Saturday, January 23, 2010

အထီးကျန် နာရီလေး



အထီးကျန်တဲ့ ဘဝ
မီးမမှန်တဲ့ ည
ခေါင်မိုးကို ဖေါက်ကာကြည့်
ဟိုးအဝေးက ကောင်းကင်
ကြယ်လတွေ ဘယ်ဆီပျောက်
အမှောင်ရောက်ကာမှ
အနားမှာ သူကမရှိ
သတိရလိုက်တာကွယ်

အိပ်ယာပေါ် တစ်ယောက်တည်း
မှောက်တစ်လှည့် လှန်တစ်ချီ
မျက်စိကို အသေမှိတ်
အတင်းအိပ်ဖို့ ကြိုးစား
နိုးကြားတဲ့စိတ်က ခွင့်မပြု
ချစ်မှုကို စားမြုံ့ပြန်ရင်း
ဒီလိုနဲ့ မိုးလင်းတော့
အလုပ်ဆင်းရပြန်ပြီ

ဝေးကွာခြင်းဆိုတဲ့ တစ္ဆေ
ဘယ်တော့များ သေမည်မသိ
တစ္ဆေသေ တစ္ဆေဖြစ်သည်ထင့်
ဝေးရက်တွေ မကုန်နိုင်
ငါ့ဘ၀ နာရီစက်ဝိုင်း
နေ့စဉ်လည်ပတ်နေတဲ့အထဲ
သူဝင်လာမည့်နေ့ကို စောင့်ရင်း
စက္ကန့်သံတွေ ကြားနေရဆဲ



2 comments:

  1. ဒီကဗျာလေးကြိုက်တယ် အစ်ကို။
်ဒီfeelလေးဖြစ်နေလို့။

    အဆင်ပြေပျော်ရွင်ပါစေ။
    ခွန်သဒ္ဒါ

    ReplyDelete

The comment given by you is my teacher and treasure.