Sunday, September 27, 2009

ဘလော့ဂ်လားမြောက်တဲ့နေ့


ဘလော့ဂ်တွေ အပြိုင်ပြု
ခေတ်စုထဲ ၀င်ရောက်လာ
ဘလော့ဂါဖြစ်ချင်စမ်း
ရူးနှမ်းတဲ့ ငါ။

ဘလော့ဂ်ဝင် ဘလော့ဂ်ထွက်
လည်ပတ်ခဲ့ အတုယူကာ
ဘလော့ဂ်ငယ် တစ်ခုလုပ်
ဖန်တည်းခဲ့ တာ။

ဘလော့ဂ်ပေါ် စာတွေရေး
အတွေးနဲ့ ဆွေးကဗျာ
သတင်းတွေ စုကာချဲ့
သူ့အကြောင်းလဲ ပါ။

ဒီလိုနဲ့ ဘလော့ဂ်သက်
တစ်ရက်ထက် တစ်ရက်သာ
ဘလော့ဂ်ရွာ လူကျယ်လုပ်
ကြီးပျင်းလို့ လာ။

စက်တင်ဘာ-၂၀၀၈
၂၈- ဒီရက်မှာ
ဘလော့ဂါ ငါ့အတွေး
မွေးဖွါးခဲ့ တာ။

အခုဆို ဘလော့ဂင်း
တစ်နှစ်တင်း ပြည့်လို့လာ
နက်ပေါ်မှာ သားလေးတစ်ယောက်
ဘလော့ဂ်လားမြောက် ပါ။


3 comments:

  1. Happy Birthday!!!

    အလင်းတန်း တနှစ်သား
    လ-နှစ်များစွာ
    သက်ဇိုးဝ်ရှည်ပါစေသတည်း ... ။

    (မှတ်ချက်။ .. ။ စာလုံးပေါင်းသေချာဖတ်ပါ။ သက်ဆိုးဟု ပေါင်းထားခြင်းမဟုတ်ပါ။ သက်ဇိုးဝ် = အသက်ဇီဝ ဟု ဆိုလိုရင်းဖြစ်ပါသည်။ အမှားကြာ၍ အမှန်ဖြစ်သွားသော သက်ဆိုးနှင့် ထင်ယောင်ထင်မှားဖြစ်ကာ အထင်မလွဲစေလိုပါ)
    :)

    ReplyDelete
  2. မွေးနေ့လေးမှ ပြီးအမြဲအောင်မြင်ပါစေရှင်။
    အလင်းတန်းလေးရေ..မြတ်လေးငုံလာရောက်
    ပါတယ်နော်..မွေးနေ့လေးကို...။

    ReplyDelete
  3. အလင်းတန်းလေး ရေ.... မြတ်လေးငုံ
    လာသွားတယ်နော်..မွေးနေ့လေးမှစပြီး
    နောင်ကို ဆထက်တိုးပြီး အောင်မြင်ပါစေ
    လို့ဆုတောင်းပေး ပါတယ်ရှင်။

    ReplyDelete

The comment given by you is my teacher and treasure.