Saturday, September 26, 2009

လှေကားထစ်သီဝရီ


လှေကားတစ်ထစ်
တက်နင်းလိုက်တယ်
ညာခြေတစ်ဘက်
ကြမ်းနဲ့ လွတ်သွား
သတိထားမိတော့
ငါ အထက်နားကို
နည်းနည်းရောက်လာပြီ။

နောက်တစ်ထစ်နင်းဖို့
ဘယ်ခြေကိုကြွ
ကြမ်းကခွါမိ
ငါသိလိုက်တယ်
ကြမ်းပြင်နဲ့ လုံးဝလွတ်သွားပြီ။

ဒီလိုနဲ့ တစ်ထစ်ချင်း
နင်းရင်းနဲ့ တက်
တက်ရင်းနဲ့ နင်း
တက်နင်းခြင်းသဘော
အမှန်ပြောတဲ့ သီဝရီကတော့
အောက်မှအထက်
တစ်ဆင့်ထက်မြင့်
ရောက်သင့်နေရာ
ရောက်ဖို့ပါပဲ။

ဒါပေမဲ့
အထက်ရောက်တော့
နောက်ကို တစ်ချက်
ငါပြန်လှည့်ကြည့်
အသိတစ်ခုဝင်လာ
အာ---
ငါ ပြန်ဆင်းရဦးမှာပါလား။

2 comments:

  1. ကဗျာလေး ကောင်းတယ်... ဦးဦးမင်းထက်ရေ...

    သံဝေဂ ကဗျာလေး ကြိုက်တယ်။

    အမြင့်ရောက်လဲ အနိမ့်ကို ပြန်ရောက်ရမှာ ဓမ္မတာပါပဲ။
    ကျရှုံးမှုတွေပါပဲ။ လူ့ဘ၀ကြီးဟာလဲ ဒီအတိုင်းးပါပဲ...


    ဦးဦးက တော်တယ်။

    ReplyDelete
  2. ဒီ သီဝရီ ကြီးကို
    ဟို ရွှေနိုင်ငံက ဘဘကြီးတွေ မကြားဖူး မသိဖူး နားမလည်ကြဖူး လား နော် ...
    သူတို့  သိအောင် ဘယ်လိုလုပ်ရ မလည်း ဟင် ...

    ReplyDelete

The comment given by you is my teacher and treasure.