Tuesday, August 18, 2009

လောကီတက်ကျမ်း


“မပန်သာသည်---လှလွန်းသည့်ပန်း”
လှလွန်းလို့လဲ မပန်ရဲ
“မနမ်းသာသည်---မွှေးလွန်းသည့်ပန်း”
မွှေးလွန်းလို့လဲ မနမ်းရဲ
“မလှမ်းသာသည်---ဝေးလွန်းသည့်ပန်း”
ဝေးလွန်းလို့လဲ မလှမ်းရဲ
ဒါဆို ဘာလုပ်ရမလဲ ကိုသိန်းတန်ရယ်?

လှလွန်းမွှေးလွန်းဝေးလွန်းရုံနဲ့
လက်လျှော့လိုက်ရတော့မှာတဲ့လား?
ငါကား ယောက်ျား
အလကားတော့ လက်မလျှော့ဘူး
ကိုလွမ်းမိုးပြောခဲ့တယ်
“တုံးခုလို့မှ ခူးမရရင် တံခြူနဲ့ခူး”တဲ့
မလွယ်ပေမဲ့ ဇွဲတော့ရှိရမယ်။

ရှင်မဟာရဋ္ဌသာရရဲ့
“နှမလက်လျှော့နေလေတော့” ဆိုတာ
နှမတွေကိုပဲပြောတာ
နှထီးတွေမပါဘူး ဟုတ်စ
အဲဒီတော့ လက်လျှော့ဖို့မလိုဘူး။

ကျုပ်ဆရာပြောဖူးတဲ့
စကားတစ်ခွန်းလဲရှိသေးတယ်
“တကယ်ဖြစ်ချင် တကယ်လုပ် အဟုတ်ဖြစ်ရမည်”တဲ့
ဘာဖြစ်ချင်လဲ အရင်သိအောင်လုပ်
တကယ်ဖြစ်ချင်/မဖြစ်ချင်လား စဉ်းစား
ပြီးရင် တကယ်လုပ်
ဖြစ်ကို ဖြစ်မယ်
မဖြစ်ရင် လာပြော။

အဲဒီလို အဲဒီလို
လောကီရေးရာ သီချင်းပဒေသာနဲ့
အဆိုအမိန့်တွေကို ကိုးကား
နောင်အခါ တိုးပွါးအောင်
ကဲ ကြိုးစားပေတော့။


5 comments:

သုခုမလေဒီ said...

No 1း)

သုခုမလေဒီ said...

မောင်လေး နှထီးဆိုတာ ဘာကောင်လဲ???း)
တကယ်ဖြစ်ချင်ပေမယ့် ကျန်းမာရေးမကောင်းတော့ရော ဘယ်လိုလုပ်ရမလဲ မောင်လေး

kiki said...

တုံးခုလို့ မှ မရရင် တံချူ နဲ့  ခူးပါလားကွဲ့ ။
ခုန်နေရတာ မောသေးတယ် ။ ခြေချော်မှာလဲ ကြောက်ရသေး ...

mabaydar said...

ဖတ်ကြည့်ပြီး အားတောင်တက်သွားပြီ... ဒါပေမဲ့ တချို့ဟာတွေကျတော့ ကြိုးစားတိုင်းရလားဟင်.. ပါရမီပါဖို့ကလိုသေးတယ်...
kiki ပြောသလိုပဲ ကြားဖူးတာက တုံးခုလို့မှ မရရင် တံချူနဲ့ ခူးပစ်မယ်တဲ့...

Ko Min Htet said...

အဟဲ ဟုတ်သဗျာ့၊ ဦးစံရှားပြောသလို မှားတဲ့အခါလဲ မှားပေမပေါ့ မဗေဒါလေးရယ်။ ပြင်လိုက်ပီဗျာ။ တံခြူနဲ့ ခူးမယ်။ ဟဲဟဲ။