Friday, February 12, 2010

မြင်စမ်းစေချင်



အင်္ဂလိပ်က လိုသမျှဖဲ့
ဂျပန်က ဗိုလ်ကျခဲ့
ငိုရတဲ့ သူတွေက ဒို့မြန်မာ
မြို့ရွာတွေ မအေးချမ်း
ဘေးဘယန်း သောင်းခြောက်ထောင်
ခေါင်းပေါက်အောင် သူစဉ်းစားတော့
ရန်သူချင်း ရန်မူမှ
ပြန်ယူလို့ရမည် အဖြေထွက်
အနေသာလျက်နဲ့ သူမနေ
ပြည်သူတွေ ရင်အေးဖို့
ရင်လေးလို့ အိပ်မပျော်
ရဲဘော်တွေ အကုန်စု
အံတုလို့ ခုခံ
တော်လှန်ဖို့ ကျိုးစား
တစ်မျိုးးသားလုံး လွတ်မြောက်ရေး
အသက်ပေးလို့ ဆပ်ခဲ့ပြီ။

အင်္ဂလိပ်တွေ ထွက်ခွါ
ဂျန်ပန်တွေ ပြန်ဆုတ်
ရန်လုပ်သူတွေနဲ့ ဝေး
လွတ်လပ်ရေးလဲ ရခဲ့
ဒါပေမဲ့ တိုင်းပြည်မှာ
အာဏာရှင် အုပ်စိုး
စိုးမိုးလို့ ချယ်လှယ်
နှစ်လေးဆယ် ကျော်ခဲ့
အဖေါ်မဲ့တဲ့ မြန်မာ
ကမ္ဘာမှာ နင်းပြားမို့
သနားလို့ ၀ိုင်းကြည့်
အတိုင်းမသိ ရင်နာဘွယ်
သခင်ရယ် ထကြည့်ပါလော့။

(၉၅-နှစ်မြောက် မြန်မာ့လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအား လွမ်းဆွတ်တသ အစဉ်သတိရလျှက်)

3 comments:

  1. ထိတယ်။ မိတယ်။ တိကျတယ်။ အားပါတယ်။ သတိရမှုကိုဖြစ်စေတယ်။ ဂုဏ်ပြုရာရောက်တယ်။ အားကျဖို့သင်ပေးတယ်။

    ဒါဆို...
    ကဗျာကောင်းတစ်ပုဒ်ပေါ့။

    ReplyDelete
  2. ကိုမင်းထက်
    ဒီကဗျာကိုသိပ်နှစ်သက်မိတယ်.။
    ကဗျာကို ယူသွားပါပြီး.။
    ကိုမင်းထက်ရေ....

    ReplyDelete
  3. Good တယ် မောင်လေးရေ...
    အမတို့ မမီလိုက်တဲ့ ဗိုလ်ချုပ်ကို တကယ်တွေ့ချင်လာတယ်။

    ReplyDelete

The comment given by you is my teacher and treasure.