Monday, April 5, 2010

ရွေးကောက်ပွဲ


ပြည်မြန်မာ ကောင်းစားရေး
ဇောင်းပေးလို့ အတွေးကျယ်
ခေါင်းမွေးပဲ ဆွေးတယ်
လမ်းစ ဘယ်မတွေ့
စနစ်ပျက် ခေတ်ပျက်ပုံနှယ်
စစ်မက်ဇုန် ဖြစ်ရသလေ့။

၈၈ အရေးတော်ပုံ
ကြွေးကျော်ဟုန် မြန်တပြေ့
ဘေးချော်ပုံ ကံဓလေ့ရယ်က
လူထုဘက် မရပ်တည်
စစ်တပ်လက် အာဏာလှူ
ပါဝါသူ နှင်းအပ်ခဲ့ပြီ။

လာပြန်ငဲ့ ခုတစ်ခါ
လူ့ငချာ ဗိုလ်ရူးတို့
ရာထူးအတွက် တွေးကြောက်ဆဲတွင်
ရွေးကောက်ပွဲထွင်
ဘေးရောက်ဆဲ ဒီအာဏာကို
မဲလိမ်ကာ ယူဦးမှာဗျာ့လေး။


1 comment:

  1. အတွေးရဲရဲ အရေးရဲရဲပါပဲဗျို့....
    ပေးလိုက်ပေအုံးတော့ ...
    ဓါးမိုး၍ တောင်းဆိုသောမဲ....း)

    ReplyDelete

The comment given by you is my teacher and treasure.