
အနမ်း
သရမ်းတယ် မထင်ပါနဲ့
ရင်မှာ ချစ်စိတ်
တဒိတ်ဒိတ်နဲ့
မျိုသိပ်ဖို့ခက်
ကိုယ့်အတွက်လေ
တစ်သက်တာ သိမ်းထားမှာပါ။
အလွမ်း
စခန်း ဘယ်မမြင်ပေမဲ့
ဟိုယခင်က
ချစ်ခဲ့ကြပုံ
စိတ်အာရုံစွဲ
အသဲထဲထိ
အမြဲ တမ်းတနေမှာပါ။
အနမ်းကြောင့် အလွမ်းပို
အရမ်းကို ချစ်မိ
အပြစ်ရှိလား
မင်း စဉ်းစားကြည့်
ကိုယ့်အမှားတော့ မထင်ပါ။
ချစ်တယ်ဆိုတာက
အပြစ်ရယ် မမြင်ပါမှ
ထာဝစဉ်နုပျို
အိုသည် မရှိ
အမြဲ လန်းဆန်းမှာပေါ့။
ဒါပေမဲ့
အနမ်းရှိမှ
လွမ်းမိတယ်လို့တော့ မထင်လိုက်ပါနဲ့။
ကျွမ်းရိတဲ့ အသဲ
ရင်ထဲမှာ ငို
အမြဲလိုပဲ
အပိုမပြောပါဘူး ချစ်သူ။
အမြဲပဲ လွမ်းနေမယ်
အသဲပဲ ကျွမ်းစေရယ်----လို့
ချစ်မိသည့်ဝန်တာ
လွန်တာရှိရင်လဲ ခွင့်လွှတ်ပါ
မတော်တာရှိရင်လဲ အပြစ်လျှော့ပါ
ချစ်---ချစ်သူရယ်။
သရမ်းတယ် မထင်ပါနဲ့
ရင်မှာ ချစ်စိတ်
တဒိတ်ဒိတ်နဲ့
မျိုသိပ်ဖို့ခက်
ကိုယ့်အတွက်လေ
တစ်သက်တာ သိမ်းထားမှာပါ။
အလွမ်း
စခန်း ဘယ်မမြင်ပေမဲ့
ဟိုယခင်က
ချစ်ခဲ့ကြပုံ
စိတ်အာရုံစွဲ
အသဲထဲထိ
အမြဲ တမ်းတနေမှာပါ။
အနမ်းကြောင့် အလွမ်းပို
အရမ်းကို ချစ်မိ
အပြစ်ရှိလား
မင်း စဉ်းစားကြည့်
ကိုယ့်အမှားတော့ မထင်ပါ။
ချစ်တယ်ဆိုတာက
အပြစ်ရယ် မမြင်ပါမှ
ထာဝစဉ်နုပျို
အိုသည် မရှိ
အမြဲ လန်းဆန်းမှာပေါ့။
ဒါပေမဲ့
အနမ်းရှိမှ
လွမ်းမိတယ်လို့တော့ မထင်လိုက်ပါနဲ့။
ကျွမ်းရိတဲ့ အသဲ
ရင်ထဲမှာ ငို
အမြဲလိုပဲ
အပိုမပြောပါဘူး ချစ်သူ။
အမြဲပဲ လွမ်းနေမယ်
အသဲပဲ ကျွမ်းစေရယ်----လို့
ချစ်မိသည့်ဝန်တာ
လွန်တာရှိရင်လဲ ခွင့်လွှတ်ပါ
မတော်တာရှိရင်လဲ အပြစ်လျှော့ပါ
ချစ်---ချစ်သူရယ်။
No comments:
Post a Comment
The comment given by you is my teacher and treasure.