Saturday, August 15, 2009

တွေးမိတိုင်း


လှောင်အိမ့်အပြင်ဘက်
စောင်းငဲ့ချောင်းကြည့်
ဘယ်သူတွေ ရှိသလဲ?

လေအ၀ဲမှာ လွင့်ပျော်
ရွက်ယော် တစ်ချို့
စိမ်းညို့ညို့တောတန်း
လွတ်လပ်စွာ ပျံသန်းနေတဲ့ ဟင်္သာတစ်အုပ်
လွမ်းတေးတစ်ပုဒ် သီဆိုနေတဲ့ဥသြတစ်ကောင်
လွမ်းစရာမြင်ကွင်း
ရင်တွင်း ၀င်ရောက်
ငါလဲ လွတ်မြောက်ချင်ပြီ။

ငါ တစ်ယောက်တည်း
လှောင်အိမ်ထဲမှာ
ခေါက်တုံ့ခေါက်ပြန်လမ်းလျှောက်
ဖေါက်ထွက်ဖို့ စဉ်းစား
မတရားဖမ်းဆီးထားတာ ဘယ်သူတွေလဲ?

ရင်မှာတွေးမိ
မချိခံခက်
ရက်စက်သူကို အပြစ်ဖို့
မနှစ်မြို့စရာ လုပ်ဇာတ်
ရပ်တန်းက ရပ်ပါတော့။


2 comments:

  1. လေအ၀ဲမှာ လွင့်ပျော်
    ရွက်ယော် တစ်ချို့
    စိမ်းညို့ညို့တောတန်း
    လွတ်လပ်စွာ ပျံသန်းနေတဲ့ ဟင်္သာတစ်အုပ်
    လွမ်းတေးတစ်ပုဒ် သီဆိုနေတဲ့ဥသြတစ်ကောင်
    လွမ်းစရာမြင်ကွင်း
    ရင်တွင်း ၀င်ရောက်
    ငါလဲ လွတ်မြောက်ချင်ပြီ။

    အားလုံးလွတ်မြောက်ပါစေလို့ ဆုတောင်းရင်း......။

    ReplyDelete
  2. လွတ်မြောက်မယ့် ဘ၀ကို မှန်းဆ
    တမ်းတရတဲ့ နှစ်-လ ကြာ
    ဘယ်သောအခါ ... ဆုံးပါလိမ့်။

    ReplyDelete

The comment given by you is my teacher and treasure.