Tuesday, April 13, 2010

နှစ်သစ်ဆုတောင်း


သင်္ကြံရောက်ရာ၊ ခုအခါဝယ်၊
သူငါအများ၊ ပျော်ကာပါးလည်း၊
ငါကားမပျော်၊ အက်ဆေးတော်ကြောင့်၊
ခေါင်းပေါ်မွှေးညစ်၊ အဖြူဖြစ်ပြီ၊
တွေးဆင့်ကြံဆ ရေးနေလို့။

ငါမပျော်နိုင်၊ တွေးကာမှိုင်လည်း၊
ပျော်နိုင်သူများ၊ ပျော်ကြပါးစေ၊
စိတ်ထားမြတ်မွန်၊ ချစ်အလွန်ဖြင့်၊
ငါသော် ခုနေ၊ တောင်းဆုချွေသည်၊
မြန်ပြေတစ်ဝှန်း အေးစေဖို့။

အေးချမ်းသာယာ၊ ပြည်မြန်မာဝယ်၊
အာဏာလက်ကိုင်၊ မင်းစိုးပိုင်တို့၊
အနိုင်မကျင့်၊ တရားချစ်စေ၊
နှစ်သစ်ဆုတောင်း၊ ရေချမ်းလောင်းသည်
မကောင်းကျင့်တွေ ဝေးစေဖို့။





5 comments:

  1. အက်ဆေးတော်ကြောင့် ဆံပင်ဖြူနေပြီလား ကိုမင်းထက်ကြီး။
    လန်ဒန်မှာ သင်္ကြန်ပွဲတွေရှိတယ်မဟုတ်လား။ မသွားဘူးလား။
    မင်္ဂလာရှိသော သင်္ကြန်ဖြစ်ပါစေနော်။

    ReplyDelete
  2. ခေတ်စနစ်တွေကို အတာရေနဲ့ စိတ်ရှိလက်ရှိ ဆေးလိုက်ချင်တယ်..း)

    ReplyDelete
  3. အောက်ဆုံးပိုဒ် ဆုတောင်း အမြန် ပြည့်စေဗျား

    ReplyDelete
  4. တော်ရာမှာ မခွေပဲ ပျော်ကာသာနေပါ သားသားမင်းထက် ရေ ..
    ခေါင်းဖြူရင် ဆိုးဆေးရှိတယ် ။

    ဟိုလူဂျီးတွေ မကောင်းကျင့်ဝေးဖို့ ကတော့ ....
    အင်း...ဘာ ဆေးနဲ့ မှ နိုင်မလည်း သိဘူး ကွဲ့  ...

    နှစ်သစ်နဲ့အတူ ညစ်တစ်တစ် ပြည်ကြီး အသစ်အသစ် ဖြစ်ပါစေ ..

    ReplyDelete
  5. မချိသွားဖြဲ တောင်းသောဆု...ဟိဟိ

    ReplyDelete

The comment given by you is my teacher and treasure.