Thursday, December 31, 2009

သက်ရင့်အိမ်မက်များနှင့် အတူ


အဟောင်းတန်းမှာ ဈေးကွက်ကောင်းနေတဲ့
နှစ်ချို့ အိပ်မက်တွေရဲ့ သက်တမ်းကတော့
ရင့်ပြီးရင်း ရင့်ရင်းပါပဲ။

မက်ပြီးသား အိပ်မက်တွေကို
ထပ်ပြန်တလဲလဲ မက်ခွင့်ရဖို့
နောက်တစ်နှစ် ရောက်လာပြန်ပါပြီ။

ကလင်ဒါအဟောင်းနေရာမှာ
အစားဝင်လာတဲ့ ရက်စွဲတွေကတော့
အရင်နှစ်နဲ့ သိပ်မခြားနားလှပါဘူး။

မပြောင်းလဲတဲ့ ရက်တွေ လတွေပါပဲ
အဲ---ပြောင်းသွားတာကတော့ နှစ်
သူ့ကြောင့် အိမ်မက်တွေ သက်တန်းရင့်ကုန်တာပေါ့။

ဘယ်လိုလဲ
သက်ရင့်အိပ်မက်တွေကို ကျောပိုးရင်း ဆက်လျှောက်မလား
ဒါမှ မဟုတ်??????

1 comment:

ကိုရင်နော်ခင်လေးငယ် said...

ကိုမင်းထက်ကြီးရေ..

ကဗျာလေးက ကောင်းလိုက်တာ..

သက်ရင့်အိပ်မက်တွေကို ထားခဲ့တော့မယ်..

နှစ်သစ်မှာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေနော်..

Hap Hap Happpy newww Yearrrr..!!!

ခင်မင်လေးစားချစ်ခြင်းအားဖြင့်