Sunday, November 1, 2009

ဘ၀စာမျက်နှာတစ်ခု


ပြူတင်းပေါက်
အလင်းရောက် လာတဲ့အချိန်
အိပ်မက်မှ လန့်နိုး
မြတ်နိုးသူနဲ့ လွဲခဲ့
အိမ်မက်မှာတောင် အစဉ်မချော
ရင်မောတဲ့ ငါ့ဘဝ
အိပ်မက်ညတွေကို တွယ်ဖက်ရင်း
စိတ်ပျက်ရတာလဲ
များခဲ့ပြီ။

သတင်းထောက်
မင်းရောက်လာတဲ့ အချိန်
စိတ်ပျက်ရ တစ်မျိုး
အချစ်ဆုံးက ကွယ်ရာမှာ
“တွယ်တာသူ အသစ်တွေ့
မင့်ကို မေ့နေပြီတဲ့”
အအိပ်ပျက်ညတွေကို ကျော်ဖြတ်ရင်း
အတိတ်နဲ့ဝေးရာလဲ
သွားခဲ့ပြီ။

အလင်းပျောက်
အမှောင်ရောက်တဲ့ အချိန်
ထိတ်ခဲ့ရ နှလုံး
အအိပ်ပျက်တဲ့ ညတွေနဲ့
အိပ်မက်ရဲ့ အစတွေကြောင့်
ရင်တုန် မောဟိုက်လို့
အရင်လို ဇောမလိုက်ချင်တော့
မျက်စိစုံ ကျိတ်ကာမှိတ်
ဇွတ်အိပ်ဖို့ ကျိုးစား
မိုးလင်းသွားတဲ့ အဖြစ်ရောက်
အချစ်ပျောက်တဲ့ ငါ့ဘဝ
အထီးကျန်မှုတွေကို မျိုချရင်း
ချစ်ခဲ့သမျှတွေလဲ
မှားခဲ့ပြီ။

2 comments:

  1. ကဗျာလေးတွေ သိပ်နှစ်သက်တဲ့ ကျမအတွက်
    ကဗျာအသစ်တင်တိုင်းလာပြီးခံစားသွားပါတယ်ကိုမင်းထက်ရေ...။

    ReplyDelete
  2. ကဗျာလေးတွေ သိပ်နှစ်သက်တဲ့ ကျမအတွက်
    ကဗျာအသစ်တင်တိုင်းလာပြီးခံစားသွားပါတယ်ကိုမင်းထက်ရေ...။

    ReplyDelete

The comment given by you is my teacher and treasure.