထင်ရှား၊ အသိများဖို့၊
မှတ်သားဘွယ်ရာ၊ သုတစာနှင့်၊
သူငါကောင်းကျိုး၊ အမှုမျိုးသာ၊
မရိုးမအီ၊ အစဉ်တည်လိမ့်။

သေသည်နောက်ကြောင်း၊ သမိုင်းကောင်းဖို့၊
စုဆောင်းကြိုးကုတ်၊ အားသွန်ထုတ်က၊
ပစ္စုပ်ခုခါ၊ စွန့်၍ခွါသော်၊
သူငါအများ၊ လူတို့ကြား၌၊
နှုတ်ဖျားရေပန်း၊ ပွင့်ကာလန်း၍၊
အလွမ်းသသ၊ ကျန်ရစ်ရမည်၊
မှတ်ကြကွယ်ရို့၊ နောက်လူတို့။

(အသက် (၇၂) နှစ်အရွယ်တွင် ကွယ်လွန်သွားရှာသော စာရေးဆရာ၊ ကဗျာဆရာကြီး အီကြာကွေးအား ဤကဗျာဖြင့် ဂါရ၀ပြုပါသည်)


Tuesday, December 15, 2009

အတွေးအခေါ်သမိုင်းမှာ တာဝန်ကျေလိုသူ


လူတစ်ဦးချင်းစီရဲ့ အတွေးအခေါ်တွေဟာ
ဘယ်လောက်ပဲ ပညာတတ်နေသူဖြစ်ပါစေ
သူ့နောက်ခံရဲ့ လွှမ်းမိုးမှုတွေကို လွန်ဆန်နိုင်ဖို့ခဲရင်းလှတယ်
နိုင်ငံရေးအတွေအခေါ် ဘာသာရေးအတွေးအခေါ်
စတဲ့ ဘက်ပေါင်းစုံအတွေးအခေါ်တွေကို
သတ္တုချကြည့်တဲ့အခါ
တွေးခေါ်သူရဲ့နောက်ခံသမိုင်းမှန်ပြင်ဟာ
ပီပီပြင်ပြင်တစ်မျိုး မှုံမှုံဝါးဝါးတစ်ဖုံနဲ့
ပြန်လည်လွှမ်းမိုးနေတတ်ကြတယ်
ဒါကြောင့် အတွေးအခေါ်တွေကို အမှန်/အမှားအားဖြင့်
ဆုံးဖြတ်လို့ မရနိုင်ဘူး လို့ဆိုကြတယ်
အမှန်လို့အဆုံးအဖြတ်ပေးခံရတဲ့ အတွေးအခေါ်တစ်ခုဟာလဲ
ဆုံးဖြတ်သူရဲ့နောက်ခံသမိုင်းနဲ့
တစ်နည်းမဟုတ် တစ်နည်းဆိုသလို တူညီပတ်သက်နေတတ်တယ်
ဒါကြောင့်
ခေါက်ရိုးကျိုးနေတဲ့ ကိုယ့်အတွေးအခေါ်တွေကို
နောက်ခံသမိုင်း မလွှမ်းမိုးအောင်
မီးပူပြန်ထိုးနေရတယ်
တစ်ခုတော့ ကြောက်မိပါရဲ့
ခေါက်ရိုးပျောက်သွားတဲ့ အခါ
ကိုယ့်ပတ်ဝန်းကျင်က
“တော်လှန်သူ”
သို့မဟုတ်
“လူ့ဂွစာ”
လို့သတ်မှတ်ကြမှာကိုပါပဲ
အဲဒီလို ကြောက်နေခြင်းသည်ပင်
ခေါက်ရိုးတစ်မျိုးဆိုရင်တော့
ကိုယ်ဟာ ဘယ်တော့မှ
ခေါက်ရိုးပျောက်မည့် အတွေးအခေါ်သမားတစ်ယောက်
ဖြစ်လာနိုင်မှာမဟုတ်ပေဘူး
ဒီလိုဆိုရင်တော့
ကိုယ်ဟာ အတွေးအခေါ်သမိုင်းမှာ
တာဝန်မကျေသူ တစ်ယောက်ဖြစ်သွားလိမ့်မယ်

Saturday, December 12, 2009

လွတ်လပ်မှုရဲ့ အရသာ


တောင်ပံဖြန့်ကား
ဟိုး တိမ်တိုက်တွေ အကြားမှာ
ဝဲပျံပြေးလွှား
ဆော့ကစားရတဲ့ ဘ၀နဲ့
ငါ ပျော်မွေ့ခဲ့

အချုပ်အနှောင်ကင်းမဲ့
ရက်စက်တဲ့ လူတွေနဲ့ဝေးရာ
အေးချမ်းတဲ့ ကမ္ဘာတစ်ခုမှာ
လွတ်လပ်မှုရဲ့ အရသာ
ငါရှာတွေ့ခဲ့

လှောင်အိမ်ထဲကငှက်
ငါ့ရဲ့လွတ်လပ်မှုကို အားကျ
ငါ့ဘ၀နဲ့ နှိုင်းယှဉ်ရင်း
သူ့ရင်တွေ ပူနေရော့မယ်
ငါ တွေးမိခဲ့

လွတ်လပ်မှုရဲ့ အဓိပ္ပါယ်
ငါနားလည်ခဲ့စဉ်က
ငါလည်းပဲ လှောင်အိမ်ထဲက ငှက်တစ်ကောင်
မလွတ်လပ်မှုကြောင့်
လွတ်လပ်မှုရဲ့ အဓိပ္ပါယ်
ငါ နားလည်ခဲ့

ဒို့တတွေ အားလုံး
အမြတ်နိုးဆုံး အရာတစ်ခု
တန်ဖိုးအားလုံးရဲ့ တန်ဖိုး
ဟောဒီကမ္ဘာမြေပေါ်မှာ
တူးဆွရှာဖွေစဉ်မှာ
လွတ်လပ်မှုဆိုတာ
ငါ သိခဲ့ပြီ

ငါ့ကို လှောင်အိမ်ထဲ ထည့်မွေးတဲ့လူ
ငါ့သခင်လို့ မယူဆ
သူ့အတ္တအတွက်
ငါ့ရဲ့လွတ်လပ်မှုကို စတေးခဲ့ရ
အေးမြတဲ့ လေကိုတောင်
လွတ်လပ်စွာ ရှုရိုက်ခွင့်မရတဲ့ဘ၀မျိုး
ဘာတန်ဖိုး ရှိမလဲ

အခုတော့ ငါ့ဘဝ
လှပတဲ့ တိမ်တိုက်တွေ အကြားမှာ
ပြေးလွှားပျံသန်းရင်း
လွတ်လပ်ခြင်း တေးကိုသီ
အေးမြတဲ့ ရေကြည်သောက်
နွေးထွေးတဲ့ နေချည်အောက်မှာ
ပထ၀ီကို ငုံ့ကြည့်
အော်
မလွတ်လပ်သူများကို
ကိုယ်ချင်းစာမိလေခြင်း။

အတွေးကြောင်


မြင်နေရတယ်
ဒါပေမဲ့ ကြည့်နေလို့တော့ မဟုတ်
အဖြစ်အပျက်က ငါ့မျက်စိတူရှု
ကြားနေရတယ်
ဒါပေမဲ့ နားထောင်နေလို့တော့ မဟုတ်
ခပ်လှမ်းလှမ်းက အဖြစ်အပျက်တစ်ခု
အမြင်နဲ့ အကြားကို ပိတ်ထားချင်တယ်
ဒါပေမဲ့ ပိတ်ထားသော မျက်စိက မြင်နေရဆဲ
ပိတ်ထားသော နားက ကြားနေရဆဲ
အမြင်အကြားက တစ်ဆင့်တက်တော့
အဖြစ်အပျက်က အတွေးဖြစ်ခိုက်
ငါသွားရာနောက် အစဉ်လိုက်
ငါကိုယ်တိုင် အတွေးရဲ့ သားကောင်
အတွေးတစ်ခု အကြောင်းပြု
နောက်အတွေးတစ်ခု ထပ်တိုး
အတွေးမျိုးစုံဝင်
ငါ အတွေးဘုရင်တစ်ဆူ
အတွေးတွေနဲ့ မင်းမူ
အတွေးနဲ့ ငါ
ငါနဲ့ အတွေး
လုံးထွေးရစ်ပတ်
မပြတ်တဲ့ အတွေးကြောင့်
ငါ့ဦးဏှောက် ခြောက်ခမ်း
မဖြောင့်တမ်းတဲ့ လမ်းမှာ
အတွေးကြောင်တဲ့ လူဖြစ်ပြန်
ဒီလိုနဲ့ ငါတစ်ယောက်တည်း
အတွေးသားကောင် တဖြစ်လဲ
အတွေးဘုရင်လဲ ဖြစ်ပြန်
အတွေးဘုရင်ရှောင်တော့
အတွေးကြောင်သူပေါ့


Sunday, December 6, 2009

မိုက်တွင်းရယ် နက်ပါဘိ


ကိုမြင့်တစ်ယောက် ညည အိပ်မပျော်တဲ့ ရက်တွေ များခဲ့ပေပြီ။ ရင်ထဲမှာ အရှိန်အဟုန် ပျင်းထန်စွာ တောက်လောင်နေတဲ့ ရာဂမီးကို ငြိမ်းပစ်ချင်သည်။ သို့သော် ဘယ်လို ငြိမ်းရပါ့။ အိမ်သူ သက်ထားနဲ့ အိပ်ယာတစ်ခုတည်း အတူအိပ်နေရပါလျှက် သူမက သူ့ဆန္ဒကို နည်းနည်းမှ လိုက်လျောခြင်းမရှိ။ ကိုမြင့်ခမျှာ ထကြွသောင်းကြမ်းနေတဲ့ ဆန္ဒနဲ့အတူ အိပ်ယာထဲ လူလဲအိပ်ရင်း နေမြင့်လေ အရူးရင့်လေ ဖြစ်နေရှာသည်။ နဖူးပေါ်လက်တင်ရင်း အတိတ်ကို ပြန်လည်စဉ်းစားနေမိသည်။ အိမ်ထောင်သက်တမ်း ခုနှစ်နှစ်သို့ပင် ချီခဲ့လေပြီ။ သားလေးတစ်ယောက်နဲ့ သမီးလေးတစ်ယောက်လည်း ထွန်းကားခဲ့ပြီ။

ခင်ခင်ကို စတွေ့စဉ်တုန်းကတည်းက ကိုမြင့် စွဲစွဲလမ်းလမ်း ချစ်ခဲ့သည်။ ရနိုင်တဲ့နည်းလမ်းမျိုးစုံဖြင့် ခင်ခင့်အချစ်ကို ရဖို့အရေး သူကျိုးစားခဲ့ရရှာသည်။ ခင်ခင့်မိဘတို့က ချမ်းသာကြသူများတော့ မဟုတ်ကြ။ သာမန်စားနိုင် သောက်နိုင် အဆင့်ရှိရုံပင်။ သို့သော် သမီးလေးခင်ခင့်နောင်ရေး လှပဖို့အတွက် မိဘတို့ ၀တ္တရားရှိသည့်အလျောက် ခင်ခင်ဆယ်တန်းအောင်ပြီးသောအခါ တက္ကသိုလ်တက်နိုင်သည့်တိုင် တာဝန်ကျေကျေ ဆောင်ရွက်ပေးခဲ့ကြသည်။ ဘ၀ကို နားလည်သော ခင်ခင်တစ်ယောက် စာကိုသာ ဖိကျိုးစားဖို့ ဆုံးဖြတ်ထားသည်။ သူ့အတွက် အချစ်သည် အရေးကြီးသော အစိတ်အပိုင်းတစ်ခုမဟုတ်သည်ကိုလည်း နားလည်ခဲ့သည်။ ထို့ကြောင့် ရည်းစားစကားလိုက်ပြောသူ၊ စာလိုက်ပေးသူ ကျောင်းသားတွေကို အလိမ်မာနည်းသုံးကာ တုန့်ပြန်ခဲ့ရသည်။ သို့သော် ဇွဲကောင်းသော ကိုမြင့်ကိုမူ သူမလက်လျော့ခဲ့ရတော့သည်။ ယင်းသို့အားဖြင့် ခင်ခင်နဲ့ ကိုမြင့်တို့နှစ်ယောက် အများနည်းတူ တက္ကသိုလ်ရဲ့ စုံတွဲလေးတစ်တွဲ ဖြစ်လာခဲ့သည်။

ကိုမြင့်မိဘများက ချမ်းသာသူများပီပီ ကိုမြင့်ကို သူတို့နည်းတူ ချမ်းသာသော မိန်းကလေးတစ်ယောက်နဲ့ နေရာချပေးလိုသည်။ ကိုမြင့်ကိုလည်း အမျိုးမျိုးနားချကြသည်။ သို့သော် ကိုမြင့်ရင်ထဲဝယ် ခင်ခင်သာ အစဉ်ကြီးစိုးလျှက်ရှိရာ မိဘတို့၏ စကားသည် ဘက်ဖက်နားဝက ၀င်လာပြီး ညာဖက်နားဝမှ ထွက်သွားရတော့သည်။ ခင်ခင့်မိဘများကမူ သူ့တို့သမီးကို သီးချိန်တန်သီး၊ ပွင့်ချိန်တန်ပွင့်ရမည် ဆိုတဲ့ သဘောမျိုးနဲ့ ဘာမှ ထူးထူးခြားခြားမပြောကြ။ ကျောင်းပီးအောင် လုပ်ဖို့သာ အတန်တန်မှာကြားသည်။ ဘွဲ့ရပညာတတ်တစ်ယောက်အဖြစ် သမီးကို မြင်လိုကြသည်။ အိမ်ထောင်ရေးသည် သမီး၏ ကံပေါ်မူတည်သည်ဟုလည်း လက်ခံထားကြသည်။

ကိုမြင့်မှာမူ ခင်ခင်နဲ့ ဝေးမှာ စိုးလှသည်။ မြန်မြန်လက်ထပ်ချင်ပြီ။ တူနှစ်ကိုယ်တဲအိုပျက်မှာ နေပြီး ထမင်းရေပဲ လျက်ရလျက်ရ၊ ခင်ခင်နဲ့ဆို ခယောင်းလမ်းကိုပင် ကျော်ဖြတ်နိုင်မည်ဟု ယုံကြည်နေသည်။ ကျောင်းပြီးသည်အထိပင် မစောင့်ချင်တော့။ သူငယ်ချင်းများနှင့် တိုင်ပင်ကာ ခင်ခင့်ကို ခိုးပြေးချင်နေသည်။ သို့သော် ခင်ခင့်ဆန္ဒကိုလည်း လိုက်လျောချင်သေးသည်။ ခင်ခင်ကျောင်းပြီးတဲ့ အထိ အောင့်အီးကာ စောင့်စားခဲ့သည်။ ကျောင်းပြီးသောအခါ ကိုမြင့်တစ်ယောက် မိဘတို့၏ အစီအမံကိုမျက်ကွယ်ပြုပြီး ချစ်သူခင်ခင့်ကို ခိုးပြေးခဲ့သည်။ ခင်ခင်ကလည်း ကိုမြင့်ကို ချစ်ပါသည်။ သိပ်ချစ်သည်ဟုပင် ဆိုရမည်။ ချမ်းသာသော မိဘအသိုင်းအ၀ိုင်းကို စွန့်ခွါပြီး သူလိုမိန်းကလေးတစ်ယောက်ကို ယူဝံ့သော ကိုမြင့်အချစ်ကိုလည်း တန်ဖိုးထားသည်။

ကိုမြင့်တစ်ယောက် ခင်ခင်နဲ့ လက်ထပ်ပြီးသောအခါ မယ်မယ်ရရ အလုပ်မရှိ။ အလုပ်တစ်ခုခု ထလုပ်ဖို့ ဆုံးဖြတ်သည်။ ခေတ်ကာလမကောင်းသဖြင့် လမ်းစလမ်းန သိပ်မမြင်။ ထို့ကြောင့် သူငယ်ချင်း၏ ကားဝပ်ရှော့တွင် အလုပ်တောင်းပြီး သူငယ်ချင်းနဲ့တူ အလုပ်လုပ်သည်။ ကိုမြင့်ကျိုးစားပါသည်။ ခင်ခင်အတွက် သူကျိုးစားနေခြင်းဖြစ်သည်။ သူငယ်ချင်းကလည်း သူ့အပေါ် အင်မတန်ကောင်းသောသူမို့ ကိုမြင့် ကံကောင်းသည်ဟု ဆိုနိုင်သည်။ ကိုမြင့်အလုပ်ခဖြင့် အိမ်ငှါးခကို ပေးနိုင်သည်။ ခင်ခင်အတွက် အ၀တ်အစားလှလှပပ ဆင်ပေးနိုင်သည်။ ယင်းသို့ ချစ်သူနှစ်ဦး ဘ၀ကို မောတစ်လှည့် ပြေတစ်ခါဖြင့် ဖြတ်သန်းရင်း သားတစ်ယောက်၊ သမီးတစ်ယောက်ထွန်းကားခဲ့ချေပြီ။

ကံကြမ္မာသည် ကိုမြင့်တို့ အိပ်ထောင်ရေးဘ၀လေးကို မျက်နှာသာပေးနေသည်။ ကိုယ်ပိုင် ကားဝပ်ရှော့တစ်ခု ထူထောင်နိုင်သည်အထိ ကိုမြင့်တို့ အခြေတင့်ခဲ့သည်။ ကျိုးစားနိုင်ခဲ့သည်။ ကိုယ်ပိုင်စီးပွါးရေးကို လုပ်ကိုင်နေရသော ကိုမြင့်လက်ထဲတွင် ရောက်လာသမျှ ပိုက်ဆံသည် ကိုမြင့် အပိုင်ချည်းသာဖြစ်သည်။ ငွေရွှင်ပြီး စီးပွါးဖြောင့်လာသောအခါ အပေါင်းအသင်းများလာသလို အသောက်အစားလည်း ဖက်လာတော့သည်။ လူမျိုးစုံနဲ့ ပေါင်းသင်းရုံသာမက မယ်မျိုးစုံနဲ့ပါ ပျော်တတ်လာသည်။ ခင်ခင်ကို သူမေ့ချင်ချင်ဖြစ်လာသည် အထိပင်။ ခင်ခင်ကတော့ ကလေးနှစ်ယောက်မိခင်ပီပီ ကလေးများအတွက် မိခင်မေတ္တာနှင့် တာဝန်ဝတ္တတရားကို ကျေပွန်သည်။ သူ့မိဘနှစ်ပါးလည်း သူ့အပေါ် ကျေပွန်ခဲ့ကြသည်ပဲလေ။

တစ်နေ့ ကိုမြင့်တစ်ယောက် အပြင်းဖျားသည်။ တုန်သည်။ ချမ်းသည်။ ငှက်ဖျားဟု ထင်သည်။ သို့သော် ငှက်ဖျားဖြစ်ရအောင်ကလည်း ကိုမြင့် ဘယ်မှတော့ သွားသည်မဟုတ်။ အထူးကုဆေးခန်းတစ်ခုသို့ သွားကာ ဆေးကုသည်။ သွေးစစ်သည်။ ဆရာဝန်ပြောသော အဖြေကို ခင်ခင်သိရသော အခါ မူးမေ့မတတ်ဖြစ်ခဲ့ရတော့သည်။ ကိုမြင့်မှာ HIV ပိုးရှိနေပြီ တဲ့။ ကိုမြင့်အတွက် စိုးရိပ်သလို သူ့ကိုယ်သူအတွက်ရော ကလေးနှစ်ယောက်အတွက်ပါ စိတ်ပူမိသည်။ ထို့ကြောင့် ဆရာဝန်ကို ကြောက်ကြောက်နှင့်ပင် ပြောရသည်။ သူ့ကိုလည်း သွေးစစ်ပေးဖို့။ ဆရာဝန်ကလည်း စစ်သင့်ကြောင်း အကြံပြုသည်။ ကလေးနှစ်ယောက်ကိုပါ စစ်သည်။ ကံကောင်းထောက်မသဖြင့် ခင်ခင်ရော ကလေးနှစ်ယောက်ပါ ကူးစက်မှုတစ်စုံတစ်ရာ မတွေ့ရသေး။ ထိုအချိန်မှ စပြီး ခင်ခင်ဆုံးဖြတ်ချက် တစ်ခု ပြတ်ပြတ်သားသား ချလိုက်သည်။ ကိုမြင့်နဲ့ လိင်မဆက်ဆံတော့-ဟု။ သို့သော် ကလေးနှစ်ယောက် မျက်နှာကို ထောက်ထားပြီး အတူနေထိုင်သည်။ အတူအိပ်သည်။ ကိုမြင့်ဆန္ဒကိုမူ စိုးစဉ်းမျှပင် လိုက်လျောခြင်း မပြုတော့။

ကိုမြင့်တစ်ယောက် နဖူးပေါ်တင်ထားသော လက်ကို ရုတ်သိမ်းပြီး သက်ပြင်းအရှည်ကြီး တစ်ခုကို ချလိုက်သည်။ ယင်းသက်ပြင်းနဲ့အတူ ဆုံးဖြတ်ချက်တစ်ခုကိုပါ ချလိုက်သည်။ ဆုံးဖြတ်ချက်ကား ရောဂါပိုးကူးစက်နေသော သူ့ကိုယ်ထဲက သွေးကို ခင်ခင့်ကိုယ်ထဲ ထည့်ပေးဖို့။ တဏှာ၏ သွေးဆာမှုကြောင့် ကိုမြင့်တစ်ယောက် မလုပ်သင့်သည်ကို လုပ်ဖို့ မှားယွင်းစွာ ဆုံးဖြတ်မိလေပြီ။ ဆုံးဖြတ်ချက်ကို အကောင်အထည်ဖေါ်ဖို့ အတွက် ကိုမြင့်ခမျှာ အချိန်ရှိသရွေ့ အကြံထုတ်နေသည်။ သူ့အကြံအောင်ပါက ခင်ခင်သူ့ဆန္ဒကို အရင်အတိုင်း လိုက်လျောလာလိမ့်မည်ဟုလည်း ယုံကြည်နေသည်။ ခင်ခင်မရိပ်မိအောင် မင်သေသေနဲ့ နေသည်။ အကြံထုတ်သည်။ အရင်ဆုံး ဆေးထိုးအပ်တစ်ချောင်း ရအောင်ရှာထားသည်။ ယင်းအတွက် ဘာအခက်အခဲမှ မရှိ။ အိပ်ဆေးတစ်မျိုးကိုလည်း ရှာသည်။ သူ့အတွက် အလွယ်တကူပင်။ အိပ်ယာဝင်ခါနီး ခင်ခင်သောက်မည့် ဖျော်ရည်ထဲ အိပ်ဆေးမှုတ်အနည်းငယ် ရောထည့်ထားလိုက်သည်။ အမှတ်တမဲ့နေသော ခင်ခင့်ခမျှာ ယောက်ျားလုပ်သူ၏ အကြံပက်စက်ပုံကို မရိပ်မိသဖြင့် ခါတိုင်းလိုပင် သောက်ပြီး အိပ်ယာဝင်လိုက်သည်။

ခင်ခင်တစ်ယောက် တစ်နေကုန် အိမ်တာဝန်၊ ကလေးနှစ်ယောက်၏ တာဝန်များကြောင့် ပင်ပန်းသည့်အပြင် ကိုမြင့်၏ အိပ်ဆေးအရှိန်ကြောင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတော့သည်။ အကြံသမား ကိုမြင့်ကလည်း ခင်ခင့်အိပ်အပျော်ကို စိတ်ရှည်ရှည်နဲ့ စောင့်နေခဲ့သည်။ သူ့လက်မောင်းမှ သွေးအနည်းငယ်ကို ဆေးထိုးအပ်ဖြင့် စုတ်ယူလိုက်ပြီး ခင်ခင့်ပေါင်ထဲသို့ အသာထိုးစိုက်ချလိုက်သည်။ အိပ်ပျော်နေသော ခင်ခင်ခမျှာတော့ အိပ်မက်တွေများ မက်နေသည်လား မပြောတတ်။ ကိုမြင့် ဆေးထိုးအပ်ကို ဆွဲနှုတ်ပြီး ပြီးချင်း ခင်ခင်တစ်ယောက် အလန့်တကြား နိုးထလာသည်။ အိပ်မက်ထဲ အလွန်အဆိပ်ပျင်းသော မြွေဆိုးတစ်ကောင် သူ့ကို လာကိုက်သည်ဟု မြင်မက်ကြောင်း အမောတကော ပြောသည်။ ကိုမြင့်ခမျှာလည်း မူမမှန်ဖြစ်နေသည်။ ဆေးထိုးအပ်ကို ရုတ်တရက်ဆွဲနှုတ်လွှင့်ပစ်လိုက်သဖြင့် သွေးစက်များ အိပ်ယာပေါ်ပေကျံခဲ့သည်။ ကိုမြင့်ကို ကြည့်ပြီး ခင်ခင် မသင်ကာဖြစ်လာသည်။ မီးထဖွင့်လိုက်သည်။ သူ့ပေါင်အနည်းငယ် နာကျင်နေသည်ကိုလည်း သတိပြုမိသည်။ မြင်ရလေပြီ အိပ်ယာပေါ်ရှိသွေးစက်အချို့။

ခင်ခင် အလန့်တကြား အော်လိုက်မိသည်။ ကိုမြင့် ဖုံးကွယ်ဖို့ ကျိုးစားသေးသည်။ သို့သော် နောက်ကျသွားချေပြီ။ အခြေအနေအရပ်ရပ်ကို ခင်ခင် သဘောပေါက်လိုက်သည်။ သူ့ကိုယ်ထဲမှာ ကိုမြင့်၏ HIV ရောဂါပိုးပါသော သွေးများ နေရာယူသွားချေပြီ။ ရှိုက်ကြီးတငင် ငိုသည်။ မနားတမ်း ငိုသည်။ ပြောစရာစကားလုံးတွေလည်း ဗလုံးမထွေးဖြစ်ပြီး တစ်ခုမှ မပီသတော့။ ၀မ်းနည်းသည်။ အရမ်းဝမ်းနည်းသည်။ မည်သည့်စကားလုံးဖြင့် ကိုမြင့်ကို တုန့်ပြန်ပြောဆိုရမည်နည်း သူမသိတော့။ ဤမျှမိုက်မဲသော၊ ဤမျှရက်စက်သော ယောက်ျားမျိုးနဲ့ နေရသည်ကို သူ့ဝဋ်ကြွေးကြောင့်ဟု ယူဆကာ ကရုဏာမဲ့လှသော ကံကြမ္မာကို ပက်ပက်စက်စက် အပြစ်တင်လိုက်သည်။ ဇနီးသည်၏ ယူကျုံးမရအဖြစ်ကို ကြည့်ကာ ကိုမြင့် သနားလာသည်။ မှားကြောင်း တောင်းပန်သည်။ သို့သော် အရာရာသည် နောက်ကျသွားခဲ့ချေပြီ။ အခုမှ နောင်တရနေလို့လည်း အကျိုးထူးတော့မည် မဟုတ်။

ခင်ခင့်ရင်ထဲတွင် တမြေ့မြေ့ခံစားနေရသည်။ ယင်းသို့ဖြစ်တိုင်း ကလေးငယ်နှစ်ယောက်၏ မျက်နှာသည်သာ သူ့မအာရုံတွင် ပေါ်ပေါ်လာသည်။ စဉ်းစားလေလေ ယောက်ျား၏ လုပ်ရပ်အပေါ် သည်းမခံနိုင်လေလေ ဖြစ်လာသည်။ ခွင့်လွှတ်ရမည့် ကိစ္စမဟုတ်ကြောင်းလည်း သူမ နားလည်လိုက်သည်။ ထို့ကြောင့် ယင်းအဖြစ်အပျက်ကို တရားရင်ဆိုင်ဖို့ ဆုံးဖြတ်ကာ တရားရုံးသို့ အကြောင်းစုံလျှောက်ထားလိုက်သည်။ တရားရုံးက ဤမျှမိုက်မဲလှသော ကိုမြင့်ကို ထောင်ဒဏ် (၁၄) နှစ်တိတိ ကျခံစေဖို့ ချမှတ်လိုက်သည်။ ကိုမြင့်တစ်ယောက် မှန်းချက်နှင့် နှမ်းထွက်မကိုက်တော့။ သူ့ရည်ရွယ်ချက်မှာ ခင်ခင့်မှာလည်း သူ့နှယ်ရောဂါပိုးရှိနေပါက ရောဂါပိုးရှိသူအချင်းချင်းမို့ သူ့ဆန္ဒကို လိုက်လျောလိမ့်မည်ဟု စိတ်ကူးယဉ်ခဲ့သည်။ အခုတော့ သူ့စိတ်ကူးအိပ်မက်တွေကို ထောင်ထဲမှာပင် ကုန်ဆုံးစေရတော့မည်။ အော်----မိုက်မဲလေစွ---မိုက်မဲလေစွ----

မှတ်ချက်။ ။ သတင်းအမှန်ကို အခြေခံရေးထားပါသည်။ မူရင်းသတင်းကို ဖတ်လို့ပါက အောက်ပါ လင့်ခ်ကို နှိပ်ပြီး ဖတ်ကြပါရန်။
http://uk.news.yahoo.com/5/20091206/twl-hiv-man-injects-sleeping-wife-with-o-3fd0ae9.html

Tuesday, December 1, 2009

စိတ်ညစ်ရတဲ့ ခေတ်ကြီး


ဒို့ပြည်ရွာ အဖြစ်ပျက်
နှစ်သက်ဖို့ သိပ်မလွယ်
ဖတ်သမျှ သတင်းအစုံရယ်
စိတ်ကုန်တယ် တအား
မတရားမှု အခြေနေရယ်
ဒီရေလို တိုးနေပေါ့လား

ဆေးဆရာ အကျင့်ပျက်
လူ့အသက် မညှာတာ
သူ့အတွက် အသပြာသာ
အရေးပါတဲ့ အတွေး
စစ်ဆေးမှု အလေးချော်တယ်
အရေးပေါ် ကုသခဲ့သေး

အသက်ဆုံးမှ သတင်းပေါ်
အတင်းနော် ပြည်သူဟစ်မှ
စစ်ဆေးဖို့ အဖွဲ့ပြင်ဆင်
ဟန်ရေးကယ် ထွင်
မြန်မနှေးကွယ် လူလယ်လုပ်ကာ
တရုတ်ရွာ ပုန်းရှောင်ပေါ့လေး။

နောက်တစ်ဖန် သတင်းတစ်ပုဒ်
အတင်းမဟုတ် အမှန်ကန်
ထမင်းလုပ် နပ်မမှန်အောင်
စားနေရတဲ့ ဘဝ
ပလပ်စတစ် ကောက်လို့သာရယ်
တဲကုတ်မှာ မွဲလို့ပြာကျ
အခါမလှတဲ့ ဒီခေတ်မှာ
လူဖြစ်လာ သမျှ
ကျားမပါ မ-သာများပေသမို့
ခါးနာရ မတော်
မုဒိန်းကောင် အလစ်ကို ချောင်းပါလို့
နှံပြည်စုတ် အမြောက်နဲ့ သူဆော်
သို့သော်ကွဲ့ အမှုရယ်ဆိုင်
ခုမနိုင် နောင်ရှုံး
ဒို့မြန်ပြည် ဒီအဖြစ်ရယ်
ဒီခေတ်မယ် ပြောလို့မဆုံး

ပြည်ချစ်ကယ် မြန်သူတို့
ကံတူလို့ အကျိုးကွယ်
ရန်သူသို့ အဖြစ်ရယ်
ဒို့ပြည်နယ် အဖြစ်များ
နအဖ သင်းအဖွဲ့တွေရယ်
မင်းတို့နှယ် သိပ်ခက်ပါလား

သိပ်ရက်စက် ဆိုတာတောင်
ပြောစရာ စကား
ငါ့ခမျှာ ရှိကို ရှိပါဘု
စိတ်မှာခု ဘူးကွယ်
ဆူးသဘွယ် စူးကာနစ်ပါလို့
မင်းတို့ခေတ် စိတ်ညစ်ပါတယ်
သိပ်ချစ်တဲ့ ဒို့ပြည်သူတွေ
စုတ်ချာကာ နေ
ဟုတ်တာတွေ ငါမပြောချင်တော့
ငါ့ရင်တွေ ပူလွန်းလို့လေး။

Monday, November 30, 2009

ကမ္ဘာ့အကောင်းဆုံးဘာသာရေးဆု ပြဿနာ


အခုတလော အွန်လိုင်းပေါ်မှာ ရေပန်းတင်မက၊ ကုန်းပန်း လေပန်းပါ စားနေတဲ့ ဘာသာရေးဆိုင်ရာ သတင်းတစ်ပုဒ် ပလူပျံနေလေရဲ့ဗျို့။ အဲဒီသတင်းအတွက် ပေးထားတဲ့ Comment တွေဆိုလဲ စိတ်ဝင်စားစရာအလွန့်ကို ကောင်းပါဘိခြင်း။ စာဖတ်သူ အတော်များများလည်း ဖတ်ကြပြီးလောက်ရောပေါ့။ “ဗုဒ္ဓဘာသာက အကောင်းဆုံးဘာသာရေးဆု ကို ဆွတ်ခူးလိုက်သည်” ဆိုတဲ့ သတင်းလေ။ အတော်အတန်သိလောက်ပြီးဖြစ်ပေမဲ့ မသိရသေးသူများအတွက် သတင်းဆိုင်ရာ အချက်အလက် နည်းငယ်ကို အရင် တင်ပြပေးပါဦးမယ်။ ဒီလိုတဲ့----

ဆုရွေးချယ်ရေး စံချိန်စံညွှန်းများဖြစ်တဲ့
(၁) promoting personal and community peace,
လူတစ်ဦးချင်းစီနှင့် လူ့အသိုင်းအ၀ိုင်းတစ်ခုလုံး၏ ငြိမ်းချမ်းမှုကို မြှင့်တင်ရေး၊
(၂) increasing compassion and a sense of connection
ကိုယ်ချင်းစာနာမှုနှင့် ဆက်ဆံပေါင်းသင်းရေးဆိုင်ရာအသိကို တိုးမြှင့်ပေးရေး၊
(၃) encouraging preservation of the natural environment
သဘာဝပတ်ဝန်းကြင်ထိမ်းသိမ်းမှုကို အားမြှင့်ပေးရေး

ဆိုတဲ့ မူ (၃)ချက်နဲ့အညီ ကမ္ဘာပေါ်ရှိ ဘာသာတရားပေါင်း (၃၈) ခုကို သုတေသနပြုပြီး သက်ဆိုင်ရာဘာသာအသီးသီးတို့ရဲ့ ခေါင်းဆောင်ပေါင်း (၂၀၀) ကျော်ကို တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့တယ်လို့ဆိုပါတယ်။ ဘာသာရေးခေါင်းဆောင် အများစုက သူတို့ရဲ့မူရင်းဘာသာကို မဲမပေးပဲနဲ့ ဒီဆုနဲ့ အထိုက်အတန်ဆုံးဟာ ဗုဒ္ဓဘာသာတရားသာဖြစ်ပါတယ် ဆိုပြီး ဗုဒ္ဓဘာသာကိုပဲ “ကမ္ဘာ့အကောင်းဆုံးဘာသာတရား” အဖြစ် အသိအမှတ်ပြုပြီး မဲပေးခဲ့ကြပါသတဲ့။ အဲဒီထဲက ဘာသာရေးခေါင်းဆောင်တစ်ချို့ရဲ့ ဗုဒ္ဓဘာသာနဲ့ ပတ်သက်တဲ့ မှတ်ချက်တွေက ဒီလိုပါ။

မြောက်အိုင်ယာလန်နိုင်ငံရဲ့ မြို့တော် Belfast မှာနေထိုင်သူ ခရစ်ယန် ဘာသာရေးဘုန်းတော်ကြီး တစ်ပါးဖြစ်တဲ့ Ted O'Shaughnessy ကတော့ သူ့အမြင်ကို ဒီလိုပြောပါတယ် “ကျုပ် ကက်သလစ်ခ်ဘုရားကျောင်းတော်ကို သိပ်ချစ်ပေမဲ့ ကျုပ်တို့ဟာ စာထဲပါတဲ့ မေတ္တာတရားဆိုတာကို ဟောပြောနေကြတာပဲ၊ နောက်ပြီး ဘုရားသခင်ရဲ့ အလိုတော်ကို သိရမယ် တဲ့။ အဲဒီဘုရားသခင်ရဲ့အလိုဆိုတာကလဲ လူသားတွေကို သတ်ဖြတ်နေတယ်လို့ သိရတဲ့အခါ ကျုပ် စိတ်အနှောက်အယှက်ဖြစ်လှတယ်၊ အဲဒါကြောင့် ကျုပ်ကတော့ ဗုဒ္ဓဘာသာဝင်တွေကိုပဲ
မဲပေးခဲ့တယ်”။

ပါကစ္စတန်နိုင်ငံက မူစလင်ဘာသာရေး ဓမ္မဆရာတစ်ဦးဖြစ်သူ Tal Bin Wassad ကလည်း သူ့အမြင်ကို ဘာသာပြန်ကနေ တစ်ဆင့် ဒီလိုပြောပါတယ် “ကိုင်းရှိုင်းတဲ့ မူစလင်ဘာသာဝင်တစ်ယောက်အနေနဲ့ ကျုပ်တွေ့နေ မြင်နေရတာက ပုဂ္ဂိုလ်ရေးပြဿနာတွေကို ဖြေရှင်းတဲ့အခါ ဘာသာရေးပြယုဂ်တွေထဲမှာ ဒေါသတွေ သွေးမြေကျမှုတွေ ဘယ်လောက်တောင် စီးဝင်နေတယ်ဆိုတာကိုပါပဲ၊ ဗုဒ္ဓဘာသာမှာတော့ အဲဒါမျိုး မတွေ့ရပါဘူး။ နောက်ပြီး ကျုပ်ရဲ့ အကောင်းဆုံးမိတ်ဆွေတွေဟာလည်း ဗုဒ္ဓဘာသာဝင်တွေပဲ ဖြစ်ကြပါတယ်”။

ဂျေရုစလင်မြို့က ဂျူးဘာသာဝင်တစ်ယောက်ဖြစ်သူ Rabbi Shmuel Wasserstein ကလည်း “ကျုပ် ဂျူးဘာသာတရားကို သိပ်မြတ်နိုးတာပေါ့ဗျာ၊ ကမ္ဘာပေါ်မှာ အကြီးကျယ်ဆုံးဘာသာတရားတစ်ခုလို့တောင် ကျုပ်ယူဆပါတယ်၊ ဒါပေမဲ့ ရိုးရိုးသားသား ၀န်ခံရရင်တော့ ဂျူးဘာသာရေးဆိုင်ရာ နေ့စဉ်ဝတ်ပြုဆုတောင်းမှုတစ်ခုဖြစ်တဲ့ Minyan မလုပ်ခင်မှာ နေ့တိုင်းနေ့တိုင်း ကျုပ် ၀ိပဿနာတရားအားထုတ်တယ်၊ အဲဒါ ၁၉၉၃ ခုနှစ်ကတည်းပဲ၊ ဒါကြောင့် ကျုပ် ဗုဒ္ဓဘာသာထဲပဲ မဲထည့်လိုက်တယ်” ဆိုပြီး သူ့ဆန္ဒကို ထုတ်ဖေါ်ခဲ့ပါတယ်။

သူတို့နည်းတူ အခြားအခြားသော ဘာသာရေးခေါင်းဆောင်များကလည်း သူတို့အကြောင်းပြချက်နဲ့ သူတို့ ဗုဒ္ဓဘာသာအပေါ် မဲပေးခဲ့ကြတယ် လို့ သတင်းက ဆိုပါတယ်။ ချုပ်လိုက်တော့ ဗုဒ္ဓဘာသာက မဲအများဆုံးရပြီး ကမ္ဘာ့အကောင်းဆုံး ဘာသာရေးဆုကို ဆွတ်ခူးလိုက်ပါတယ်။ ဒါပေမဲ့ ပြဿနာက “ဒီသတင်းဟာ အမှန်အကန်မှ ဟုတ်ရဲ့လား” ဆိုတဲ့မေးခွန်းအတွက် ပေးရမည့် အဖြေပါပဲ။ ဘာကြောင့်လဲ ဆိုတော့ ဒီဆုကို ရွေးချယ်ခဲ့တဲ့ ဆွင့်ဇလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာ အခြေစိုက်တယ်လို့ဆိုတဲ့ International Coalition for the Advancement of Religious and Spirituality (ICARUS) အဖွဲ့အစည်းဟာ အွန်လိုင်းပေါ်မှာ ရှာမရသလို အဖွဲ့ရဲ့ ဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ Hans Groehlichen ဆိုသူကိုလည်း အခုထိ ဘယ်သူမှ ဆက်သွယ်လို့ မရဖြစ်နေပါတယ်။

Comment ပေးကြတဲ့လူတွေကို ကြည့်လိုက်မယ်ဆိုရင် သာမန် အွန်လိုင်းဝါသနာအိုးတွေသာမက ဘာသာရေးစိတ်ဝင်စားသူတွေ၊ ပါမောက္ခကြီးတွေအပြင် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကို တည်ထောင်တော်မူတဲ့ အဓိပတိဆရာတော်တောင် ပါပါသေးတယ်။ ဒါပေမဲ့ ဆရာတော်ဘုရားရဲ့ Comment ကတော့ ဆုနဲ့ပတ်သက်ပြီး ဘာမှ မပြောပါဘူး။ ဗုဒ္ဓဘာသာနဲ့ တခြားဘာသာတွေရဲ့ ကွာခြားချက်ကိုသာ ထောက်ပြသွားတာပါ။ ဒီအတွက် ဆရာတော်က စကားလုံး နှစ်လုံးကို သုံးခဲ့ပါတယ်။ Theocentric (ဖန်ဆင်းရှင်ပဓာန) နဲ့ Homocentric (လူသားပဓာန) ဆိုတဲ့ စကားလုံးတွေပါ။ ဒီစကားလုံးတွေကို သာမန်အင်္ဂလိပ်အဘိဓာန်ထဲရှာလို့ တွေ့ကြမှာ မဟုတ်ပါဘူး။ ဆရာတော်ဘုရားက ဗုဒ္ဓဘာသာဟာ လူကိုဗဟိုပြုတဲ့ဘာသာဖြစ်ပြီး တခြားဘာသာတွေကတော့ ဖန်ဆင်းရှင်ကို ဗဟိုပြုတဲ့ဘာသာတရားဖြစ်ကြောင်း ခွဲခြားပြပါတယ်။ ဆရာတော်ဘုရားရဲ့ မှတ်ချက် အချုပ်ကတော့ ဒီလောက်ပါပဲ။

တစ်ချို့လဲ မဆီမဆိုင် ထေရ၀ါဒက ဘယ်လို၊ မဟာယာနကဘယ်လိုဆိုပြီး ဆရာလုပ်သွားကြပါသေးတယ်။ Comment အတော်များများကတော့ ဒီသတင်းကို ကြိုဆိုတဲ့အကြောင်း၊ သိရတာ ၀မ်းသာတဲ့အကြောင်း ရေးကြပါတယ်။ ဆန့်ကျင်ဘက်လုပ်ရေးတဲ့ လူတွေလဲ အတော်များများတွေ့ရလေရဲ့။ တစ်ချို့လဲ ဒီဆုကြောင့် ဘာသာရေး ပဋိပက္ခတွေ ပိုမိုများပြားလာနိုင်ကြောင်း ထောက်ပြကြပါတယ်။ လူတိုင်းလောက်နီးပါးဟာ ကိုယ်ကိုးကွယ်ယုံကြည်ရာဘာသာတရားကိုသာ အကောင်းဆုံးလို့ လက်ခံယူဆကြတဲ့အတွက် ဒီလိုဆုမျိုးဟာ တကယ်ရှိရင်တောင် ပြန်ဖျက်သိမ်းသင့်ကြောင်း အဆိုပြုထားလည်း တွေ့ရပါတယ်။

ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ ဒီသတင်းဟာ အစစ်အမှန်ဖြစ်ရင် ကြိုဆိုသင့်ပေမဲ့ အထက်မှာပြောခဲ့သလို
(၁) အဖွဲ့အစည်းဆိုင်ရာအချက်အလက်တွေ အင်တာနက်ပေါ်မရှိခြင်း၊
(၂) အဖွဲ့တည်ရာကို မညွှန်ပြခြင်း၊
(၃) ဖုန်းနံပါတ်နဲ့ အီးမေးလိပ်စာတွေ ပေးမထားခြင်း စတဲ့ အကြောင်းတွေကို သုံးသပ်ကြည့်ရင် ဒီသတင်းဟာ ကြက်သွန်နီသတင်းမျိုးဖြစ်ဖို့ ရှိကြောင်း ဝေဘန်ကြပါတယ်။ ကြက်သွန်နီဥဟာ အလွှာတစ်ခုပြီး တစ်ခုခွါလိုက်တဲ့အခါ နောက်ဆုံးအတွင်းသားမှာ ဘာမှမတွေ့ရပဲ လွှာသူမှာသာ မျက်စိစပ်ပြီး ကျန်ရစ်သလို ဒီသတင်းနောက်လိုက်နေရင်တော့ နောက်ဆုံးဘာမှမတွေ့ရပဲ အင်တာနက်ကြည့်ရလွန်းလို့ မျက်စိစပ်ပြီး ကျန်ရစ်မှာ ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။ ကျနော်ရဲ့ မျက်စိတွေလည်း ဒီသတင်းနောက် စိတ်ဝင်တစားလိုက်ဖတ်ရင်း အခုတော့ စပ်နေပါပြီ။

မှတ်ချက်။ ။ စိတ်ဝင်စားသူများ အောက်ပါ Website တွင် ၀င်ရောက်ဖတ်ရှုနိုင်ပါကြောင်း အသိပေးပါသည်။
Beliefnet