Thursday, November 19, 2009

မသိသူ သိစေ


တစ်စုံတစ်ယောက်
စိတ်ဓာတ်နောက်၍
ယွင်းဖေါက်မမှန်
စကားသံဖြင့်
လုပ်ကြံစွပ်စွဲ
ရှုပ်ချဆဲသော်
ငါလဲ လူပင်
ပုထုဇဉ်မို့
ဘ၀င်မြင့်မိုး
စိတ်မာန်ငြှိုးခဲ့။

ယင်းသို့ ဆိုးရွား
ဒီစိတ်ထားဖြင့်
သူ့အားပြန်လှန်
ငါလုပ်ကြံသော်
အမှန် မရောက်
ငါ့လမ်းပျောက်လိမ့်။

ထို့ကြောင့် ငါ့စိတ်
ဒေါသနှိပ်ကာ
ရန်ဖိတ်သူထံ
မတုန့်ပြန်လို
အကြံတစ်မျိုး
အလိုဆိုးဖြင့်
ရန်ငြှိုးရန်ပွါး
ငါမများလို
ငါ့အားမချစ်
သူမုန်းရစ်လဲ
ငါ့ချစ်အားကို
မဖြိုလိုဘူး။

ရန်လိုစိတ်မွေး
လာဆဲရေးသူ
အတွေးမြင်မှန်
ရရှိရန်နှင့်
အကြံဆိုးဖက်
သူ့ကိုဖျက်မည့်
ပက်စက်ဆန္ဒ
မှန်သမျှသာ
သူ့မှာပျောက်စေ
တောင်းဆုချွေသည်
ရန်ပြေ လင်းလို့ အေးစေဖို့။

3 comments:

  1. သူသိမှာပါလေ ...
    အကြွေး ဘယ်လောက်ရစရာ ရှိနေပါလိမ့် သားသားမင်းထက်ရေ ...
    ( သိပ်များနေရင်တော့ ရအောင် ပြန်တောင်းနော်း))

    အနိုင်လိုသူကို အရှုံးပေးက နှလုံးအေးရ၏ ။ဆိုသလိုပေါ့ ဟုတ်လား ။

    ReplyDelete
  2. အင်း ဟုတ်တယ်။ အစ်မလည်း အဲလိုပြောချင်နေတာ မောင်လေးလိုမရေးစပ်တတ်လို့ ။
    ချစ်မောင်လေးရေ..ကိုယ်မှန်ရင်ပြီးတာပဲနော်.။

    ReplyDelete

The comment given by you is my teacher and treasure.