Monday, October 26, 2009

ကမ္ဘာပျက်တဲ့အထိ


၂၀၁၂၊ ဒီဇင်ဘာ၊ ၂၁
ကမ္ဘာပျက်ကိန်း
တွက်ရေးနဲ့ အလုပ်ရှုပ်
တကယ်ဟုတ်/မဟုတ်တော့ မသိ
သိပံ္ပနဲ့ ဗေဒင်
ဟုတ်ချင်ဟုတ် မဟုတ်ချင်နေ
ငါ စိတ်မ၀င်စားလှ
အဲဒါ သူတို့ကိစ္စ။

ချစ်သူရေ့
ဒို့နှစ်ယောက်ရဲ့ မင်္ဂလာ
၂၀၁၂-ဒီဇင်ဘာ
၂၁-မှာ ကျင်းပမယ်
ကမ္ဘာပျက်တဲ့နေ့
ဒို့နှစ်ယောက်အတွက်
အမှတ်တရပေါ့။

ကမ္ဘာပျက်ခဲ့ရင်
တစ်ယောက်လက် တစ်ယောက်ဆွဲ
အတူတွဲလို့ သေမယ်။

ကမ္ဘာမပျက်ခဲ့ရင်
တစ်ယောက်နဲ့ တစ်ယောက်မခွဲ
အတူတွဲလို့ နေမယ်။

သေလဲ အတူတူ
နေလဲ အတူမို့
သူတို့ ပြောချင်တာ ပြောပါစေ
ကမ္ဘာပျက်ယွင်း
ဒို့ချစ်ခြင်းနဲ့ မဆိုင်
မယိုင်မလဲ ချစ်မယ်
အခိုင် အမြဲ နှစ်တွယ်
သိပ်သိပ်ချစ်တယ်။

7 comments:

  1. http://pyustate.com/2009/10/blog-post_4815.html


    (S)he

    ReplyDelete
  2. http://pyustate.com/2009/10/2012-dec-21-is-really-our-doomsday.html

    ReplyDelete
  3. လောင်းမယ်ဆို..ခုတော့ကိုမင်းထက်ကြီးတောင်
    ကဗျာစပ်နေပြီပေါ့..။
    လေးစားစွာဖြင့်..။

    ReplyDelete
  4. ကမ္ဘာပျက်မပျက်တော့မသိဘူး
    ဒီကဗျာဖတ်ပြီး ကောင်မလေးသဘောကျမှာဆိုတော့ ကိုမင်းထက် အမြတ်ထွက်ပြီ :)

    (ကိုရင်နော်ဆီကတွေ့လို့လိုက်လာတာ ကျနော်ဆီ လာလည်နေကျ ကိုမင်းထက် ဆိုတာလား မသိဘူး မှားရင်ခွင့်လွှတ်ပါဗျာ)

    ReplyDelete
  5. ကိုမင်းထက်ရေ

    အင်မတန်ဆိုးတဲ့လူဗျာ အိမ်လာတာ လင့်မချန်ခဲ့တော့ ဘလော့ရေးတယ်လို့ မထင်ထားတာဗျ
    ကိုကိုမောင့် စီဘောက်မှာတောင် အဆင်ပြေရင် အီးမေးလ်လိပ်စာပေးဗျာလို့ အော်ဖူးသေးတယ်
    ကိုမင်းထက်နဲ့လည်း ခင်ချင်ပါတယ်လို့တောင် ရေးခဲ့သေးတယ်။

    ဟိုနေ့က လာဖတ်တော့ ဘလော့ပုံစံက ကိုကိုမောင်နဲ့ တူနေတော့ ဟုတ်မလားတွေးမိသေးတယ်။

    ကျနော်တော့ လင့် ယူသွားပြီဗျာ

    (စီဘောက်မတွေ့လို့ ဒီမှာပဲ အော်သွားတာ ခွင့်လွှတ်ဗျာ)

    ReplyDelete
  6. ကမ္ဘာပျက်မယ်ဆိုတာတောင် လက်ထပ်ချင်သေးတယ် တယ်မလွယ်တဲ့မောင်လေးပဲ။း))
    ဘာပဲပြောပြော ကဗျာလေးဖတ်လို့ ကောင်းတယ်။
    ကောင်မလေးလည်းသဘောကျမယ်ထင်ရဲ့း))

    ReplyDelete
  7. အဲ့ဒီနေ့ ကျရင် Wedding Reception က ဘယ်မှာ လုပ်မှာလဲဟင် ..
    DHL နဲ့ လက်ဖွဲ့ ပို့ ပေး မလို့ပါ .. .. ကြိုပြောနော် .
    သတို့ သမီး နာမယ် လဲ သေချာ ပြောအုံး။
    ဘယ်တယောက်မှန်း မသိ၊ လူတွေများတော့ လွဲ နေမစိုးလို့  ..း))

    ReplyDelete

The comment given by you is my teacher and treasure.