Sunday, July 26, 2009

အသိပေးခြင်း

ကိုယ့်လူ----
မင်း---ရေငုံ နှုတ်ပိတ်
တိတ်တဆိတ်နဲ့ နေတဲ့အခါ
တစ်စုံတစ်ခု
မင့်စိတ်ခုအောင်
ငါပြုမူခဲ့လေသလား?
ငါ့စိတ်ထဲမှာ
အတွေးရွာလည်
အနေမဖျောက်
သိပ်စိတ်နောက်တယ်။

ကိုယ့်လူ----
မင်း---မျက်နှာထားသို
ညိုတို စူပုတ်
ဖက်မလုပ်ဟန်ပြုတဲ့အခါ
ငါ့စိတ်ထဲမှာ
ငါ့အပေါ်နာကျည်း
ဒေါသမီးတွေ လောင်နေသလား?
ငါစဉ်းစာကြည့်
ငါတွေးမိတယ်။

ကိုယ့်လူ----
မင်း---စကားပို
နှုတ်ဆို ယိုဖိတ်
မချို မြိတ်တဲ့အခါ
ငါ့မှာ ၀မ်းနည်း
အသည်းထဲထိ
နေမချိအောင်
ပူလောင်မိတယ်။

မိတ်ဆွေ အရင်း
သူငယ်ချင်းလို
ငါမင်းကို ခင်
ငါ့ဘ၀င်မှာ
အစဉ်လေးစား
အောင့်မေ့ထားခဲ့တယ်။

အတူနေတဲ့အခါ
အလိုမကျ
စိတ်နာရလောက်တဲ့
ကသိကအောက်ဆိုတာ
ရှိကောင်းရှိမှာပေါ့။

ဒီလိုပုံဖမ်း
စိတ်သရမ်းဟန်မျိုးတော့
ငါလဲမလို
မကြိုဆိုချင်ပါဘူး။

ခဏကြုံရုံ
တွေ့ဆုံရတဲ့
လူတွေအတွက်တော့
မင်းအမူအယာ
စကားထာတွေဟာ
အလေးပြုလောက်
အထင်ရောက်စရာတောင် မလိုပါဘူး။

ဒါပေမဲ့----
ရေရှည်လက်ဆွဲ
အလုပ်တွဲလုပ်
ပွဲထုတ်ရမည့် အခါတွေ
ငါတို့ရှေ့မှာ
များစွာများစွာ
ရှိပါသေးတယ် ကိုယ့်လူ။

ရည်ရွယ်ချက်တစ်ခု
ဦးတည်ပြုပြီးတော့
ငါတို့မြေနဲ့
ငါ့တို့ရေစွန့်
ခရီးတစ်ဓွန့်ရောက်ခဲ့ကြပြီ။

အမှားမြင်တွေ့
မင်းစိတ်မမွေ့တဲ့အခါ
အပြစ်မလျော့
ခွင့်မလွှတ်ချင်လဲ
မင်းစိတ်ထဲမှာပဲ သိမ်းထားပါ။

ဒါပေမဲ့---
မျက်နှာချင်းတွေ့
ရှောင်ကွေ့လို့မရတဲ့ အခါမျိုးမှာတော့
ဟန်ဆောင်စကား
အပြုံးများဝေ
မင်း ပေးဆပ်နိုင်စေဖို့
ငါမျှော်လင့်မိပါတယ် ကိုယ့်လူ။


1 comment:

  1. ချစ်မောင်လေး ဘာတွေအဆင်မပြေဖြစ်နေလဲ??? မတွေ့ တာလည်းကြာပြီ။ အဆင်ပြေပျော်ရွှင်ပါစေ။

    ReplyDelete

The comment given by you is my teacher and treasure.