Monday, April 5, 2010

မြန်မာပြည် ကောင်းစားဖို့




ပြည်မြန်မာ လူဖြစ်ရ
မလွယ်ဗျာ့ မလွယ်
ဘယ်ဘ၀ ၀ဋ်ကံနှယ်
လည်လေတယ် မသိ
နှုတ်ပိတ်လို့ အနေကြပ်တယ်
လေဖြတ်ဘွယ် ကြောက်ရလေဘိ။

ကုန်ဈေးနှုံး မိုးသို့ထောင်
ဆုံးဖို့ရောင် မရှိ
သုံးလို့တောင် မပြည့်တဲ့
လစာကြေး ဖြတ်ယူ
ကြွေးတောင်းသူ လာချည်ရဲ့
နေမထိ တွေးရလို့ပူ။

ဒီစံနစ် ဒီဖြစ်အင်
ဖန်တီးရှင် သေရွှမ်းကွဲ့
ပေသန်းလို့ လတ်ဖြေစေ
ရမ်းနှူးလို့သေ
ကမ်းကူးမည့် တိုင်းမြန်မာငယ်
ကမ္ဘာဝယ် ကောင်းစားဖို့လေး။



2 comments:

  1. ယတြာ ချေ နည်း လေးများ ပေးမယ် မှတ်တာ..သားသားမင်းထက် ရေ ။

    ဘယ်လို လုပ်ရမတုံး....
    မြန်မာပြည်ကြီး က တချို့  တချို့ သော သူတွေ ကောင်းစားနေကြတာ ပဲ ဟာ ....
    ကျန်တဲ့ လူ အများအတွက်တော့ ...ကောင်းဖို့ မမြင် ..လမိုက်ည အမှောင်ထဲမှာ စမ်းတဝါးဝါးနဲ့  ၊

    ReplyDelete
  2. ဘယ်သူတွေကြောင့်များ စိတ်ဓါတ်ကျနေသလည်း....း)

    ReplyDelete

The comment given by you is my teacher and treasure.