Monday, October 12, 2009

ပန်းတို့တံထွာ


ပန်ဆင်သူ ရွယ်ကိုးလို့
ပန်းမျိုးတို့ မပွင့်ပါ
ပန်ဆင်မှ ပန်းဘဝ
လှပသာယာ။

ပင်ပေါ်ပွင့် ပင်ပေါ်ကြွေ
ပန်းတစ္ဆေ အဖြစ်မျိုး
ဘယ်ပန်းမှ မဖြစ်ချင်
လှချင်ကြရိုး။

မယ့်ဆံကေ သူစံမှ
ပန်းအလှ ပိုထည်ဝါ
ဂုဏ်ဆင့်ကာ ဟန်ပန်မြင့်
မျိုးတင့်ကြွယ်လာ။

ဘယ်သူလာ ဘယ်သူခူး
ကြည်နူးလို့ သူပျော်ရွှင်
သူ့ဘ၀င် မာန်ကုန်ဟီး
စိတ်ကြီးသူဝင်။

သူညှိုးလျှင် သူ့နေရာ
ဆံကေမှာ အသစ်လဲ
မမြဲပုံ ပန်းဘဝ
သိမှသိပဲ။

3 comments:

  1. ကြယ်ပြာOctober 12, 2009 at 6:26 AM

    ကဗျာလေးဖတ်ရတာ သဘောကျမိပါတယ် ... ပေးချင်တဲ့ရသလေးလဲ ခံစားမိပါတယ် ...

    ReplyDelete
  2. ကဗျာ ကိုလာပြီးခံစားသွားပါတယ်။
    ကိုမင်းထက်ရေ.. ။

    ReplyDelete
  3. ပန်းကလေးတို့  ဘဝ ..
    ပန်ဆင်သူမရှိရင်လည်း
    အချိန်တန် တော့ နွမ်းရ မှာပဲလေ ...
    ဒီတော့ လှပနေတုံး သူများကို အလှဆင်ပေးနိုင်ရင် ပို တန်ဘိုး ရှိမှာ ....

    သားသားမင်းထက် လည်း မရိုးတော့ဘူးထင်ရဲ့  ..
    အလှ ဆင်ပေးမဲ့သူ ရှိနေပြီ ပေါ့ ....

    ReplyDelete

The comment given by you is my teacher and treasure.