Tuesday, January 26, 2010

ဆုတောင်းပါသည်


ချစ်တဲ့သူနဲ့ အတူမနေရတဲ့ ဒုက္ခမှ လွတ်မြောက်ဖို့ ဆုမပန်ပါ၊
မချစ်တဲ့သူနဲ့ အတူနေရတဲ့ ဒုက္ခမှ လွတ်မြောက်ဖို့တော့ ဆုပန်ပါသည်။

မြင်ချင်တဲ့မျက်နှာကို မြင်ခွင့်မရလျှင် နေပါစေ၊
မမြင်ချင်တဲ့ မျက်ခွက်ကိုတော့ မြင်ခွင့်ဆုံးရှုံးပါစေသား။

ရေစက်မရှိလို့ ဝေးနေရသူများနဲ့ နီးစပ်ဖို့ မတောင်းဆိုပါ၊
ရေစက်ရှိလို့ နီးနေရသူတွေအချို့နဲ့ အမြန်ဆုံးဝေးရပါလို၏။

ကိုယ့်အလိုသို့ မလိုက်နိုင်သူများနဲ့ အဆင်ပြေအောင်ပေါင်းနိုင်ပါသည်၊
သူ့အလိုသို့သာ လိုက်စေချင်သူများ နောက်ထပ်မမွေးပါစေသော်။

အဆင်မပြေမှုမှန်သမျှ ၀ဋ်ကြွေးကြောင့်ဖြစ်ခဲ့သော် မြန်မြန်ကျေပါစေသတည်း၊
ဝဋ်ကြွေးမှန်သမျှ အဆင်မပြေမှုကို ဖြစ်စေသော် မြန်မြန်သေပါစေသတည်း။

5 comments:

  1. ဆရာရေ..
    အဲဒီဆုတောင်းကတော့ အီဖေကိုလဲ ပြည့်စုံချင်လိုက်ပါဘိ။

    ReplyDelete
  2. အယ် ... ဒီလိုဆုတောင်းချင်လောက်အောင် ဘယ်သူတွေက ဘယ်လောက်တောင် ဒုက္ခပေးနေကြလဲမသိဘူး ... ပန်တဲ့ဆုတွေမပြည့်ခဲ့သည်ရှိသော် .... ဥပက္ခာပြုနိုင်သူတစ်ယောက်ဖြစ်ပါစေလို့ ၀ိုင်းဆုတောင်းပေးခဲ့ပါတယ် ....

    ReplyDelete
  3. Wow,
    what a great wish....
    hit me bull's eye...
    feel the same way..
    thanks alot.

    ReplyDelete
  4. ဆုတောင်းလေးပြည့် ပါစေ...အဲလိုဆုမျိုးပဲတောင်းချင်ပါရဲ့ 

    ReplyDelete

The comment given by you is my teacher and treasure.