Tuesday, June 23, 2009

သတိနှင့် အသိ



စက္ခုနှစ်ဖြာ၊ ပွင့်နေပါလဲ၊
မြင်အောင်မကြည့်၊ မမြင်ဘိသို့၊

သောတအင်္ဂါ၊ မချို့ပါလဲ၊

အာရုံမမိ၊ မကြား၏သို့၊

သတိကိုယ်မှာ၊ မကပ်ပါမူ၊
မြင်ရာကြားရာ၊ အာရုံဖြာသည်၊
ဘယ်မှာ ကိုယ်သို့ရောက်အံနည်း?

အသိကိုယ်မှာ၊ ပျောက်နေပါမူ၊
စက္ခုသောတာ၊ ထိုနှစ်ဖြာသည်၊
ဘယ်မှာ အလုပ်လုပ်အံ့နည်း?

မရှိကိုသာ၊ တောင်းတပါမူ၊
လိုချင်လောဘ၊ စိတ်ဆန္ဒသည်၊
ဘယ်မှာ လိုသို့ပြည့်အံနည်း?

သတိ အသိ၊ ထင်အောင်ကြည့်၊
မရှိကိုလဲ မစွဲနှင့်။

သတိ အသိ၊ ၀င်အောင်ထည့်၊
အရှိကိုလဲ မလွဲနှင့်။

မရှိကိုစွဲ၊ အရှိလွဲ၊
ဆင်းရဲသံသာ၊ မြဲလိမ့်မည်။

သတိမမြဲ၊ အသိနည်း၊
ငရဲခန္ဓာ၊ စွဲလိမ့်မည်။



1 comment:

  1. သတိ ၊ အသိ ၊ အရှိ ၊ မရှိ ။ လောဘ ၊ ဆင်းရဲ ၊ ငရဲ ။
    အကျိုးဆက် များ ၊
    မှတ်သား စရာ တွေပါဘဲ ။
    သင်ခန်းစာ ယူသွားပါတယ် ။

    ReplyDelete

The comment given by you is my teacher and treasure.