Monday, January 25, 2010

မကြည့်တဲ့ အမြင်များ


မျက်လုံးက မကြည့်တဲ့ အမြင်တွေ
ရာသက်ပန် ဖျောက်ပစ်ချင်လို့
ကြိုးစားပြီး မှိတ်ထားကြည့်တယ်

ပိတ်ထားတဲ့ မျက်လုံးထဲ
မဖိတ်ပဲ ၀င်လာတဲ့ အာရုံကြောင့်
တကယ်ကြည့်ဖို့ကြိုးစားတဲ့အခါ
ခပ်လှမ်းလှမ်းဆိုတာ ထား
ဟိုးအဝေးမှာတောင် သူကမရှိတော့

ကြည့်နေတဲ့ မျက်လုံးက တစ်စုံ
မြင်နေတဲ့ မျက်လုံးက နှစ်ခု
တစ်ယောက်တည်းနဲ့ မျက်လုံးလေးခုလား?

မမြင်ရာအာရုံနောက် တစ်ကောက်ကောက်လိုက်ရင်း
ရွှေသမင်အလိုက်မှားတဲ့ မုဆိုးလို
အာရုံဝင်္ကဘာတောက မထွက်နိုင်မှန်းသိလေမှ
မျက်လုံးအစုံကို ပွတ်သတ်ကြည့်လိုက်တယ်
အို
ငါဖတ်နေတာ ကဗျာတစ်ပုဒ်ပါလား



1 comment:

  1. ကြည့်နေတဲ့ မျက်လုံးက တစ်စုံ
    မြင်နေတဲ့ မျက်လုံးက နှစ်ခု
    တစ်ယောက်တည်းနဲ့ မျက်လုံးလေးခုလား?


    ကဗျာလေး ကြိုက်တယ် အစ်ကိုရေ..

    ခင်မင်လေးစားချစ်ခြင်းအားဖြင့်

    ရှင်ဗျာ..း)))

    ReplyDelete

The comment given by you is my teacher and treasure.