Monday, January 20, 2014

သားကျောင်းခြင်း

ခွေးကျောင်းနွားကျောင်း
ဆိတ်ကျွဲကျောင်းနှင့်
သားကျောင်းတဖြာ
ကျောင်းများစွာတွင်
သားမှာခဲဆစ်
ခဲယာဖြစ်၏
ဟိုပြေးဒီဝင်
ဆွဲကာငင်လျှက်
ငိုလျှင်ချော့ရာ
ရှူရှူးမှာလည်း
မကြာခဏ
ပေါက်ကာချသေး
မုန့်ဆိုင်ပြေးမူ
နောက်လိုက်ပူလော့
မုန့်ဟူသမျှ
လက်ညှိုးဝတွင်
သူမြင်တိုင်းထိုး
စားမရိုးတည့်
သွားကျိုးလျှင်ခက်
စားမပျက်ဘူး
စားလျှက်ဆော့ကာ
သူမောပါမူ
သူ့မှာချိုချို
အငတ်ပို၏
သူ့လိုကိုလိုက်
သူ့ကြိုက်ဆောင်လည်း
မကြိုက်ခါခါ
ရှိသည်သာကြောင့်
သားတစ်ယောက်မွေး
အိမ်ထောင်ရေးတွင်
အတွေးလည်းပူ
အရေးပူရာ
များစွာသားမွေး
အိမ်ထောင်ရေးတို့
မတွေးမ၀ံ့
ရွံ့တွံ့တွံ့ရှင့်။

No comments:

Post a Comment

The comment given by you is my teacher and treasure.