
ဒီဓာတ်ပုံကို ကြည့်စမ်းပါဗျာ။ မူးနောက်သွားတာပဲ။ ခင်ဗျားတော့မသိဘူး။ ကျနော်တော့ ကြည့်ကြည့်ချင်း ဘာကောင်ကြီးတုန်းဟ ဆိုပြီးလန့်သွားတယ်။ သေသေချာချာ အနီးကပ်ကြည့်ပြန်တော့ မျက်စိဝေလာတယ်။ ဒါနဲ့ နည်းနည်းခွါပြီးကြည့်ရတယ်။ လက်ကလေးတွေ ပေါင်လေးတွေတွေ့ရတယ်။ အဲဒီကျမှ၊ လူကိုးလို့ သိရတော့သဗျား။ အဲဒါဗျာ ဖက်ရှင် တဲ့။
ပြင်သစ်လူမျိုး ဒီဇိုင်းဆရာ (Pierre Cardin) ပိုင်ယာကာဒင်ရဲ့ နောက်ဆုံးပေါ်လက်ယာဆိုပဲ။ ကိုပိုင်ယာကြီးရယ် ခင်ဗျားဒီဇိုင်းက ၀တ်တဲ့လူ စတိုင်ကျမကျတော့ မသိဘူး။ ဘေးကမြင်ရတဲ့လူတွေ အတော်မျက်စိဝေမယ့် ဒီဇိုင်းပါဗျာ။ အော် ခေတ် ခေတ်။ လူကြီးတစ်ယောက် သူ့သားလေးကို ပြောတဲ့စကား သွားသတိရမိသေးတော့တယ်။
အိမ့်အပြင်ဘက်ငေးကြည့်နေတဲ့ သားလေးကို အဖေကမြင်တော့ ဒီကောင်လေးဘာများငေးနေတုန်း သိချင်တာနဲ့ သူလဲကြည့်လိုက်သတဲ့။ အမယ်--မချောလေးတစ်ယောက် ခေတ်ပေါ်အင်္ကျိဒီဇိုင်းဆန်းဆန်းလေး ၀တ်ပြီး ဖြတ်သွားတာ တွေ့ရတော့တာကိုး။ ဒါနဲ့ ညီးလိုက်သတဲ့၊ အော် ခေတ် ခေတ်၊ ငါ့သားရဲ့ အပြစ်မဟုတ်ဘူး လို့။ ခင်ဗျားတို့ သူများတွေ မျက်စိဝေအောင်တော့ သိပ်မ၀တ်ကြနဲ့ဗျာ။
No comments:
Post a Comment
The comment given by you is my teacher and treasure.