Friday, July 3, 2009

နှလုံးသား ဒိုင်ယာရီ


မမြင်ကွယ်ရာမှ
ဟိုး----အဝေးက ချစ်သူ
နှုတ်မဆက် ထွက်ခွါ
လောကကို စိတ်နာသွားသတဲ့။

မချစ်ချင်လို့မှ ဟုတ်ပဲ
ရင်ထဲမှာ အမြဲရှိ
မင်းသိအောင် မပြောခဲ့တာကိုတော့ ခွင့်လွှတ်နော်။

အချစ်ဆိုတာ
တစ်ယောက်စာ အတွက်ပဲ
အသက်ဆက်ဖို့
ဖန်ဆင်းခဲ့သလား?

နှစ်ယောက်စာ အချစ်
ကိုယ့်မှာ ဖြစ်တည်
တကယ်လို့များ ရှိခဲ့သည်ငြား
မင်းအတွက်အချစ်
ငါပေးခဲ့ ချင်ပါတယ်။

နှလုံးသားအဟောင်း
ကိုယ့်အကြောင်း သိမ်းဆည်းထားတဲ့နေရာ
ဘာဖြစ်လို့များ
အသစ်နဲ့လဲရစ်
ခွဲစိပ်ပစ်လိုက်ရတာလဲ?

နှလုံးသားအသစ်
ကိုယ့်အချစ်ကို နားမလည်ခင်မှာ
အဟောင်းမွေခံ
အကြောင်းတွေဖန်ခဲ့ပြန်ပြီကော။

မင်းချစ်တဲ့ ငါ
ဝေဒနာနဲ့လူတစ်ယောက်
ဥပေက္ခာသားကောင်လို့ မမှတ်လိုက်ပါနဲ့။

နှုတ်သဘောမဲ့ အချစ်
ထုတ်မပြောတဲ့ အဖြစ်ရယ်ကြောင့်
မင်းတစ်ယောက် နာကျင်
တသွင်သွင်စီးတဲ့ မျက်ရည်တွေနဲ့ အတူ
နောက်တစ်ခါ နှလုံးအက်ကွဲ
အသက်ပဲ ပေးဆပ်လိုက်ရလေတယ်ကွယ်။

ငါဘယ်လိုဖြေဖျောက်
ပြေပျောက်မယ် မထင်ပါနဲ့
အကြင်နာမဲ့သူမဟုတ်
ရင်မှာတဲ့ သူတစ်ယောက်တည်းရယ်ကြောင့်
စိမ်းသယောင်ပြု
တိန်းသယောင်အတုတွေနဲ့
ကိုယ့်ကိုယ်ကို ညာမိ
ငါသိလိုက်တဲ့ အချိန်ကျတော့
မင်းတစ်ယောက် မမြင်
လောကရဲ့အပြင် ထွက်ခွါ
တကယ်ကျန်ရစ်ခဲ့တာက
ငါပါ---ဟာ။

No comments:

Post a Comment

The comment given by you is my teacher and treasure.