Tuesday, June 23, 2009

တမ်းတခြင်းများ


အတွေး...အတွေ့တွေနဲ့
တစ်ရေး...ရိပ်မြင်ယောင်
အဆွေး...စိတ်ဘ၀င်မှာခို
ရင်မှာပို အမြဲ။

ဘာလိုလိုနဲ့
ငါ တစ်ယောက်
မွေးမြေနဲ့ ဝေး
အတွေးတွေနဲ့ ဆွေးခဲ့တာ
အခုဆို
တစ်နှစ်တောင် ကျော်လို့
နှစ်နှစ်ထဲ ရောက်လုပေါ့။

နောက်တစ်ခု
ငါ့ချစ်သူ တစ်ယောက်
ဘယ်သူ ဘယ်ဝါ
ဘယ်မှာ ဘယ်က
ငါကိုယ်တိုင်တောင် အသေအချာမသိ
ဒါပေမဲ့
ရင်ထဲမှာတော့ အမြဲရှိ
ခွဲမိမှ ပိုလွမ်းသလိုလို
ငိုတမ်းကဗျာတွေလဲ ရေးခဲ့
အပျိုလွမ်းစာတွေလဲ ပေးခဲ့
သို့ပေမဲ့
အဆွေး...အဆွေးကယ်မပြေ
တစ်ရေး...တစ်ရေးရယ်နဲ့
တစ်မှေး...တစ်မှေးလောက်စိတ်ချော်လို့
အိပ်ပျော်တဲ့ အခါမှာတောင်
ရင်ခွင်ဘောင် ကျော်နင်း
သူယောင်အသွင် ဖန်ဆင်းလို့
အိပ်မက်အတွင်း ဇွတ်ဝင်
“ချစ်ချင်လို့ပါ အကိုရယ်” တဲ့။

ကဲ---ကြည့်စမ်း
အချစ်စခန်း...ဆိုတာမျိုးက
အဖြစ်ဆန်း...အလွန်ကျယ်
ပစိဖန်း(Pacific)...ပင်လယ်လို
တကယ်ကို မရပ်တမ်း
ဖြတ်သန်းရ အလွန်ခက်
ကျော်လွှားရ မလွယ်ကူ
အဘယ်သူမို့
ငါက မေ့နိုင်မှာတဲ့ လဲ
အမြဲပဲလွမ်း...လွမ်းသလေပေါ့
အသဲပဲကျွမ်း...ကျွမ်းပစေတော့
အကဲပဲစမ်း...စမ်းလေတော့
ချစ်သူရယ်။


3 comments:

  1. ဟေးးးး ! ပထမကွ
    ကဗျာလေးက ကောင်းတယ် ဗျာ အကို
    နောက်ဆုံးအပိုဒ်လေးပိုကြိုက်တယ်
    အဆင်ပြေပျော်ရွှင်ပါစေဗျာ

    ReplyDelete
  2. ကောင်းလိုက်ဒါ ကော်ပီကူးသွားပြီး အဆွေတော်

    ReplyDelete
  3. ကောင်းလိုက်ဒါ ကော်ပီကူးသွားပြီး အဆွေတော်

    ReplyDelete

The comment given by you is my teacher and treasure.