Sunday, August 16, 2009

ကိုယ့်အားကိုယ်ကိုး


လှေငယ်တစ်စီးနဲ့ ငါ
ပင်လယ်မှာ လွင့်မျော
ကြီးလွန်းတဲ့ လှိုင်းတွေအကြား
ကြိုးစား လှော်ခပ်
ဒါပေမဲ့
ဘယ်အရပ်လဲ ငါမသိ။

အိမ်မြောင်မရှိတဲ့ ငါ
အားကိုးရာ ရှာရှင်း
လမ်းပြကြယ်တစ်စင်းတွေ့
အရှေ့ရပ်ပါလား။

ငါသွားချင်တဲ့ နေရာမဟုတ်
ပြန်ဆုတ်မှ ဖြစ်မယ်
သွားသင့်တဲ့အရပ်သို့ ဦးလှည့်
ရုတ်တရက်
လေပျင်းတစ်ချက်ဝှေ့
ငါ့လှေငယ် ကွေ့စောင်း
အရပ်ပြောင်းသွားပြီ။

ကောင်းကင်သို့ မော်ကြည့်
လမ်းပြကြယ် မရှိတော့
မိုးတိမ်အတိ ဖုံး
လမ်းပျောက်ဆုံးပြီ
အရှုံးပေးရတော့မလား?

ဒီလှေနဲ့ ဒီခရီး
ငါတစ်ယောက်တည်း လှော်ခပ်
ရောက်ချင်တဲ့ အရပ်ရောက်
နောက်ပြန်မဆုတ်တော့ပြီ
ကမ်းရောက်ဖို့ အဓိက။

မယုတ်သော ဇွဲ
ခိုင်မြဲသော သန္နိဋ္ဌာန်
မြဲမြန်သော လုလ္လ
ငါ့ဘ၀ရဲ့ အားကိုးရာအစစ်
ပင်လယ်မှာ ငါမနစ်စေရ
မေခလာကယ်မှ အသက်ရှင်ရမည့်သူမဟုတ်
ပန်းတိုင်သို့ ရောက်ဖို့ရည်
ကိုယ့်ကိုယ်ကို အားကိုးမည်။

1 comment:

kiki said...

သူများနှာခေါင်းနဲ့  အသက်မရှူ ...
swine flu ကူးမှာစိုးလို့  ။။

ဟုတ်ပ ။
ကိုယ့်အား ကိုယ်ကိုး တာ အကောင်းဆုံးပါ ။

(ငါ့လှေ ငါထိုး ပဲခူး ရောက်ရောက် ။ ဆိုရင်ရော ? ? ? )

[ခင်လို့  စ သွား ပါသည် ... ]