Monday, September 29, 2008

အစပ်ကြိုက်သူများ သတိ


ဒီနေ့ Sky News ထဲမှာ ငရုပ်သီးကြိုက်သူတွေ သတိထားစရာသတင်းတစ်ပုဒ် ဖတ်လိုက်ရတယ်။ သတင်းက----
အင်ဒရူးလီလို့ခေါ်တဲ့ အသက်(၃၃)နှစ်အရွယ်ရှိ စားဖိုမှူးတစ်ယောက် သူ့သူငယ်ချင်းနဲ့ အစပ်ဆုံးဟင်းလျာတစ်မျိုးကို လောင်းကြေးထပ်ပြီး စားပြသတဲ့။ သူစားတဲ့ဟင်းလျာကတော့ အင်မတိအင်မတန်စပ်တဲ့ ငရုပ်ဆီတစ်မျိုးပါ။ အဲဒီငရုပ်ဆီကို တစ်ခွက်လုံး ကုန်အောင်သောက်ပြီးတော့ တစ်ကိုယ်လုံးယားယံလာပြီး အိပ်မရလောက်အောင်ကို ဖြစ်သွားသတဲ့။ နှလုံးထိသွားတယ် လို့ဆိုပါတယ်။ နောက်ဆုံးတော့ လျှောပါလေရော။ အဲဒီတော့ အလောင်းအစားလဲ ကြည့်လုပ်ကြဖို့ မိတ်ဆွေများကို အသိပေးပါတယ်ဗျား။ အပြည့်အစုံဖတ်ချင်သူများအတွက် ဆိုင်ရာ link ကိုပေးလိုက်ပါတယ်။
http://uk.news.yahoo.com/skynews/20080929/tuk-chef-dies-after-hot-chilli-dare-45dbed5.html

ကျနော့် ဘလောဂ်မှာ ဒီလိုသတိထားစရာ သတင်းလေးတွေလဲ ရံခါ ဖတ်ခွင့်ရအောင် ထည့်ပေးပါမယ်။
အားလုံးကို ကျေုးဇူးတင်လျှက်
မင်းထက်

2 comments:

ပြည့်ပြည့် said...

အစပ်ကလူကိုသေစေနိုင်ထိ ဒုက္ခပေးနိုင်တယ်အခုမှသိရတယ် ပြည့်ပြည့်ရဲ့အမေက အစပ်အရမ်းစားတယ် အဲဒါသတိပေးရမယ်

Unknown said...

စာကိုဖတ်စေချက်ရင်အပြည့်အစုံရေးပါ နောက်တခါLinkမှာကြည့်ပါလို့မရေးပါနဲ့
ဟွန့်..................