Sunday, August 2, 2009

ကျောင်းသားစိတ်

တနင်္လာ စပါလို့
ဆုံးပါတဲ့ သောကြာ
နေ့ငါးဖြာ ကျောင်းမပျက်
သွားရသည်သာ။

ပျင်းလို့ပဲ နေနေ
ပျော်လို့ပဲ သွားသွား
ကျောင်းပျက်ရင် အိမ်စာခက်မှာမို့
လွယ်အိပ်ကို လွယ်ကာဂျောင်းရတယ်
ကျောင်းတော်သို့လား။

သောကြာနေ့ ညနေ
တန်းပြီးချိန် ရောက်သွား
နားရက်ကို အကြိုမြင်လို့
ကိုယ်ဘ၀င် လှုပ်ကာမြူးလှတယ်
ရူးပေါ့ တအား။

အားရက်မှာ အလွန်ပျော်
ဖေါ်တွေနဲ့ အများ
စာအုပ်စုံစီဖတ်လို့
ရုပ်ရှင်ကုန် နှံ့အောင်ကြည့်ကြတယ်
မိလှ သဗျား။

ဘလော့ဂ်စုံ ရွာလယ်
သုတ-ကယ် ယူထား
မှတ်ချက် အဖုံဖုံတင်လို့
ကိုယ်ထင်ရာ နင်းကန်ပြောပြတယ်
ဟောပေါ့ တအား။

ဒါပေမဲ့ တနင်္လာ
ရောက်လာပြန် အနား
ကျောင်းရက်ကို အကြိုမြင်လို့
ကိုယ်ဘ၀င် ညှိုးကာဆင်းရတယ်
ပျင်းလှ သဗျား။

4 comments:

  1. မှန်လိုက်လေ.. မှန်လိုက်လေ...

    ReplyDelete
  2. ငုဝါ၀င်းAugust 3, 2009 at 4:00 AM

    ဟားဟား ရင်ထဲကိုထိမိသွားတာပဲ ကောင်းလိုက်တာနော်

    ReplyDelete
  3. မှန်လိုက်လေ ကောင်းလိုက်လေ ရင်ထဲကိုထိသွားတာပဲ

    ReplyDelete
  4. ကျောင်းပိတ်ချိန်
    ***
    ကျောင်းပိတ်လို့နေ
    လေပါပေါ့ ကိုယ့်စိတ်
    မအိပ်မနေ ဘလော့ဂင်း
    ပျင်းမှ ၀င်အိပ် .. :)

    ReplyDelete

The comment given by you is my teacher and treasure.