Monday, November 17, 2008

မှိုင်းဖြစ်စေတော့

ကွယ်ရာမှာ ဆိတ်ဆိတ်၊
တိတ်တိတ်ပဲချစ်မယ် ခင်။
နှလုံးဆူ ရင်ပူမောပါဘိ၊
ပြော မပြချင်။

မြဲ အစဉ်၊
ချစ်ချင်တဲ့ အသဲ၊
အရူးဆိုချင် ဆိုပေါ့၊
ခင်ကွယ်ရာ မမြင်ရပ်မှာလဲ၊
ချစ်သွားမှာ ပဲ။

ခင်မမြင် ခင်မကြည့်၊
ခင်သိဖို့လဲ မလို၊
ရင်တွင်းမှာ ငိုချင်ငို၊
အသဲပင် ညိုတော့၊
ခန့်စိုစို မျက်ရည်စတွေနဲ့၊
ဗျာပါပွေ ရင်ပူလှိုင်း၊
မှိုင်းဖြစ်စေတော့။

No comments:

Post a Comment

The comment given by you is my teacher and treasure.