Sunday, August 15, 2010

တောင်သမန်ရဲ့ ဆည်းဆာယံ


ဝင်နေချည် ရေကိုညွှန်း
ရွန်းလုလု အပြန်
ခက်မယ်ဇယ် အင်းရေပေါက်
ဆင်းသောက်တဲ့ဟန်
ဆည်းဆာယံ
တောင်သမန် အင်းဘေး
ရှက်ကိုးနေဟန်နှင့်
နှစ်ကိုယ်တူ လေအဝှေ့မှာ
ထွေးဖက်လို့ နွေး။

(ချစ်သူအတွက်)
-------------

ဝင်နေချည် ရွန်းလုလု
ရေနုမှာ တောက်လာ
ခက်မယ်ဇယ် အင်းရေဆင်း
ငုတ်သောက်ထဲ့အခါ
မင်းနဲ့ ငါ
ဘီယာခွက်ကိုင်ရင်း
သုတ်သီးသုတ်ပြာနှင့်
တောင်သမန် အင်းရေစပ်ကို
ရှူးပေါက်ဖို့ဆင်း။

(သူငယ်ချင်းအတွက်)


1 comment:

  1. ၀င်နေခြည် ရွှေရည်လောင်း
    လေပြည်ပြောင်း သွဲ့ပြန်၊
    ခက်မယ်ဇယ် နွဲ့ကာတိမ်း
    ယိမ်းကတဲ့ဟန်။

    အဖန်ဖန်
    တောင်သမန် စခန်း၊
    ဖန်သင်းပိုင် စိတ်ပုတီးနဲ့
    ဆီးပေါ့ သင်္ကန်း။

    (ကိုမင်းထက်သို့)

    ReplyDelete

The comment given by you is my teacher and treasure.