Wednesday, May 26, 2010

ကံမညှိုးအောင်


လောကဇာတ်ခုံ၊ နိပ်မြင့်တုံဝယ်၊
ဖြစ်ပုံစုံစေ့၊ ဘုံဓလေ့ကြောင့်၊
ဘယ်ရွေ့ဘယ်မျှ၊ ကြီးမြင့်လှလည်း၊
မာနမြင့်ကူ၊ လံမထူသင့်။

ကံကူဖေးမ၊ ခုနေလှစဉ်၊
ငါမှငါပင်၊ ငါဘုရင်ဟု၊
မာန်ဝင်မြင့်မိုရ်၊ စိတ်ကြီးပိုကာ၊
နိုင်လိုမင်းထက်၊ ပြုမူခဲ့သော်၊
ကံမဲ့ချိန်ခါ၊ ကျရောက်လာလျှင်၊
ကိုယ်သာမက၊ ကိုယ့်နောက်များပါ၊
စိတ်အားငယ်မျိုး၊ ဒုက္ခတိုးလိမ့်။

ဖြစ်ရိုးတံထွာ၊ ဓမ္မတာမို့၊
ကံသာမိုးမြင့်၊ အခြေတင့်စဉ်၊
ဘ၀င့်မာန်ဆိုး၊ ဦးနှိပ်ချိုးလျှက်၊
ကောင်းကျိုးစဉ်ဆက်၊ ရှိန်မပျက်အောင်၊
ခုတွက်လည်းသာ၊ နောင်လည်းပါမည့်၊
ကောင်းရာဆင့်ဆင့်၊ ဆောင်ရွက်သင့်သည်၊
ကံမြင့်ချိန်ခါ မညှိုးဖို့။

1 comment:

ပန်းနှင်းဆီ(ကြယ်ကလေး) said...

ကဗျာကောင်းလေးပါရှင်....
ဝဋ်ဆိုတာ လည်တတ်တဲ့ သဘောရှိပေသမို့...
မာန်မာနရယ် မထောင်လွှားကျပါစို့...