မင်းအကြောင်းတွေး
တစ်ရေးရေးနဲ့
ဆေးလိပ်တွေ ပြာဖြစ်
သိပ်စိတ်ညစ်တယ်
ဘာဖြစ်လို့များ ချစ်ခဲ့မိပါလိမ့်?
တွေးမရခိုက်
တစိုက်စိုက် ရှိုက်ဖွာ
အရေအတွက်တိုးပွါး
ဆေးလိပ်ပြာတွေပဲ များများလာတယ်။
ရင်မှာ အဖြေမရှိသလို
အပြင်မှာ နေမထိတာကြောင့်
နောက်တစ်လိပ် ဆက်ဖွာ
ခွက်ထဲမှာ ပြာပြည့်
စဉ်းစားကြည့်တော့
အဲဒါ အချစ်သက်သေပေါ့။
တစ်ရေးရေးနဲ့
ဆေးလိပ်တွေ ပြာဖြစ်
သိပ်စိတ်ညစ်တယ်
ဘာဖြစ်လို့များ ချစ်ခဲ့မိပါလိမ့်?
တွေးမရခိုက်
တစိုက်စိုက် ရှိုက်ဖွာ
အရေအတွက်တိုးပွါး
ဆေးလိပ်ပြာတွေပဲ များများလာတယ်။
ရင်မှာ အဖြေမရှိသလို
အပြင်မှာ နေမထိတာကြောင့်
နောက်တစ်လိပ် ဆက်ဖွာ
ခွက်ထဲမှာ ပြာပြည့်
စဉ်းစားကြည့်တော့
အဲဒါ အချစ်သက်သေပေါ့။
2 comments:
ရင်မှာ အဖြေမရှိသလို
အပြင်မှာ နေမထိတာကြောင့်
နောက်တစ်လိပ် ဆက်ဖွာ
ခွက်ထဲမှာ ပြာပြည့်
စဉ်းစားကြည့်တော့
အဲဒါ အချစ်သက်သေပေါ့။
ကဗျာလေးက နူးညံ့ပြီးအတွေးတွေရစေတယ်
ခင်မင်လျက်
ဪ ကိုမင်းထက်ရယ် ..
လန်ဒန် ရာသီဥတု နဲ့  အပြင်မှာ နေထိရဖို့ 
အတော်လေး ခက်လိမ့်မယ် ထင်ရဲ့ ။
ဆေးလိပ်တွေ သိပ်မသောက်နဲ့  လူလေးရေ ။
အဆုပ် ရောဂါ ရနေမယ် ။
ဆေးလိပ်ဖိုးလည်း အတော်ကုန်လို့
ဘတ်ဂျက် ထိခိုက်မယ် ကွဲ့  ။
ကျန်းမာရေး ရော စီးပွားရေးပါ ထိခိုက်မယ်လေ ။
(အဟက် ကဗျာ အရသာလေး ပျက်စီး သွားပြီ ။)
ခင်လို့ စ တာ ပါ ကဗျာဆရာရေ ။
အားပေးလျှက်ပါ ။။
ဖွားကိ ။
(တခု တောင်းဆို ပါရစေ ..အဲဒီ word verification
ကြီး ဖြုတ်ပေးပါလား ။ အချိန်ကုန် အလုပ်ရှူပ်လို့ပါ )
Post a Comment