Tuesday, January 5, 2010

နှင်းတွေဝေသော ညတစ်ည


ညဥ့်နက်နက် သန်းခေါင်ယံ
ပြူတင်းပေါက် အပြင်ဘက်
မြင်ရတဲ့ မြင်ကွင်းတစ်ခု
နှင်းခွဲမီးတွေကြားက ဖွေးလွတဲ့ နှင်းစက်များ
ဇန္န၀ါရီကေသာရဲ့ နှင်းဆီဖြူ
၂၀၁၀ပါးပြင်ပေါ်က မိတ်ကပ်လှလှ
မျက်လုံးတစ်စုံက ဓာတ်ပုံရိုက်ယူလိုက်တဲ့အခါ
ရင်ထဲကို သူအပြေးရောက်လာခဲ့

မြင်ခွင့်မရတဲ့ အဝေးရောက် ချစ်သူနဲ့
ကြင်ခွင့်မရတဲ့ အတွေးကြောင့် ပူမိတဲ့အခါ
မျက်လုံးတွေက နှင်းစက်ကို ကြည့်နေပေမဲ့
မြင်နေရတဲ့မြင်ကွင်းက သူ
အော် ဝေးနေရဆဲပါပဲလား

နှင်းလွှာတွေဆီမှ အကြည့်ကို ရှောင်
သဉ္ဇာညောင်ရှိရာ အခန်းထဲပြန်ဝင်လာပေမဲ့
နှင်းစက်များနဲ့ အတူပါလာတဲ့ သူ့မျက်နှာ
အပြင်မှာ ချမ်းတယ် ကိုရယ်
ကို့ရင်ခွင်ထဲပဲ ခိုနေပါရစေနော် တဲ့
အော် တွေးနေရဆဲပါပဲလား

တွေးစတွေကို မေ့ဖျောက်
ဝေးရတာကို အတိတ်ကြောင့်လို့ မှတ်ယူ
အရပ်ကူလို့မရတဲ့ ငါ့ဘဝ
လုပ်စရာရှိတာ ဆက်လုပ်ဖို့အတွက်
လက်ပ်တော့ပ်ရှေ့မှာ ထိုင်လိုက်တော့
မပြီးသေးတဲ့ အက်ဆေးတစ်ပုဒ်
တစ်ဝက်တစ်ပျက်နဲ့ စောင့်ကြို
အော် ရေးနေရဆဲပါပဲလား


3 comments:

  1. အဲဒီနေရာသိတယ် ။။။။။
    နှင်းတွေအရမ်းကျနေတယ်။။။။
    ဟုတ်တယ်။ အပြင်ကြည့်လိုက်ရင် တလောကလုံး ဖွေးပြီးတိတ်ဆိတ်နေတယ်။။။။
    လွမ်းစရာကြီး

    ReplyDelete
  2. ကဗျာလေးကို နှစ်ခြိုက်စွာ ဖတ်ယူသွားပါတယ်..

    နောက်ဆုံးအပိုဒ်လေးရဲ့ အောက်ဆုံး လေးကြောင်းက ကိုယ့်အတွက် ရေးများထားသလား လို့တောင် ထင်မိရပါတယ်..

    ခင်မင်ရင်းနှီး ချစ်ခြင်းအားဖြင့်..

    ReplyDelete
  3. Do you want to see "Hlaing".One Day pop KoGyi ya. di lauk taung lwan nay pyi lar?

    ReplyDelete

The comment given by you is my teacher and treasure.