Saturday, August 8, 2009

သြဂုတ် (၈) ရက် မမေ့နဲ့


တစ်ခါက တို့ပြည်မှာ
မမေ့နိုင်စရာ အဖြစ်အပျက်တစ်ခု
သက္ကရာဇ် ရေတွက်
၈-ရက်နဲ့ ၈-လ
ခုနှစ်မှာ ၈၈
တွက်စစ်လိုက်သော်
၂၁-နှစ်တောင် ကြာခဲ့ပြီ။

ပြည်သူတစ်ရပ်လုံး အုံကြွ
ဆန္ဒကိုယ်စီ ထုတ်ဖေါ်
လှုံ့ဆော်ခဲ့ကြတာကတော့
မူဝါဒပြောင်းလဲရေး
ကလေးကအစ လမ်းပေါ်ထွက်
ရဟန်းတော်များလဲ မနေသာ
အသေအချာ စီတန်း
ဆွမ်းတော်အတွက် မဟုတ်
လမ်းပေါ်တက်လို့ ဟစ်အော်
ခေတ်အခေါ် ဒီမိုကရေစီ
လိုချင်ပြီ ပေးတော့ တဲ့။

ထိုစဉ်ရော အခါမူ
အုပ်ချုပ်သူ တစ်သင်း
နေ၀င်း စိန်လွင်နဲ့
ဒေါက်တာတဲ့ မောင်မောင်
စောမောင်ကွဲ့ ဗိုလ်ချုပ်ဟူ
အပိုလုပ်သူ အများ
ပြည်သူ့သံ မနာခံ
ရာဇသံပေးနိုင်ခဲ့ လား?

စည်းလုံးမှု စွမ်းအား
မေ့မသွားကြပါနဲ့
ဒို့အများ ညီညွတ်မှ
ပြည်ကျွတ်မှာကို တွေးကြ
ရေးပြလို့မရတဲ့
ဒုက္ခနဲ့လောကဓံ
တော်လှန်ရင် မမြဲပါဘူး။

တိုက်ပွဲရဲ့ ထုံးစံ
အနာခံရ ရိုးမို့
အသာစံဖို့ စဉ်းစား
အချင်းများနေရင်တော့
၈-ရက်နဲ့ ၈-လ
နောင်နှစ်တစ်ရာလာစေ
ဒို့တတွေ မလွတ်မြောက်
စစ်ဖိနပ်အောက်မှာ အသက်ဆုံး
အရှုံးတွေနဲ့ ပျက်စီး
ဆက်ငြီး ကြရဦးမှာပါ။

ဒါကြောင့် ပြောချင်တာက
၈၈-အရေးခင်းမှာ
သွေးခင်းလို့ အသက်စွန့်သွားကြတဲ့
ပြည်သူ့ရဲခေါင် ညီနောင်တွေနဲ့
ပြည်သူချစ်ရ ညီအမများကို
လေးစားဂုဏ်ပြု
အလေးထား ပုံတုလို့
နောင်တစ်ခါ အရေးပေါ်ရင်
ဘေးချော် မနေကြပါနဲ့
သွေးဖေါ် အစစ်ဖြစ်စေဖို့
အခုကတည်းက အသင့်ပြင်
အားလုံးပင် လမ်းပေါ်ထွက်လို့
အသက်သော် စတေးရစေ
အရေးတော်ပုံ အောင်ဖို့ရည်
အညီညာနဲ့ စည်းလုံး
ခရီးဆုံးအောင် သွားကြမယ်။

(၈၈-အရေးတော်ပုံကာလအတွင်း စစ်ဖိနပ်အောက်မှာ အသက်ပျောက်သွားကြရရှာသော ပြည်သူ့သားကောင်းများသို့ ဤကဗျာဖြင့် ဦးညွတ်ဂုဏ်ပြုပါသည်။


4 comments:

  1. မောင်လေးရေ အမတို့ ကတော့မမေ့ရက်ပေါ့ကွယ်။

    ReplyDelete
  2. နောင်တစ်ခါ အရေးပေါ်ရင်
    ဘေးချော် မနေကြပါနဲ့
    သွေးဖေါ် အစစ်ဖြစ်စေဖို့
    အခုကတည်းက အသင့်ပြင်
    အားလုံးပင် လမ်းပေါ်ထွက်လို့
    အသက်သော် စတေးရစေ
    အရေးတော်ပုံ အောင်ဖို့ရည်
    အညီညာနဲ့ စည်းလုံး
    ခရီးဆုံးအောင် သွားကြမယ်။.......

    ဒီတခါ ..လူတွေ ညီမှ ဖြစ်တော့မယ် ...
    ဆက်လုပ်ကြမှ ရတော့မယ်။
    ဒီလိုနဲ့ ဘဲ မိုးကြီးမချုပ်ပါစေနဲ့ ...ဗျိုး

    ReplyDelete
  3. မမေ့ပါဘူး ကိုမင်းထက်။

    ReplyDelete
  4. ဒါကြောင့် ပြောချင်တာက
    ၈၈-အရေးခင်းမှာ
    သွေးခင်းလို့ အသက်စွန့်သွားကြတဲ့
    ပြည်သူ့ရဲခေါင် ညီနောင်တွေနဲ့
    ပြည်သူချစ်ရ ညီအမများကို
    လေးစားဂုဏ်ပြု
    အလေးထား ပုံတုလို့
    နောင်တစ်ခါ အရေးပေါ်ရင်
    ဘေးချော် မနေကြပါနဲ့
    သွေးဖေါ် အစစ်ဖြစ်စေဖို့
    အခုကတည်းက အသင့်ပြင်
    အားလုံးပင် လမ်းပေါ်ထွက်လို့
    အသက်သော် စတေးရစေ
    အရေးတော်ပုံ အောင်ဖို့ရည်
    အညီညာနဲ့ စည်းလုံး
    ခရီးဆုံးအောင် သွားကြမယ်။

    ကဗျာလေးကောင်းတယ်။
    ခရီးဆုံးအောင်သွားရဦးမယ် ကိုမင်းထက်ရေ...။

    ReplyDelete

The comment given by you is my teacher and treasure.