Tuesday, December 1, 2009

စိတ်ညစ်ရတဲ့ ခေတ်ကြီး


ဒို့ပြည်ရွာ အဖြစ်ပျက်
နှစ်သက်ဖို့ သိပ်မလွယ်
ဖတ်သမျှ သတင်းအစုံရယ်
စိတ်ကုန်တယ် တအား
မတရားမှု အခြေနေရယ်
ဒီရေလို တိုးနေပေါ့လား

ဆေးဆရာ အကျင့်ပျက်
လူ့အသက် မညှာတာ
သူ့အတွက် အသပြာသာ
အရေးပါတဲ့ အတွေး
စစ်ဆေးမှု အလေးချော်တယ်
အရေးပေါ် ကုသခဲ့သေး

အသက်ဆုံးမှ သတင်းပေါ်
အတင်းနော် ပြည်သူဟစ်မှ
စစ်ဆေးဖို့ အဖွဲ့ပြင်ဆင်
ဟန်ရေးကယ် ထွင်
မြန်မနှေးကွယ် လူလယ်လုပ်ကာ
တရုတ်ရွာ ပုန်းရှောင်ပေါ့လေး။

နောက်တစ်ဖန် သတင်းတစ်ပုဒ်
အတင်းမဟုတ် အမှန်ကန်
ထမင်းလုပ် နပ်မမှန်အောင်
စားနေရတဲ့ ဘဝ
ပလပ်စတစ် ကောက်လို့သာရယ်
တဲကုတ်မှာ မွဲလို့ပြာကျ
အခါမလှတဲ့ ဒီခေတ်မှာ
လူဖြစ်လာ သမျှ
ကျားမပါ မ-သာများပေသမို့
ခါးနာရ မတော်
မုဒိန်းကောင် အလစ်ကို ချောင်းပါလို့
နှံပြည်စုတ် အမြောက်နဲ့ သူဆော်
သို့သော်ကွဲ့ အမှုရယ်ဆိုင်
ခုမနိုင် နောင်ရှုံး
ဒို့မြန်ပြည် ဒီအဖြစ်ရယ်
ဒီခေတ်မယ် ပြောလို့မဆုံး

ပြည်ချစ်ကယ် မြန်သူတို့
ကံတူလို့ အကျိုးကွယ်
ရန်သူသို့ အဖြစ်ရယ်
ဒို့ပြည်နယ် အဖြစ်များ
နအဖ သင်းအဖွဲ့တွေရယ်
မင်းတို့နှယ် သိပ်ခက်ပါလား

သိပ်ရက်စက် ဆိုတာတောင်
ပြောစရာ စကား
ငါ့ခမျှာ ရှိကို ရှိပါဘု
စိတ်မှာခု ဘူးကွယ်
ဆူးသဘွယ် စူးကာနစ်ပါလို့
မင်းတို့ခေတ် စိတ်ညစ်ပါတယ်
သိပ်ချစ်တဲ့ ဒို့ပြည်သူတွေ
စုတ်ချာကာ နေ
ဟုတ်တာတွေ ငါမပြောချင်တော့
ငါ့ရင်တွေ ပူလွန်းလို့လေး။

3 comments:

သုခုမလေဒီ said...

မောင်လေး ဒီကဗျာလေးကောင်းတယ် ဒါကိုထည့်ရမှား)) မောင်လေးတို့ ကအဝေးကြီးမှာပါနော်။ အစ်မတို့ က သာနစ်သထက်မနစ်ဖို့ ဒီကနေပဲဆုတောင်းနေရတယ်။

Anonymous said...

Nice poem and
feel so sad...
;(

Unknown said...

တေးထပ်ရေးစပ်လို့
အပြေးနှက်မယ့် ကိုမင်းထက်ရယ်။
လျှိုရင်းနက်တဲ့ခေတ်သာမို့
အပြစ်သာဖို့လို့ရယ် တကယ်မပြီး
စွမ်းသလောက်သာအားထုတ်ပါလို့
အများအရှုပ်ရှင်းဖို့မလွယ်။

အတင်းမတုပ်ဘဲ
သတင်းထုတ်စမြဲမို့
ဝါးရင်းတုတ်ဆွဲဖို့မလိုတယ်။

တတ်အားသမျှ အုတ်တစ်ချပ်ကူမယ်
လုပ်ရပ်ရယ် တို့စွမ်းသလောက်လေး။